Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Friday 23 November 2012

နျူကလိယ စက်ရုံတွင် တာဝန်ထမ်းဆောင်မည့် ဖူကူရှီးမား စက်ရုပ်

FIV | 05:11 | Best Blogger Tips

ဂျပန် တိုရှီဘာ ကုမ္မဏီက အသစ်ထုတ်လုပ်တဲ့ ခြေလေးချောင်း စက်ရုပ် ဖြစ် ပါတယ်။ရည်ရွယ်ချက်ကတော့ ဓာတ်ရောင်ခြည် သင့်နေတဲ့ ဖူကူရှီးမား (Fukushima) စက်ရုံအနီးဝန်းကျင်မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ဓာတ်ရောင်ခြည် လက်ရှိ ရှိမရှိ နဲ့ အခြားသော အော်ပရေးရှင်း များကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ စက်ရုပ်မှာ ကွန်ပျူတာ မှတ်ဥာဏ်လည်း ထည့်သွင်းထားပေးပြီး ကင်မရာများလည်းပါရှိပါတယ်။ ထိန်းချုပ်မှုကို လူက တစ်နေရာရာကနေ ပြုလုပ်လို့လည်း ရပါတယ်။ လမ်းလျှောက်နှုန်းကတော့ နှေးပါတယ်။ သို့ပေမယ့် ယင်းလမ်းလျှောက်နှုန်း ကသာ အသင့်လျော်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်မှာ သဘာဝဘေး အန္တရာယ် များကြောင့် နျူကလိယ စက်ရုံအားလုံးနီးပါး ပိတ်သိမ်း ရလောက်တဲ့ အထိ ယမန်နှစ်က ဆိုးရွားခဲ့ပါတယ်။ ယင်း အချိန် ကာလမှာ လူဝန်ထမ်းတွေကို အသုံးပြုသလို စက်ရုပ်တွေကိုလည်း များစွာ အသုံးပြုပါတယ်။ ဒီအတွက် ဂျပန်အခြေဆိုက် ကုမ္မဏီများစွာက စက်ရုပ် အမျိုးမျိုး တီထွင်ပြီး ဂျပန်အစိုးရထံ ရောင်းချပါတယ်။ ယင်းထဲမှာ Toshiba လည်းပါတယ်။ Toshiba ဆိုရင် မြန်မာပြည်မှာ အများစု သိထားတာက တီဗီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ ကွန်ပျူတာ အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ သို့ပေမယ့် အီလက် ထရောနစ်ခေါင်း စဉ်အောက်က အကြုံးဝင်တဲ့ ကုန်ပစ္စည်း အားလုံးနီးပါး ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်လွမ်းမိုးဖို့ ကြိုးစားနေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ Fujitsu Toshiba အမည်နဲ့လည်း စမတ်ဖုန်း လောကထဲ ဝင်ပြီး ကမ္ဘာ့ Brand များကို အမှီလိုက်လျက်ရှိပါတယ်။ လက်ရှိ ထုတ်လုပ်တဲ့ စက်ရုပ်ကို ဖူကူရှီးမား စက်ရုပ်လို့ အမည်ပေး ထားပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ဖော်ပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
>အပြည့်အစုံဖတ်ရန်>

Sunday 11 November 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၂.၁၁.၁၂) မှ (၁၈.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

FIV | 23:37 | Best Blogger Tips

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ ယခုအချိန်ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်ဖြစ် လာတတ်သည်။ မလုပ်ပါနှင့်၊ မအောင်မြင်သေးသောအချိန်ဖြစ်သည်။ ငွေဝင်မည်။ အကျိုးမရှိကုန် တတ်သည်။စာချုပ်စာတမ်း၊စာရင်းအင်းများသတိထားပါ။စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်း ရတတ်သည်။ ဆွေမျိုးသားချင်းအတွက်ပူပင်သောကဖြစ်ရတတ်သည်။ မိမိစိတ်တွင်ဖြစ်ချင်နေတာ တမျိုးလုပ်ကိုင်နေရတာတမျိုးဖြစ်နေတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ ကျန်းမာရေး။ ဗိုက်အောင့်ပြီးဆေးရုံဆေးခန်းသွားနေရတတ်သည်။ အချစ်ရေး။ မိမိအနားတွင်အားပေးပြုစုဖေါ်ကောင်းရှိနေသောကြောင့်ရောဂါတ၀တ်သက်သာနေသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၁ ၂ ၅ ၂) တနင်္လာသားသမီးများ၏ကံကြမ္မာ အလုပ်တွင်လက်အောက်ငယ်ထွက်ပြေးသွားသောကြောင့်စိတ်တိုသလိုဖြစ်နေခြင်း၊ အလုပ်များ မနိုင်မနင်းဖြစ်နေတတ်ခြင်းဖြစ်နေတတ်သည်။ လူမျိုးခြား၊ ဘာသာခြားကြောင့်စိတ်အနှောင့်အယှက်ဖြစ် ရတတ်သည်။ အလုပ်တွင်အထက်လူကြီးဆရာသမားကောင်းများနှင့်လုပ်ကိုင်နေရသောကြောင့် အစစ အရာရာအဆင်ပြေနေတတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်မည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများ ရပ်တန့်နေသည်။ ကျန်းမာရေး။ လက်မောင်းတဘက်ကိုက်ခဲနေတတ်သည်။ အချစ်ရေး။ အစစအရာရာအဆင်ပြေနေပါသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၂ ၃ ၆ ၃) အင်္ဂါသားသမီးများ၏ကံကြမ္မာ သင်တန်းတခုတက်ရခြင်း၊ ပညာသင်ရန်ပြင်ဆင်နေရတတ်ခြင်းများဖြစ်နေတတ်သည်။ မိတ်ဆွေဟောင်း များနှင့်ပြန်လည်ဆုံတွေ့ရတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ မိမိဖြစ်ချင်သလိုမဖြစ် ဘဲအဆင်ပြေသလိုလုပ်ကိုင်နေရတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများနေတတ်သည်။ အလုပ်လက် မဲ့ဖြစ်နေတတ်သည်။ စိတ်များလေနေတတ်သည်။ ဘယ်အလုပ်ဘဲလုပ်လုပ်စိတ်ပင်ပမ်းလူပင်ပမ်း ဖြစ်တတ်သည်။ သည်းခံပြီးလုပ်ပါ။ ကျန်းမာရေး။ အရေပြားတွင်အဖု့အပိန့်ထွက်ခြင်း၊ အညိုအမဲစွဲခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ လက်ရှိချစ်သူထက်အရင်ချစ်သူဟောင်းကိုသတိရလွမ်းနေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားစပျက်သီးဖျော်ရည်ကပ်လှုဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၃ ၄ ၇ ၄) ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ရေခြားမြေခြားပင်လယ်ခရီးကောင်းသွား ရတတ်သည်။ ပညာသင်ရခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာ ခြင်းဖြစ်တတ်သည်။ လုပ်ငန်းတွင်ဝင်ငွေကောင်းနေသည်။ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်နေ တတ်သည်။ လက်ဆောင်ပစ္စည်းများလည်းရနေတတ်သည်။ မျက်မှန်၊ ဆိုင်ကယ်၊ ဆိုင်ခန်းဝင်တတ် သည်။ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ သတိရှိပါ။ ကျန်းမာရေး။ သွေးတိုးနေတတ်သည်။ အစားအသောက်ဆင်ခြင်ပါ။ အချစ်ရေး။ အနေဝေးလို့သွေးအေးနေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အားလိမ္မော်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၄ ၅ ၈ ၅) ကြာသပတေးသားသမီးများ၏ကံကြမ္မာ ခရီးများဆက်တိုက်သွားနေရတတ်သည်။ အလှူအတန်းများလည်းဆက်တိုက်ပြုလုပ်နေရတတ်သည်။ စက် ပစ္စည်းများဝင်ခြင်း၊ အစားအစာများလက်ဆောင်ရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေဟောင်းများ နှင့်တွေ့ရတတ်သည်။ အလုပ်တွင်ပုံမှန်အတိုင်းဖြစ်နေသည်။ အဖွဲအစည်းနှင့်ပတ်သက်ပြီး မိမိကြိုးစားသလောက်မအောင်မြင်သေးဘဲဖြစ်နေသေးသည်။ လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်ရ တတ်သည်။ မိမိရစရာငွေများမရသောကြောင့်စိတ်ညစ်ရတတ်သည်။ ကျန်းမာရေး။ ဆီးချိုရောဂါကြောင့်ဆေးထိုးနေရတတ်သည်။ အချစ်ရေး။ အချစ်ရေးအတွက်မစဉ်းစားနိုင်အောင်ဖြစ်နေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၅ ၆ ၉ ၆) သောကြာသားသမီးများ၏ကံကြမ္မာ အလုပ်များပိနေတတ်သည်။ လူမူရေးများလည်းလုပ်ကိုင်နေရတတ်သည်။ စက်ပစ္စည်း တီဗွီဝင်ခြင်း၊ ရွှေဝင်ခြင်း၊ လျှပ်စက်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ငွေများဝင်သည်။ ကူညီမှုများလည်းလုပ်နေရတတ် သည်။ မိမိနှင့်ရင်နှီးသောမိတ်ဆွေသစ္စာမရှိမှုကြောင့် မိမိအလုပ်တွင်မမျှောင့်လင့်သောဆုံးရှုံးမှုများဖြစ်တတ် သည်။ လက်အောက်ငယ်သားထွက်ပြေးတတ်သည်။ မိမိလုပ်ကိုင်နေသောအလုပ်များတိုးတက်သော် လည်း စိတ်ရှုပ်စရာများဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။ ကျန်းမာရေး။ သွေးပေါင်ကျနေတတ်ခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ ချစ်သူ / အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေသောကြောင့်စိုးရိမ်စိတ်များဖြစ်နေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၆ ၇ ၀ ၇) စနေသားသမီးများ၏ကံကြမ္မာ အလုပ်တွင်ဝင်ငွေကောင်းနေသည်။ သို့သော်ငွေများမမြဲဘဲဖြစ်နေသည်။ စိတ်များလေနေသည်။ မိမိအလုပ်တွင်စိတ်မ၀င်စားဘဲအလောင်းအစားဖက်စိတ်ရောက်နေတတ်သည်။ ရသမျှငွေများကုန်နေတတ် သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများရပ်တန့်နေသေးသည်။ ပြည်တွင်းခရီးသွားရတတ်သည်။ ပြည်ပခရီး အားနည်းနေသေးသည်။ အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရ တတ်သည်။ မိမိအလုပ်ကိုဂရုတစိုက်လုပ်ပါအောင်မြင်ပါလိမ့်မည်။ ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးမျက်စိဆေးခန်းသွားရတတ်သည်။ အချစ်ရေး။ မိမိကဖွင့်မပြောရဲဘဲဖြစ်နေတတ်သည်။ ရဲရဲသာဖွင့်ပြောလိုက်ပါ၊ ချစ်သူရည်းစားရကိန်းရှိသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဒိန်ချဉ်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၈ ၉ ၁ ၉ ) *ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ* ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်) ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း ကလန်းကားဂိတ် နှင့် Mydin Supermarketအနီး ဖုန်း+ 016 6903 513 ,+018 2250 510 E-mail:swezinwati@gmail.com
>အပြည့်အစုံဖတ်ရန်>

Saturday 10 November 2012

နဖူးမှာပေါက်သော ဝက်ခြံ

FIV | 07:06 | Best Blogger Tips

နဖူးမှာပေါက်တဲ့ ဝက်ခြံ ဆိုတာ မျက်ခုံးနှစ်ခုကြားနဲ့ နှာခေါင်း ထိပ်ပိုင်း စုံတဲ့နေရာကို မျက်နှာရဲ့ T-zone လို့ခေါ်ပါတယ်။ နဖူးမှာပေါက်တဲ့ ဝက်ခြံတွေက အဲလိုနေရာမျိုးတွေမှာ အများဆုံး ပေါက်တတ်ကြပါတယ်။ အဆီပြန်တဲ့ အရေပြားပိုင်ရှင်နဲ့ ပေါင်းစပ်အရေပြား ပိုင်ရှင်တွေမှာ ပိုပြီး ပေါက်တတ်ကြပါတယ်။ နဖူးပြင်ပေါ်က ဆံပင်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ ဝက်ခြံတွေကို တွေ့ရတတ်ပြီး အရေပြား နီရဲကာ ရောင်ရမ်းနေတတ်ပါတယ်။ ဝက်ခြံပေါက်တဲ့ အချိန် ပုံမှန်အိမ်မှာ ပြုလုပ်နေကျ ကုထုံးတွေနဲ့ ကုသနေရင်း ခြောက်ပတ်လောက် ကြာတာတောင် မသက်သာသေးဘူးဆိုရင် အရေပြား အထူးကုနဲ့ တိုင်ပင်သင့်ပြီး လိုအပ်ရင် ဆေးဝါးနဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။ နဖူးမှာ ဝက်ခြံပေါက်တတ်သော တခြားအကြောင်းရင်း အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ တချို့ကြောင့် နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ ဆီပါဝင်တဲ့ အလှကုန်ပစ္စည်း အသုံးပြုတဲ့သူတွေနဲ့ ဆံပင်လိမ်းဆေး တချို့ကြောင့် ပေါက်တတ်ပါတယ်။ တခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။ အလွန်အမင်း သန့်စင်ခြင်း အရေပြားကို ကြေးချွတ်သန့်စင်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခဏ၊ ခဏ ပြုလုပ်တာတွေကြောင့်တော့ ဆန့်ကျင်ဘက် အာနိသင် ဖြစ်သွား တတ်ပါတယ်။ အရေပြားကို အလွန်အမင်း သန့်စင်လိုက်တာကြောင့် အဆီဂလင်းတွေထဲကို ဘက်တီးရီးယားတွေ ရောက်ရှိသွားပြီး ကြာရင် ဝက်ခြံဖြစ်စေတတ်တယ်လို့ Los Angeles မှ အရေပြား ပညာရှင်တွေက ဆိုပါတယ်။ ဆံပင်လိမ်းပစ္စည်းများ ဆံပင်လိမ်းတဲ့ စပရေး၊ ဂျယ်လ်နဲ့ တခြားဆံပင်လိမ်းတဲ့ ပစ္စည်းတွေကြောင့် သင့်နဖူးနေရာနားမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဆံပင်လိမ်းတဲ့ ပစ္စည်းမှာ ပါဝင်တဲ့ ကမ်မီကယ်တွေ ဦးရေပြားပေါ် ထိတွေ့ရာကနေ ဝက်ခြံတွေ ပေါက်လာရတာမျိုး ဖြစ်ပါတယ်။ ဦးထုပ်နှင့် လုပ်ငန်းခွင်သုံး ဦးထုပ် လုပ်ငန်းခွင်ထဲမှာ ဦးခေါင်းကို ကာကွယ်ဖို့အတွက် အမြဲတမ်းဝတ်ဆင်ရတဲ့ Helmets တွေနဲ့ ဦးထုပ်ကို အမြဲဝတ်ဆင်တတ်သူတွေမှာ နဖူးနဲ့ ဦးထုပ်ကြားကချွေးနဲ့ ပြင်ပက အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။ အိပ်စက်မှု အလေ့အထ အိပ်စက်ချိန်မှာ သင်က ဘေးတစ်ဖက်တည်းကို စောင်းပြီး အိပ်တတ်သူဆိုရင် ခေါင်းအုံးနဲ့ သင့်နဖူးပြင်နဲ့က ထိတွေ့မှုဟာ အချိန်ကြာတတ်ပါတယ်။ သင့်ခေါင်းအုံးဟာ သန့်ရှင်းမှု မရှိရင်ဘဲဖြစ်စေ၊ ရောဂါပိုးဝင်ရင်ပဲ ဖြစ်စေ စောင်းအိပ်တဲ့ နဖူးပြင်နေရာနားမှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်တည်းစောင်းပြီး အိပ်တတ်သူတွေဟာ ပက်လက်ပြန်ပြောင်း အိပ်ကြည့်ပါ။ သန့်စင်တဲ့ ခေါင်းအုံးကို အသုံးပြုပါ။ မိတ်ကပ်လိမ်းထားပြီး အိပ်စက်ခြင်း မိတ်ကပ်လိမ်းထားချိန်ဟာ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ ညအိပ်ရာဝင်တော့မယ် ဆိုရင်တော့ သင်လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာဝင်ခါနီး မိတ်ကပ်မဖျက်တာကြောင့် မျက်နှာမှာ ပြင်ပက ဖုန်မှုန့်တွေ၊ မိတ်ကပ်မှာပါဝင်တဲ့ ဆီတွေနဲ့ ချွေးတွေပေါင်းကာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး နဖူးပြင်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဖော်ပြပါ အလေ့အထတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ နဖူးမှာပေါက်တဲ့ ဝက်ခြံကို သက်သာသွားနိုင်ပါတယ်။
>အပြည့်အစုံဖတ်ရန်>

ကြက်သွန်နီသည် သွေးခဲမှု မဖြစ်အောင် လုပ်ဆောင် ပေးသည် ဟုဆို

FIV | 07:02 | Best Blogger Tips

ကြက်သွန်နီသည် သွေးခဲစေမှု မဖြစ်အောင် ကာကွယ်ပေး သောကြောင့် အစားအစာ များတွင် ပုံမှန် ထည့်သွင်း အသုံးပြုသင့်ကြောင်း ကျန်းမာရေး ဆရာဝန်တစ်ဦးကပြောသည်။ ယင်းအတွက်ကြောင့် ပုံမှန် စားသုံးသင့်ကြောင်း၊ ဆိုဒီယမ်သတ္တု ဓာတ်ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် ရှိ ဆဲလ်များနှင့် အင်ဆူလင် တုံ့ပြန် နိုင်စွမ်းအား ကို ကောင်းမွန်စေတာ ကြောင့် သကြားဓာတ်ကို ထိန်းပေး နိုင်ပြီး နှလုံးရောဂါအားလျှော့ချပေး နိုင်ကြောင်းသိရှိရသည်။ မျိုးဆက်ပွားအင်္ဂါကို သန် စွမ်းစေကြောင်း၊ ဆီးလမ်းကြောင်း ဝေဒနာများ၊ ဝမ်းကိုက်ခြင်းများကို ကုသရာတွင်အထူး ကောင်းမွန် သည့်သဘာဝဆေးတစ်ခုဖြစ် ကြောင်း သိရှိရသည်။ ထို့အပြင် ကွာစီတင်ဟုခေါ် သည့် အပင်ထွက်ဖလေဗိုးနျွိက် ပါ ဝင်သောကြောင့် ကိုယ်ခံစွမ်းအား ကိုမြှင့်ပေးပြီး ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ကြောင်းလည်းသိရှိရ သည်။
>အပြည့်အစုံဖတ်ရန်>

Thursday 8 November 2012

ရှားစောင်းလက်ပက် နှင့် လူ့ကျန်းမာရေး

FIV | 13:42 | Best Blogger Tips



ရှားစောင်းလက်ပက်ဟာ အရေအပြား ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။

သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အရေအပြားမှာ ရှိတဲ့ ဆဲလ်တွေ ကို အောက်စီဂျင်ဓာတ် ပေးစွမ်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပေးစွမ်း ခြင်းဖြင့် တစ်ရှုးများကို အလိုလို ပြုပြင် သန်မာစေပါတယ်။ ဒီတော့ အရေအပြား အတွက် 
သူ့ရဲ့ ကောင်းကျိုးများက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
...

မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်ဆီးသော အရည်အပြား၊ ထိခိုက်ရှနာမှ ကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူ နှင့် အခြား အရေအပြားရောဂါတွေကို ရှားစောင်းလက်ပက် အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

မျက်နှာကို လိမ်းပေးခြင်း၊ ကပ်ပေးခြင်းကလည်း မျက်နှာ အသား အရေ ပြုပြင်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိမ့် များ ပျောက် ကင်းပြီး အသားအရေ နူးညံ့ချောမွေ့ စေပါတယ်။ ဒါကြောင့် အလှကုန် ပစ္စည်းအချို့ နဲ့ ကိုယ့်သန့်စင်ဆေးရေ၊ ဆပ်ပြာတို့မှာ ရှားစောင်း လက်ပက် များ ထည့်သုံးခြင်း ဖြစ်ပါတယ်။

ယင်းကတော့ အပြင်က အသားအရေကို ကောင်းကျိုးပြုခြင်းမျှသာ ဖြစ်ပါတယ်။ အမှန်တော့ ရှားစောင်းလက်ပက်က ကိုယ်တွင်း ကျန်းမာရေးအတွက်လည်း အကျိုးထူးတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ နှလုံး၊ အဆုပ်၊ အသည်း နှင့် သက်ဆိုင်သော ရောဂါတော်တော်များများကို ပျောက်ကင်းစေပါတယ်။ အရက်နာ ကျသူများလည်း ရှားစောင်းလက်ပက် အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်း ကျန်းမာရေးကို ပြန်လည် ကောင်းမွန်စေတယ်လို့ သိရပါတယ်။

ကင်ဆာရောဂါအတွက် ဆေးဝါးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆေးတွေမှာ လည်း ရှားစောင်းကို အသုံးပြုပါတယ်။ အဓိကကတော့ ကိုယ်တွင်းမှာ အပူ ကြောင့် ဖြစ်တဲ့ ရောဂါမှန်သမျှကို ကုသပေးခြင်း ဖြစ်ပါတယ်။ သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အတွက် သွား တိုက်ဆေး တွေမှာလည်း တွေ့ရတတ်ပါသေးတယ်။

သူ အကျိုးမပြုတဲ့ နေရာက မရှိသလောက်ကို လူသားကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုပါတယ်။ ဒါကြောင့်လည်း ရှားစောင်းလက်ပက် အချိုရေ၊ ယို၊ ဆေး၊ ကိုယ်သန့်စင် ဆေး၊ ဆပ်ပြာ အစရှိသဖြင့် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။
 
From: innewsmyanmar
>အပြည့်အစုံဖတ်ရန်>

လူများသမ်းဝေသည်ကို အတုခိုး၍ ခွေးများလည်း သမ်းဝေကြသည်ဟု သုတေသီများဆို Share

FIV | 01:34 | Best Blogger Tips



 ဆွီဒင်သုတေသီများက ခွေးများသည် သက်တမ်းခုနစ်လ ကျော်လာသောအခါ ၎င်းတို့အနီးဝန်းကျင်ရှိ လူအများသမ်းဝေခြင်းကို လိုက်လံအတုခိုးတတ်ကြကြောင်း ၎င်းတို့ယူဆသည်ဟုဆိုသည်။ ဆွီဒင်နိုင်ငံ လန်းတက္ကသိုလ်မှ သုတေသီများက လူနှင့်ခွေးများတွင် ကြာမြင့်စွာသမ်းဝေတတ်ခြင်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည်ဟု အဆိုပါတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြကြသည်။ အဆိုပါသုတေသီများက သမ်းဝေတတ်ခြင်းသည် အတုခိုး၍ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ဆိုကြသည်။ ၎င်းတို့ ယခင်ကပြုလုပ်သည့် သုတေသနများအရလည်း လူများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်များနှင့် ခွေးများသည် အတုခိုးတတ်ကြကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါသုတေသီများသည် အသက်လေးလမှ ၁၄လအတွင်းရှိသည့် ခွေး၃၅ကောင်ကို သုတေသနပြုရာတွင် လူများသည် ၎င်းတို့ရှေ့တွင် ကြိမ်ဖန်တလဲလဲ သမ်းဝေပြပါက အသက်အရွယ် ခုနစ်လထက်ကျော်သော ခွေးများသည်လည်း အတုခိုး၍သမ်းဝေကြကြောင်း တွေ့ရှိရသည်ဟု သိရသည်။
>အပြည့်အစုံဖတ်ရန်>

ညပိုင်း အလုပ်လုပ်ရသူများ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်မား

FIV | 01:31 | Best Blogger Tips

 ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားကြောင်း ကူးစက်မှုရောဂါဆိုင်ရာ အမေရိကန်ဂျာနယ်မှ လေ့လာမှုအသစ်အရ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုက
ညပိုင်းအလုပ်လုပ်ရတဲ့ အမျိုးသားတွေနဲ့ ဆီးကျိတ်၊ အူမကြီး၊အဆုတ်၊ ဆီးအိမ်၊ စအိုနဲ့ မုန့်ချိုအိတ်ကင်ဆာနဲ့ လင်ဖိုမားကျူမာ ဆက်စပ်မှုအကြောင်း ကမ္ဘာ့ပထမဆုံးလေ့လာမှုလို့ သိရပါတယ်။ညဘက်မှာ မီးရောင်ကို ထိတွေ့နေရတာကြောင့်  အိပ်စက်မှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်း မယ်လတိုနင်ထုတ်လုပ်မှု လျော့နည်းသွားကာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မယ့်  ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်စေတာကြောင့်လို့ သိရပါတယ်။ မယ်လတိုနင် ဟော်မုန်းဟာ ညလယ်ပိုင်း မီးရောင်မရှိတဲ့အချိန်မှာ ထွက်ပေါ်လာတတ်ပြီး ဟော်မုန်းလုပ်ငန်းဆောင်တာနဲ့ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ကဏ္ဍမှ ပါဝင်ကြောင်း သိရပါတယ်။
>အပြည့်အစုံဖတ်ရန်>

အပျော်အပါး ကြိုက်တဲ့ ယောက်ျားလေးများအတွက် Siri

FIV | 01:10 | Best Blogger Tips

တရုတ်နိုင်ငံမှာ အပျော်အပါး ကြိုက်တဲ့ ယောက်ျားလေးများအတွက် သွားလေ့သွားထရှိသော နေရာများကို အစိုးရမှ တရားမ၀င်အောင် တားဆီး ပိတ်ပင်ထားသော်လည်း Apple ရဲ့ iDevice တွေနှင့်အတူ ပါဝင်လာတဲ့ Siriလို့ ခေါ်တဲ့ အသံဖြင့် စေခိုင်းနိုင်တဲ့ ရှာဖွေ လမ်းညွှန်ပေးတဲ့ Voice Assistant, Software လေးကတော့ ထိုသို့ ပိတ်ပင်တားဆီးထားသော နေရာများဆီသို့ အရောက်ပို့နိုင်ခဲ့သည်ဟု ဆိုပါတယ်။
iPhone, iPad, iPod Touch သုံးသူများ တရုတ်စကားပြောပြီး စေခိုင်းနိုင်သည့် အချိန်မှစ၍ Siri Software ရဲ့ အကူအညီဖြင့် တရုတ်ပြည်၌ ညဘက်သွားရောက် ပျော်ပါးဖို့ နေရာများကို မေးမြန်းသည့်အခါ စာသောက်ဆိုင်များကို ရှာဖွေပေးသည့် အဖြေထက်၊ အပျော်အပါး လုပ်ရန် သွားရောက်ဖို့ နေရာများကို သွားရောက်ဖို့ပေးသည့် အဖြေက ပိုမို တိကျသည်ဟု တရုတ်နိုင်ငံမှ Apple ပစ္စည်းအသုံးပြုသူများက ဆိုပါတယ်။
အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုမှ ရသည့် Software ဖြစ်သည့်အတွက်ကြောင့် Apple မှ ထို Software မှ ဖြေကြားသည်များကို လိုသလို အင်တာနက်ပေါ်မှတစ်ဆင့် ပြင်ဆင်လို့ ရပါတယ်။ ထို့ကြောင့်လည်း Apple မှ တရုတ်နိုင်ငံ၌ ၄င်းကိုယ်ပိုင် Software ၏ တရုတ်အစိုးရ ပိတ်ပင်ထားသည့် နေရာများကို လမ်းညွှန်ဖြေကြား ပေးနေသည်များကို ရပ်တန့်ပြီး ယခုအခါ ပြန်လည် ဖြေကြားရာမှာတော့ "သင့် မေးခွန်း တစ်ခုခု မှားနေပါသည်။" "ဤနေရာ မကြားဖူးပါ"ဟူသော အဖြေများဖြင့် Siri Softwareကို ပြောင်းလဲ ဖြေဆိုခိုင်းနေသည်ဟု သိရပါသည်။

ဤသို့ ဖြစ်ပွားခြင်းမှာ Apple Inc. အတွက် ပထမဆုံးအကြိမ် မဟုတ်ကြောင်း — အမေရိကန်နိုင်ငံမှာ မီးမဖွားခင် ကလေးဖြတ်ချဖို့ မေးမြန်းရာမှာ Siriက ဆေးခန်းကို လမ်းမညွှန်ပဲ ကိုယ်ဝန်ဆောင် မိခင်များအတွက် အကြံဥာဏ်ပေးသည့် ဌာနသို့ ပြောင်းလဲ ညွှန်ပြ ပေးသည့်အတွက်ကြောင့် ကလေးဖြတ်ချမှုကို အားပေးသည့် အဖွဲ့အစည်းများ၏ စွပ်စွဲမှုကို ခံခဲ့ရဖူးကြောင်းနှင့် iDevice အသုံးပြုသူများမှ ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံး Mobile ဖုန်းဟာ ဘာလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ Nokia ဖုန်း ၀က်ဘ်ဆိုဒ်ကို ညွှန်ပြပေးဖူးတဲ့အတွက်ကြောင့် — ယခု နောက်ဆုံး တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လို အင်တာနက်ပေါ်မှ တစ်ဆင့် ဖြေကြားမှုများကို ပြောင်းလဲ ပြင်ဆင်ခဲ့သည်များ ရှိခဲ့ဖူးကြောင်း သိရပါသည်။
 
From; MyanmarICT
>အပြည့်အစုံဖတ်ရန်>

Monday 5 November 2012

အသီးအရွက် များကိုသာ စားသုံး နေရကြောင်း ထုတ်ဖော်ပြောကြား လာသည့် လီဒါဟေး (ချိုဝမ်)

FIV | 03:35 | Best Blogger Tips

မြန်မာ ပရိသတ် အချစ်တော် ကိုရီးယား မင်းသမီး ချောလေး လီဒါဟေး (ချိုဝမ်)သည် အသီးအရွက် များကိုသာ စားသုံး နေရကြောင်း သူမ၏ တွစ်တာ ဝက်ဘ် ဆိုက်တွင် ပြောကြား ခဲ့သည်။
လီဒါဟေး ယခုလို အသီးအရွက် များကိုသာ စားသုံးနေရ သည့်အကြောင်း အရင်းမှာ သူမ၏ ခန္ဓာ ကိုယ် ဖောရောင်ခြင်း ရောဂါပိုမို ဆိုးရွား လာခြင်းကြောင့် ဖြစ်ကြောင်း၊ အဆိုပါ ရောဂါမှာ အသားများ စားသုံးလျှင် ပိုမို ဆိုးရွားလာနိုင်သည့် အတွက် လီသည် ဝက်သား၊ အမဲသား၊ကြက်သား အစရှိသော အသားများကို မစား သုံး တော့ကြောင်း တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသား ထားသည်။
လီဒါဟေးကို ''နေကောင်းအောင် ကြိုးစား အားတင်း ထားပါ''ဟု ပရိသတ် များက သူမ၏ ဝက်ဘ် ဆိုက် တွင် ပြန်လည် ရေးသား ထားကြောင်း သိရသည်။
>အပြည့်အစုံဖတ်ရန်>

တေလာ ဆွစ်ဖ်၏ ရင်တွင်း ဝေဒနာကို ဖော်ပြ ထားသည့် Forever and Always တေးသီချင်း

FIV | 03:30 | Best Blogger Tips

တေလာဆွစ်ဖ်(Taylor Swift)သည် သူမ ကိုယ်တိုင် ရေးဖွဲ့ သီဆို ထားသော Forever and Always  တေးသီချင်းတွင် ချစ်သူဟောင်း ဖြစ်သူ ဂျိုဂျိုး နက်စ်နှင့် သက်ဆိုင်သည့် တေလာ၏ ရင်တွင်း ဝေဒနာ များကို နားဆင် နိုင်ကြောင်း သိရသည်။
တေလာနှင့် ဂျိုဂျိုး နက်စ်တို့ နှစ်ဦးသည် ၂ဝဝ၈ ခုနှစ် နွေရာသီက ချစ်ကြိုက် ခဲ့ပြီး တေလာ သည် ဂျို၏ လှည့်ဖျား မှုကို ခံရပြီးနောက် ၎င်းတို့ နှစ်ဦး လမ်းခွဲ ခဲ့သည်။ တေလာက မိမိ၏ ဘဝ နှင့် ရင်တွင်း ခံစားချက် များကို မိမိတေး သီချင်းများတွင် ထည့်သွင်း ရေးသား သီဆို လေ့ရှိ ကြောင်း၊ Forever and Always တေးသီချင်းတွင် ဂျိုနှင့် မိမိတို့ နှစ်ဦး၏  အချစ်ရေး အဆုံး သတ် သွားပုံနှင့် အံ့သြ လောက်သည့် လှည့်စားခံ ရမှုများကို ရေးဖွဲ့ ခဲ့ကြောင်း ရုပ်သံ အစီ အစဉ် တစ်ခုတွင် ပြောကြား ထားသည်။

Monday, 05 November 2012 
>အပြည့်အစုံဖတ်ရန်>

Shwebook v2.0 for Android

FIV | 03:00 | Best Blogger Tips


Shawebook ဆော့ဝဲ version အသစ် 2.0 ထွက်ရှိလာပါပြီ ။ Android ဖုန်းနဲ့Tablet တွေအတွက်အသစ်ထွက်ရှိလာတဲ့ အင်္ဂလိပ်-မြန်မာ ၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်လေးဖြစ်ပါတယ်။ မိမိသိချင်တဲ့ စကားလုံးကို မြန်မာလိုရော အင်္ဂလိပ်လိုရော အဓိပ္ပါယ်ဖွင့်ဆိုရှာဖွေနိုင်ပါတယ်။ ရှိထားသင့်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆော့ဝဲလေးဖြစ်ပါတယ်။ ဒီ Shwebook Android Application လေးနဲ့ပတ်သက်ပြီး ဝေဖန်အကြံပေးချင်ရင် support@shwebook.comThis email address is being protected from spambots. You need JavaScript enabled to view it. ကိုမေးလ်ပို့ပြီးအကြံပြုနိုင်တယ်လို့ဆိုပါတယ်။
Shwebook app ကိုရေးသားတဲ့ Developer တွေရဲ့ Site ဖြစ်တဲ့ www.shwebook.com မှာလည်း ဒီဆော့ဝဲလေးအကြောင်းအသေးစိတ် လေ့လာနိုင်ပါတယ်။ ဒီဗားရှင်းမှာတော့ app ကိုစအဖွင့်မှာ System Crash ဖြစ်တဲ့ error တစ်ချို့ကိုပြန်လည်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

***How to Download (ဘယ်လို download ရယူရမလဲ)***
=================================

* ဒီ application လေးကို download လုပ်ဖို့ ဖုန်းထဲမှာ မြန်မာ Mobile App for Android ကိုသွင်းထားရပါမယ်။

* မြန်မာ Mobile App Market မရှိသေးသူများ အောက်က link မှာအရင်ရယူပါ။
=> http://www.myanmarmobileapp.com/market <=

* ပြီးလျှင်ဖုန်းထဲမှာ မြန်မာ Mobile App Market for Android ကို install လုပ်ပါ။

* ပြီးလျှင် မြန်မာ Mobile App Market ထဲသို့ဝင်ပါ။ မြန်မာ Mobile App Market application ရဲ့ App ကဏ္ဍ အောက် Mobile Dictionary ကဏ္ဍထဲမှာ အခုတင်ပေးထားတဲ့ဆော့ဝဲလေးကို
ဝင်ရောက် download ရယူနိုင်ပါတယ်။
 
မူရင်း။ Myanmarmobileapp
>အပြည့်အစုံဖတ်ရန်>

Sunday 4 November 2012

မြန်မာ e-Books များ

FIV | 21:21 | Best Blogger Tips

မြန်မာပြည်က စာရေးစရာတွေရဲ့ မြန်မာ e-Books တွေပါ။ ကျွန်တော် တင်ထားတာ မဟုတ်ပါဘူး။ စုဆောင်းပေးထားတာပဲဖြစ်ပါတယ်၊ မူပိုင်ခွင့်ကိုနားလည်ပါတယ်။ သို့သော် နိုင်ငံရပ်ခြားရောက် မြန်မာတွေ အတွက်ရယ် … အတွက်ရယ် ဆိုတာတွေလဲ နားလည်ပေးနိုင်မယ် ထင်ပါတယ်။
အောင်ခန့်  အနာဂတ်မျက်လုံးရှင်

အောင်းခန့် ကာလီဒေ၀ီ
အောင်ခန့် လက်သုံးတော်ဓား
အောင်ခန့် နေမင်း၏သားတော်
အကြည်တော် အာဒမ်၏ ဆာတေး
အကြည်တော် အောင်မြေ
အကြည်တော် ရီတန်းအော့ဖ်ဘီလူး
အကြည်တော် အသည်းကွဲ ၂၄ နာရီ
အကြည်တော် အိမ်မက်အပိုဒ်ခွဲ ၉
စွယ်စုံလက်ဆောင် (အကြည်တော်)
မိုးတိမ်ပုံပြင် (အကြည်တော်)
ဘီလူး (အကြည်တော်)
(အကြည်တော်)
အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
ပိုးကောင်များ (အကြည်တော်)
တောသားကြီး (အကြည်တော်)
သံသရာအကွေ့တစ်ရာ (အကြည်တော်)
သဲလှည်း (အကြည်တော်)
အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
ဒဂုန်ရွှေမျှား  ကမ္ဘာကိုကိုင်လှုပ်သူ
ဆရာဇော်ဂျီ ဗေဒါလမ်း
ချစ်ကြွေးမပြေ
ချစ်သုံးလီ
ချစ်ဦးညို ချစ်သူမင်နန်ဒါ
ချစ်ဦးညို ရှင်စောပု
ချစ်ဦးညို ရာဇ
ဒဂုန်ရွှေမျှား အီဂျစ်ဘုရင်မာယာရှင်
ဒဂုန်ရွှေမျှား ကဗလာနီအောက်ဝယ်
ဒဂုန်ရွှေမျှား ကျွန်းမင်းသာ
ဒဂုန်ရွှေမျှား လူသစ်ပင်
ဒဂုန်ရွှေမျှား ငယ်ကချစ်
ဒဂုန်ရွှေမျှား စိတ်နှင့် …
ဒဂုန်ရွှေမျှား စောရသက်ပြင်း
ဒဂုန်ရွှေမျှား ရော်ဘင်ဆင်ကရူဆို
ဒဂုန်တာယာ သုံးနှစ်သုံးမိုး
ဒဂုန်တာယာ ခရမ်းနုရောင်
ဒဂုန်တာယာ စိမ်မြညတစ်ည
ဒဂုန်တာယာ လရောင်ရွန်းမြသော
ဒဂုန်တာယာ မြိုင်

နီကိုရဲ အိုလေး
နီကိုရဲ သံစုံကြူတဲ့ည
နီကိုရဲ ကျွန်တော်နဲ့လက်တွဲဖော်များ
နီကိုရဲ ဇွတ်
နီကိုရဲ ကျွန်တော်နဲ့ဈေးသည်အလွဲးများ
နီကိုရဲ လွယ်အိပ်ထဲးကအလွယ်များ
နီကိုရဲ ပန်းပွင်းကိုဖယ်ကြည့်မှမြင်ရမယ့်လမင်း


အခုအောက်က အီဘွတ်တွေကတော့ www.shweone.wordpress.com က အီးဘွတ်တွေပါ။
ကျွန်တော်ဆိုဒ်မှာပြန်လည်းဝေမျှလိုက်ပါတယ်။
Right Click နှိပ်ပြီး Save လုပ်ပြီးဖွင့်ပါ။ ပိုမိုမြန်ဆန် လွယ်ကူပါသည်။
  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
  10. မဟာသေနာပတိ (ချစ်ဦးညို)
  11. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  12. တွေးသူများ (ကိုတာ)
  13. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  14. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  16. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  17. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  19. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  21. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  22. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)
  23. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  24. ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  25. ရှက်ပြုံး (ချစ်စံဝင်း)
  26. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  27. ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
  28. တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
  29. တော (လင်းဝေမြိုင်)
  30. မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)
  31. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
  32. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
  33. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
  34. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
  35. သူတို.အမြင်သူတို.အတွေး (ပါရဂူ)
  36. ကလေးပြဿနာ (ပါရဂူ)
  37. သူ.လိုဘုရင် (ပါရဂူ)
  38. လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
  39. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
  40. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  41. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  42. ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
  43. တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
  44. ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
  45. ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
  46. အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
  47. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
  48. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
  49. အချစ် လက္ခဏာ (စံ-ဇာဏီဘို)
  50. အချစ် ဗေဒင် (စံ-ဇာဏီဘို)
  51. မီးပြတိုက် (ဆောင်းဝင်းလတ်)
  52. နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
  53. ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
  54. အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
  55. အဖော် (ရှား)
  56. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
  57. မြတ်သက်မော် (ရွှေဥဒေါင်း)
  58. ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
  59. ရတနာပုံ (ရွှေဥဒေါင်း)
  60. ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
  61. အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
  62. ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
  63. လူညာကြီး (ဆွေဆွေအောင်)
  64. လွယ်အိပ်ကလေး (ဆွေဆွေအောင်)
  65. အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
  66. မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
  67. ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
  68. ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
  69. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
  70. ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
  71. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
  72. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
  73. ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
  74. ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
  75. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
  76. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
  77. ချစ်သုံးလီ (သန်းဆွေ)
  78. ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
  79. ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
  80. ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
  81. အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
  82. မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
  83. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
  84. သုခ မှတ်စု
  85. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  86. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  87. အာဇာနည် (ဦးနု)
  88. တာတေ စနေသား (ဦးနု)
  89. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
  90. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
  91. HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
  92. ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
  93. ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
  94. ယောနသံ ဇင်ယော် (ဦးဘသန်း)
  95. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
  96. ကိုဒေါင်း (မောင်ထင်)
  97. ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
  98. သွေး (ဂျာနယ်ကျော် မမလေး) ***
  99. ဂျုလိယက်ဆီဆာ (မန်းတင်)
  100. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
  101. ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
  102. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
  103. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
  104. အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
  105. ရတနာ လိုဏ်ဂူ (နတ်နွယ်)
  106. အတွေးအမြင်စာစဉ်
  107. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
  108. ဗေဒါလမ်း (ဇော်ဂျီ)
  109. ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
  110. မြိုင် (ဒဂုန်တာရာ)
  111. စက်ဝိုင်း (မစန္ဒာ)
  112. ငယ်သူမို.မသိပါ (မစန္ဒာ)
  113. ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
  114. ဂျီဟောသူ (မစန္ဒာ)
  115. အရိပ် (မစန္ဒာ)
  116. ၀တ္တုတိုများ ၆ (မစန္ဒာ)
  117. ပုစ္ဆာ (မစန္ဒာ)
  118. မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
  119. ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
  120. ကိုဒေါင်း (မောင်ထင်)
  121. မြန်မာ၁၂လအကြောင်း (မောင်ထင်)
  122. ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
  123. ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
  124. ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
  125. သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
  126. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
  127. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
  128. တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
  129. မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
  130. ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
  131. ပေတလူ (မင်းသိင်္ခ)
  132. ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
  133. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
  134. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
  135. မ” တတ်ပါ့“ (မင်းသိင်္ခ)
  136. မအောင်ရင် (မင်းသိင်္ခ)
  137. မနောမယကိုပီတာ (မင်းသိင်္ခ)
  138. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
  139. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
  140. အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
  141. နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
  142. ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
  143. ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
  144. တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
  145. လှည့်စား (နီကိုရဲ)
  146. သံစုံကြူးတဲ့ည (နီကိုရဲ)
  147. လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
  148. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
  149. ဇွတ် (နီကိုရဲ)
  150. ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
  151. ရေပွက်ပမာ (မြသန်းတင့်)
  152. ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
  153. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
  154. လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
  155. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
  156. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
  157. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
  158. မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
  159. အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
  160. ဖူးစာရှင် (မင်းလူ)
  161. အမှတ်တရ (ဂျူး)
  162. ချစ်သူ၏သမီး(ဂျူး)
  163. ရေမျောသီး(ဂျူး)
  164. လေထဲမှာပျံဝဲသူများ(ဂျူး)
  165. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  166. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
  167. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
  168. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)
  169. လရောင်ကိုကြောက်သူ(ဂျူး)
  170. ချစ်ခြင်း၏အနုပညာ(ဂျူး)
  171. မိန်းမနှစ်ယောက်(ဂျူး)
  172. မြရဲ့လ(ဂျူး)
  173. အက်ဆစ်တစ်ခွက်(ဂျူး)
  174. ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်(ဂျူး)
  175. ကျွန်မနဲ့ဆေးလိပ်(ဂျူး)
  176. ဆရာဝန်နှစ်ယောက်(ဂျူး)
  177. ကြယ်ကြွေတို့ရဲ့အတောင်ပံ(ဂျူး)
  178. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  179. လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း (ချစ်ဦးညို)
  180. ရှက်စိတ် (လူထုစိန်ဝင်း)
  181. အဖြူ (ဂျာနယ်ကျော် မမလေး)
  182. အတောင်ပံတွေရှိခဲ့ရင် (လွန်ထားထား)
  183. ရှူး (တာရာမင်းဝေ)
  184. ပင်လယ်နှင့်တူသောမိန်းမများ (ဂျူး)
  185. အပြင်ကလူ (ကြည်အေး)
  186. နွမ်းလျအိမ်ပြန် (ကြည်အေး)
  187. ကံကိုပြင်လိုက်ပါ (ရဝေနွယ်-အင်းမ)
  188. အပျိုစင်တို့သိဖို့ယောင်္ကျားတို့အကြောင်း (ကံချွန်)
  189. သစ်ရွက်တို့၏ပေါ့ဆခြင်းများ (ဝေမှူးသွင်)
  190. စက္ကူပန်းတွေရဲ့သီချင်း (ဝေမှူးသွင်)
  191. နဂါးနိုင်ဓါး
  192. စိုမှာစိုးလို့မိုးမိတယ် (မင်းခိုက်စိုးစန်)
  193. ခေတ်သစ်တစ်ခု၏အစ၊ အဓိပ္ပါယ်များ၏အဆုံး (မင်းခိုက်စိုးစန်)
  194. ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည (မင်းခိုက်စိုးစန်)
  195. ကလေးအတွေး (မင်းခိုက်စိုးစန်)
  196. သုည (မင်းခိုက်စိုးစန်)
  197. နှလုံးသားမိတ္တူ (အရှင်ဆန္ဒာဓိက)
  198. လူပျိုဘုရားလုံးဝမရှိ (အရှင်ဆန္ဒာဓိက)
  199. သင်နဲ့နံနက်ခင်းကိုသာဝင်ခွင့်ပြုမည် (တာရာမင်းဝေ)
  200. မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
  201. မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
  202. မိန်းမလှအမုန်း (၀င်းဦး)
  203. ရွှေဝါပြည် (ရန်ကုန်ဘဆွေ)
  204. ယောင်္ကျားတစ်ယောက်ရဲ့ဖြစ်တည်မှု (ပုညခင်)
  205. အီဂျစ်ဘုရင်မာယာရှင် (ဒဂုန်ရွှေမျှား)
  206. ထောင်မင်းသားဦးဘိုးတော် (ဒဂုန်ရွှေမျှား)
  207. ကမ္ပလာနီအောက်ဝယ် (ဒဂုန်ရွှေမျှား)
  208. ကျွန်မင်းသား (ဒဂုန်ရွှေမျှား)
  209. အစီရ၀တီ ကုဏ္ဍလကေသာ (ချစ်ဦးညို)
  210. ချစ်သူမင်းနန္ဒာ (ချစ်ဦးညို)
  211. စာမရီတို့ထူးထူးခြား (ချစ်ဦးညို)
  212. ယာဇ (ချစ်ဦးညို)
  213. မလေးမဏိစန္ဒာရဲ့နှောင်း (ချစ်ဦးညို)
  214. စွယ်စုံလက်ဆောင် (အကြည်တော်)
  215. မိုးတိမ်ပုံပြင် (အကြည်တော်)
  216. ဘီလူး (အကြည်တော်)
  217. (အကြည်တော်)
  218. အိုင်အိုဒင်းကိုကိုကြီးနှင့် (အကြည်တော်)
  219. ပိုးကောင်များ (အကြည်တော်)
  220. တောသားကြီး (အကြည်တော်)
  221. သံသရာအကွေ့တစ်ရာ (အကြည်တော်)
  222. သဲလှည်း (အကြည်တော်)
  223. အိပ်မက်အပိုဒ်ခွဲ၉ (အကြည်တော်)
  224. ရော်ဘင်ဆင်ကရူးဆိုး (ဒဂုန်ရွှေမျှား)
  225. မှ တစ်ဆင့် (မိုးမိုးအင်းလျား)
  226. ဖြူမှောင်ဝေကင်း (မိုးမိုးအင်းလျား)
  227. ပျောက်သောလမ်းမှာ စမ်းတ၀ါး (မိုးမိုးအင်းလျား)
  228. စိန်တစ်ပွင့် (မိုးမိုးအင်းလျား)
  229. သိက္ခာရှိတဲ့ မုန့်ဟင်းခါး (မိုးမိုးအင်းလျား)
  230. ဝေဒနာ ကြာနီပွင့် (မိုးမိုးအင်းလျား)
  231. လရဲ့အောက်ဘက်မိုင်အဝေးမှာ (ဂျူး)
  232. ကွက်လပ်ကလေးဖြည့်ပေးပါ (မစန္ဒာ)
  233. ပန်းစကား (မစန္ဒာ)
  234. ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် (အကြည်တော်)
  235. နတ်နေကိုင်း (အကြည်တော်)
  236. နတ်ပြည်၏နံနက်ခင်း (အကြည်တော်)
  237. ဆရာတော်ဦးဥတ္တမ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ (ဦးဘရင်)
  238. ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
  239. နံရံ၏အခြားတစ်ဖက် (ဂျူး)
  240. ဟယ်ရီပေါ်တာနှင့်အက်ဇခါဘန်အကျဉ်းသား (ကြည်ကြည်မာ)
  241. သက္ကရာဇ်မျဉ်းများ (သစ္စာနီ)
  242. သမီးရည်းစားဝတ္တုတိုများ (အောင်သိန်းး)
  243. ပြုံးပြီးမှရယ် (ရဲစတိုင်း)
  244. တစိမ့်စိမ့်ဟာသများ (ဇင်အေး)

ဝိညာဉ်သစ်

တိုက်ရိုက်ဖတ်နိုင်သောစာအုပ်များ


ဝတ္ထုများ(အမျိုးသားစာရေးဆရာများ)
ဝတ္ထုများ (အမျိုးသမီးစာရေးဆရာများ)
ကာတွန်းစာအုပ်များ (၁၈ နှစ်အထက်သာ)
ပုံပြင်စာအုပ်များ
ဟာသစာအုပ်များ
ဗဟုသုတပိုင်းဆိုင်ရာစာအုပ်များ
ကျန်းမာရေးဆိုင်ရာစာအုပ်များ
နိုင်ငံရေးစာအုပ်မျာ/သမိုင်းစာအုပ်များ
ကွန်ပြူတာနည်းပညာပိုင်းဆိုင်ရာစာအုပ်များ ရှင်းလင်းချက်များ
တရုတ်သိုင်းဝတ္ထုများ
အင်္ဂလိပ်စာအုပ်များ
စာအုပ်လေးတွေဖတ်ပြီး စိတ်ပျော်ရွင်ကြပါစေ….။
—————————————————————————————————————-

စာအုပ်တွေကို ခေါင်းစဉ်အလိုက်ခွဲပြီးရှာဖို့ (ဒေါင်းလုပ်လုပ်ရန်သာ)

စာအုပ်စင်လေးထဲဝင်ဖို့အောက်ကပုံလေးကို click လုပ်ပါ။
Ninja!
ဒါကတော့ MMBLOGS.NET ကတင်ထားတာလေးတွေပါ။
>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ