Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Wednesday 25 November 2015

ရှမ်းခေါက်ဆွဲ

FIV | 17:14 | Best Blogger Tips

စိတ်တိုင်းကျ ရှမ်းခေါက်ဆွဲ

ဒီတစ်ပါတ် အိမ်ရှင်မများ အချက်အပြုတ်အစီအစဉ်အတွက် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို ကြိတ်ကြိတ်တိုး ကျင်းပနေတဲ့ ရှမ်းပြည်နယ်မှ ရှမ်းအစားအစာ ရှမ်းခေါက်ဆွဲကို ထည့်သွင်းပေးချင်ပါတယ်။ ရန်ကုန်မှာ ရှမ်းခေါက်ဆွဲတစ်ပွဲကို ၈၀၀ကျပ်နဲ့ ဝယ်စားလို့ရပေမယ့် အနှစ်နဲ့ အသားနည်းတာကြောင့် စိတ်တိုင်းမကျ ဖြစ်ရဖူးတယ်မလား။ အခဲမကြေတာလည်း ဖြေလို့ရ၊ အိမ်ရှင်မလည်း ပီသ၊ မိသားစု ဆုံတဲ့ မနက်ဖြန် တန်ဆောင်တိုင် ပိတ်ရက်လေမှာ လက်စွမ်းပြချက်ပြုတ်နိုင်ဖို့ ချက်နည်းလေး တင်ပေးလိုက်မယ်နော်..

ရှမ်းခေါက်ဆွဲ ပါဝင်ပစ္စည်း

ဆန်ခေါက်ဆွဲ ၁ထုပ်၊ မြေပဲဆံလှော် ၅ကျပ်သား၊ ရှမ်းချဉ် ၅ကျပ်သား၊ ကြက်သွန်မိတ် ၁စည်း ငရုတ်သီးဆီကြော်၊ ပဲငံပြာရည်အပျစ် အနည်းငယ်၊ တို့ ဖူးကြော်၊ ၀က်ခေါက်ကြော်၊ ပဲပုပ်စေ့လှော်ထောင်းပြီးသား အနည်းငယ် (optional)၊ ပဲရွက် အနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း၊ နှမ်းဖြူ အနည်းငယ်၊ ကြက်ရင်ပုံသား၊ခရမ်းချဉ်သီး၊ ပဲငံပြာရည်တို့ ပါဝင်ပါတယ်။

- အဓိကကျတဲ့ ကြက်သားဟင်းအနှစ်ကောင်းအတွက်

 ကြက်သားရင်ပုံသား၂ခုကိုသန့် စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ ဆားအနည်းငယ်တို့နှင့်  ရောနယ်ပါ။ ဟင်းအနှစ်အတွက် ခရမ်းချဉ်သီး (၄)လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီအလတ်စား ၄လုံး၊ အဖြူ (၈)မွှာလောက်ကို ပါးပါးလှီးပါ။ အိုးထဲ ဆီထည့်ပြီး ဆီဆူလာရင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်းကို ထည့်ပြီး ဆီသတ်ပါ။ အနံ့ မွှေးလာရင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးနောက် ကြက်သားကို ထည့်လုံးပါ။ ၃မိနစ်ခန့် ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။ ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။ ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။ 

- ကြက်သွန်ဖြူ ၄မွှာလောက်ကို လုပ်ထားတဲ့ ကြက်သွန်ဆီချက်လုပ်ပါ။ ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။ 

- ဆန်ခေါက်ဆွဲတွေကို ရေ နှစ်နာရီခန့်  ကြိုစိမ်ပါ။ 
- မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။
- ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။
- ဟင်းချိုအတွက် ကြက်ရိုးတွေကို ဂျင်း၊ ကြက်သွန်ဖြူတို့ဖြင့် ပြုတ်ထားပါ။
- မုန့်ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

ပြင်ဆင်ပုံ

စားနိုင်သလောက် မုန့် ဖတ်ကို ရိုးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးရင် တူဖြင့် အနည်းငယ်မွှေပါ။ ရေစစ်ပြီး စားမယ့် ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်စတဲ့ အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။ ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။ 
ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်ရင်  စိတ်ကြိုက် ရှမ်းခေါက်ဆွဲကောင်းလေးတစ်ခွက် အရသာရှိစွာ အားရပါးရ စားဖို့ အသင့် ဖြစ်နေပါပြီ……

ရှလွတ်…ရှလွတ်..ရှလွတ်…


Ref: အိမ်ရှင်မလက်ရာ

>အပြည့်အစုံဖတ်ရန်>

Saturday 14 November 2015

မက်မွန်မြေကချစ်သေးတစ်ပုဒ်

FIV | 00:58 | Best Blogger Tips

မက်မွန်မြေက ချစ်တေးတပုဒ် တောင်းထားသူများ တွက် မဖတ်၇သေးသူများတွက် ပြန်တင်ပေးလိုက်ပါတယ် မက်မွန်မြေကချစ်တေးတပုဒ်ဆိုတာ.. 
သိုင်းလောကမှ သူရဲကောင်းများ (၁၂- အုပ်တွဲ) ဖြစ်ပါတယ်။ 

စာစဉ်(၁)
https://www.mediafire.com/?6nwggn4hcp57kc4

စာစဉ်(၂)
https://www.mediafire.com/?q5eg6cl1w5t0v9c

စာစဉ်(၃)
https://www.mediafire.com/?ppca87l0g31ltrb

စာစဉ်(၄)
http://www.mediafire.com/?tf5hfpxgzsk7uag

စာစဉ်(၅) http://www.mediafire.com/?5f035vmqf6xd3b5

စာစဉ်(၆)
http://www.mediafire.com/?4ntg7yj90drsz99

စာစဉ်(၇)
http://www.mediafire.com/?muuw4cp33qqtczx

စာစဉ်(၈)
http://www.mediafire.com/?7hz9r4tghlhbv3p

စာစဉ်(၉)
http://www.mediafire.com/?7i5s510c4p0nhzw

စာစဉ်(၁၀)
http://www.mediafire.com/?hae7dk147v45cmn

စာစဉ်(၁၁)
http://www.mediafire.com/?ml8cqibeem7vxny

စာစဉ်(၁၂)
http://www.mediafire.com/?nif1vu3cym5diog 

(post uploaded links from koyinnyein)

>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ