Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Monday 12 June 2017

လင်းယုန်ဖြူလေး | 04:47 | Best Blogger Tips

မေ့မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့
အလွမ်းတံခါးကို ထ ပိတ်လိုက်တယ်...
နှလုံးသားက အကြောက်အကန်ငြင်းနေတယ်
သူ မမေ့နိုင်ပါဘူးတဲ့ ...
နံရံပေါ်က စက္ကန့်သံ ခြောက်ကပ်ကပ်က
အားပေးရှာပါတယ်.. အချိန်က ကုစားသွားမှာပါတဲ့
ဦးနှောက်က ရှုတည်တည်နဲ့ ၀င်ဟောက်တယ်

ငါ့ memoryဆိုတာ သေဆုံးဖို့ခက်တယ်ဟ တဲ့ ။
သူတို့တွေ အငြင်းပွားတော့
ကျမ အသည်းလေး မျက်နှာငယ်ရှာတယ်
သူသည်လည်း ဒါဏ်ရာ ဗရပွ နဲ့လေ ..
မျိုသိပ်ထားပါများခဲ့လို့လားပဲ
ခံစားချက်တချို့က .. ရေဓါတ် ၁%လောက်နဲ့ပေါင်းပြီး
မျက်ဝန်းအိမ်ကတဆင့်ကျလာတယ်..
ငါတို့ ... ရာခိုင်နှုန်းပြည့်
အရမ်းချစ်ခဲ့တာပါတဲ့ ...။ ...... ။

>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ