Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com
Showing posts with label Mobile Guides ebooks. Show all posts
Showing posts with label Mobile Guides ebooks. Show all posts

Tuesday, 8 July 2014

Pangu ဖြင့် iOS 7.1-7.1.2 ကို jailbreak ပြုလုပ်ခြင်း

FIV | 11:38 | | | Best Blogger Tips

Pangu ဖြင့် iOS 7.1-7.1.2 ကို jailbreak ပြုလုပ်ခြင်း


တရုတ် jailbreaker တွေက ဖြန့်ချိပေးလိုက်သည့် Pangu သည် လုံခြုံရေးကျွမ်းကျင် ပညာရှင်များအကြား အငြင်းပွားစရာ ဖြစ်ခဲ့သော်လည်း အချို့သော လုံခြုံရေးကျွမ်းကျင် ပညာရှင်များက Pangu jailbreak တွင် malware မပါဝင်ကြောင်း အတည်ပြုခဲ့သည်။ ထို့ကြောင့် iOS 7.1 မှ 7.1.2 အထိ အသုံးပြုထားသော iOS ထုတ်ကုန်များကို jailbreak ပြုလုပ်ရန် စိတ်ဝင်စားသူများအတွက် Pangu tool ဖြင့် jailbreak ပြုလုပ်နည်းကို ဖော်ပြလိုက်ပါသည်။

Pangu ဖြင့် jailbreak လုပ်နိုင်သည့် iOS ထုတ်ကုန်များ

Pangu ဖြင့် jailbreak လုပ်နိုင်သည့် iOS 7.1 မှ iOS 7.1.2 အထိ အသုံးပြုထားသော ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

iPhone 5s
iPhone 5c
iPhone 5
iPhone 4s
iPhone 4
iPad Air
Retina iPad mini
iPad mini
iPad 2,3,4
iPod touch 5

iOS 7.1.2 ကို upgrade ပြုလုပ်ပြီး jailbreak ပြုလုပ်လိုသူများ အနေဖြင့် အောက်ဖော်ပြပါ link များမှ iOS 7.1.2 ကို download ပြုလုပ်နိုင်သည်။


iOS ထုတ်ကုန်ကို Backup ပြုလုပ်ခြင်း

Jailbreak ပြုလုပ်ရာတွင် error များနှင့် ကြုံတွေ့နိုင်သောကြောင့် ထုတ်ကုန်ရှိ အချက်အလက်များ ဆုံးရှုံးမှု မဖြစ်စေရန်အတွက် backup ပြုလုပ်ထားသင့်သည်။

iTunes ကိုဖွင့်ပြီး backup ပြုလုပ်လိုသည့် ထုတ်ကုန်ကို PC/Mac တွင် ချိတ်ဆက်ကာ iTunes ရှိ Back UP Now ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။



Mac/Windows ပေါ်တွင် Pangu ဖြင့် iOS 7.1-7.1.2 Untethered jailbreak ပြုလုပ်ခြင်း

ဒီနည်းလမ်းကို Windows ရော Mac တွင်ပါ ပြုလုပ်နိုင်သည်။ Jailbreak ပြုလုပ်မည့် ထုတ်ကုန်သည် iOS 7.1 မှ 7.1.2 အထိ အသုံးပြုထားသော ထုတ်ကုန်ဖြစ်ရန် လိုအပ်သည်။ ထို့နောက် အောက်ဖော်ပြပါ လမ်းညွှန်ချက်များအတိုင်း ပြုလုပ်နိုင်သည်။

(၁) Pangu jailbreak tool ကို Windows သို့မဟုတ် Mac အတွက် download လုပ်ပါ။ 

(၂) Download ပြုလုပ်ပြီးလျှင် iOS ထုတ်ကုန်ကို ချိတ်ဆက်ပြီး Pangu tool ကိုဖွင့်ပါ။ Pangu jailbreak tool တွင် ထုတ်ကုန်၌ အသုံးပြထားသည့် iOS version ပေါ်လာလိမ့်မည်။



(၃) Jailbreak ခလုတ်ကိုနှိပ်ပါ။ ထို့နောက် ထုတ်ကုန်တွင် ရက်စွဲကို ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်သို့ ပြောင်းလဲခိုင်းလိမ့်မည်။ iOS ထုတ်ကုန်တွင် Settings > General > Date and Time သို့သွားပြီး Set Automatically ကို ပိတ်ပါ။ ပြီးလျှင် ရက်စွဲကို ၂ ရက် ဇွန်လ ၂၀၁၄ သို့ ပြောင်းပါ။



(၄) ထို့နောက်တွင် Google ဆာဗာက ခွင့်ပြုချက်ကို အကြိမ်ကြိမ်တောင်းခံလိမ့်မည်။ Continue ကို နှိပ်ပြီး လုပ်ငန်းစဉ်ကို ရှေ့ဆက်ပါ။

(၅) iOS ထုတ်ကုန် reboot ဖြစ်သွားသည့်အခါ home screen တွင် Pangu app ကို တွေ့ရပါမည်။ ၎င်းကို ဖိထားပါ။ ထို့နောက် Continue ကိုနှိပ်ပါ။



(၆) ခဏအကြာတွင် jailbreak လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ iOS ထုတ်ကုန်ကလည်း reboot ထပ်ဖြစ်သွားပါလိမ့်မယ်။ Jailbreak အဖွဲ့ရဲ့ Welcome message တွေပြီးရင် Cydia icon ကို တွေ့ရပါပြီ။



Ref: MakeTechEasier
>အပြည့်အစုံဖတ်ရန်>

Sunday, 30 December 2012

Mobile Guides ebooks

FIV | 21:19 | Best Blogger Tips

 Mediafire(Adf.lyတွင်SKIPADကိုနှိပ်ပါ)Hotfile တွင်Regular Downloadဖြင့်ဒေါင်းပါ။4sharedသည်registerလုပ်ရန်လိုသည်။ (မရှိလျှင်user:error7hero@gmail.com pass:898989)

iPhone 5 နှင့် iOS 6 အကြောင်းလေ့လာမယ် [ English User Guide ]
IPhone မှာမြန်မာဖောင့်သွင်းနည်း
iOS 5 Guide
iPhone and iPod Touch Superguide Third Edition
iPhone Missing Manual


Android ပေါ်မှ လက်တွေ့သုံးနည်းပညာစာအုပ် (သန်းထိုက်-ရွှေရိပ်)
မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ(အာကာဖြိုး)
i phone အသုံးပြုနည်း
Root ပြီးသား ဖုန်းတွေကို မြန်ဖောင့်နှင့်မြန်မာကီးဘုတ်သွင်းနည်း
မြန်မာပြည်ကဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet setting လုပ်နည်း
GSM,CDMA ဖုန်းများအား ကွန်ပြူတာဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုပုံ
Samsung Glaxy Series တွေအားလုံးအတွက် Root မလိုပဲနဲ့ မြန်မာဖောင့်ထည့်သွင်းနည်း
ဖုန်းထဲသို့ မြန်မာ Message အင်စတောလုပ်နည်း
ဖုန်းတွင်ယူနီကုတ် ပြောင်းဖို့လိုအပ်သမျှ စာအုပ်
Android ဖုန်းတွေအတွက် root လုပ်နည်း
Andriveနဲ့Iphone ရဲ့အကြောင်းကို မြန်မာလိုရှင်းပြထားတဲ့ E-Book
Android ဖုန်းများတွင် မြန်မာဖောင့်ထည့်သွင်းနည်း.
ဖုန်းထဲသို့ မြန်မာ Message အင်စတောလုပ်နည်း
Nokia ဖုန်းapplication သွင်းရင် Certificate error မဖြစ်အောင်လုပ်နည်း (၁)
Android Phone ထဲမှာ မြန်မာစာပေါ်အောင်လုပ်မယ်
iphone မှာမြန်မာဖောင့်ထည့်နည်း
အိုင်ဖုန်းသုံးနည်းလမ်းညွှန်စာအုပ်
iPhone and iPod Touch Superguide Third Edition
iPhone Hacks Book
Macworld iPhone SuperGuide
iphone Unlock လုပ်နည်း မြန်မာလိုစာအုပ်
iPhone တစ်လုံးကို UnLock / Upgrade ပြုလုပ်နည်း (မြန်မာဘာသာပြန်စာအုပ်)
IPhone မှာမြန်မာဖောင့်သွင်းနည်း
Mobile Guide Issue (73) facebook စာအုပ်
Andriod အကြောင်းအခြေခံ(မြန်မာလို)
>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ