Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Monday, 29 June 2015

ဂျပန်နိုင်ငံက အိုခီနာဝါသူတွေ ဘာ့ကြောင့် နှစ် ၁၀၀ ထိအောင် အသက်ရှည်ရသလဲ?

FIV | 02:21 | | | | Best Blogger Tips

ဂျပန်နိုင်ငံက အိုခီနာဝါသူတွေ ဘာ့ကြောင့် နှစ် ၁၀၀ ထိအောင် အသက်ရှည်ရသလဲ?
အိုခီနာဝါ သူတွေရဲ့ အသက်ရှည်ရတဲ့ အရေးကြီးသောအစားအစာ (၈) မျိုးကို ပြောပြချင်ပါတယ်။

(၁). ကြက်ဟင်းခါးသီး ゴーヤ
သိပ်မမှည့်သေးတဲ့ ကြက်ဟင်းခါးသီး အစိမ်းကို အစားအစာအဖြင့် ကြော်လှော် ချက်ပြုတ် စားသောက်တတ်သော အလေ့အထရှိခြင်း။ ကြက်ဟင်းခါးသီးကို ကြက်ဥဖောက်၍ ခါနိုဒါ (キャノラ油)ဆီဖြင့်မွှေကြော်ခြင်း၊ ဒါမှမဟုတ် ကြက်ဟင်းခါးသီးကို ပါးပါးလှီး၍ ဆန်းဒွီင့် (sandwich)မှာထည့်ပြီးစားသုံးခြင်း နင့် ဆူစီထမင်းလိပ်တွေမှာထည့်၍ စားသောက်ခြင်းတို့ပဲဖြစ်ပါတယ်။


(၂).မုန်လာဥနီ 人参
အိုခီနာဝါ သူတွေလည်း တို့မြန်မာလူမျိုးတွေလို မုန်လာဥနီကိုစားသုံးကြပါတယ်။ ဒါပေမယ့် မုန်လာဥနီရဲ့ အရွက်တွေကိုတော့ နုတ်နုတ်ကလေးစင်းပြီး ကြက်ဥကိုဖောက်ထည့်၍မွှေကာ ထမင်းနဲ့ကြော်စားကြပါတယ်။ ထို့အပြင် နုတ်နုတ်စင်းထားတဲ့အရွက်တွေကိုဟင်းရည်တွေမှာလည်းထည့်ကာ သောက်သုံးကြပါသေးတယ်။


(၃). သပွတ်သီး ヘチマ
အထူးသဖြင့် ဟယ်ချီမ လို့ခေါ်တဲ့ ဂျပန်သဗွတ်သီးတွေကို ဟင်းခတ်အဖြင့်နဲ့ တိုးဟူး မီဆိုး ဟင်းရည်တွေမှာထည့်ကာသောက်သုံးကြပါတယ်။


(၄). အပူအစပ် 辛い野菜と果物
ပူစပ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်မြစ် သစ်ဥတွေဟာ ရောဂါဘယတွေကိုကာကွယ်နိုင်တယ်လို့ယုံကြည်ကြပြီး ဆနွင်းပင်ဆနွင်းမှုန့်ကြတော့ ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ပြီး ငြုတ်သီးဟာ နှလုံးအတွက်ကောင်းမွန်ကာ စမုံစေ့ကိုတော့ ဟင်းခတ်မှုန့်အဖြစ်နဲ့ ခေါက်ဆွဲကြော် သို့ မဟုတ် ခေါက်ဆွဲပြုတ်ရည်တွေမှာထည့်သုံးတဲ့အပြင် ဟင်းသီးဟင်းရွက် ကြော်တွေမှာလည်းသုံးကြပါတယ်။






(၅). ရေငြိ ワカメ
အထူးသဖြင့် ရေငြိပင် အနွယ်ဝင်များဖြစ်ကြတဲ့ ဥပမာ- ကွန်ဘု(こんぶ)၊ နိုရိ(のり)၊ ဟိကျိခိ(ひじき)၊ ၀ါခမဲ(わかめ) တွေကို နေပူလှန်း၊ အခြောက်ခံ အမှုန့်လုပ် အကြွပ်ကြော် အပြုတ်ရည်လုပ်သောက် စတဲ့အမျိုးမျိုးသောဟင်းတွေမှာ အဓိကထည့်၍စားသုံးကြပါတယ်။


(၆). ကန်စွန်းဥ サツマイモ
ကန်စွန်းဥတွေကို တစ်လက်မအထူလောက်လှီးဖြတ်၍ သံလွင်ဆီဖြင့်ကြော်ကာ အကြော်အဖြင့်နဲ့ အဓိကစားသုံးကြတဲ့အပြင် ကန်စွန်းဥ အလုံးလိုက်ကို သစ်ရွက်ဖြင့်အုပ်၍ မီးဖုတ်ကာ သားရေစာအဖြစ်လည်းစားသုံးကြပါတယ်။



(၇). ရောစပ်ဆန် 全粒 (ピラフ)
အိုခီနာဝါ သူတွေဟာ မုယောစပါး၊ ပြောင်းမျိုးနှံစားပင်၊ အညိုရောင်ဆန် စတဲ့ အမျိုးမျိုးသောပြောင်းနှံဆန်တွေကိုရောစပ်ကာ ထမင်းအဖြင့်ချက်စားကြပါတယ်။ သူတို့တွေဟာ ဒီရောစပ်ဆန်တွေကို စားသုံးရင် အားအင်တွေပိုပြီးတိုးကာကျန်းမာစေတယ်လို့ယုံကြည်နေလို့ပဲဖြစ်ပါတယ်။


(၈). ပဲအမျိုးမျိုး 大豆/枝豆
ပဲအမျိုးမျိုးမှထွက်သော သီးနှံတွေဖြစ်ကြတဲ့ တိုဟူး၊ မီဆိုး၊ အယ်ဒါမမဲ(枝豆) လို့ခေါ်သောပဲစိမ်း တွေကိုထမင်းနဲ့ကြော်ပြီး မီဆိုး ကိုတော့ အပြုတ်ရည်အဖြင့်နဲ့ ယှဉ်တွဲကာစာသုံးကြပါတယ်။ ထို့အပြင် တိုဟူး ချီးစ်ကိတ် လည်းလုပ်စားကြပါသေးတယ်။
အိုခီနာဝါသူတွေအသက်ရှည်ရတဲ့အကြောင်းရင်းတွေသိသွားပြီဆိုတော့ သူတိုတွေစားသောက်တဲ့ပုံစံအတိုင်း စားသောက်ချင်တဲအ့ခါ စားသောက်သုံးဆောင်ကြည့်လို့ရပြီပေါ့။

အားလုံးကိုလေးစားလျှက်...
J Jin Tai
>အပြည့်အစုံဖတ်ရန်>

Sunday, 21 June 2015

အစိမ်းရောင်ရွာကလေး

FIV | 19:21 | | | Best Blogger Tips

အစိမ်းရောင်ရွာကလေး

အစိမ်းရောင်ရွာကလေးအကြောင်းနဲ့ပတ်သတ်ပြီး သိချင်နေကြတဲ့ မိတ်ဆွေများအားလုံးကို ကျွန်တော်ဖတ်မှတ်ပြီးသိသလောက် လမ်းညွန်ပြီးပြောပြပါရစေလားခင်ဗျာ။

မိတ်ဆွေတို့ တစ်ခါတစ်လေ စဉ်းစားမိပါ့မလားတော့မသိဘူး တစ်ကယ်လို့များ မြို့ကြီး၊ရွာကြီး မြို့ငယ်ရွာငယ်လေးတွေဟာ လူတွေရဲ့စွန့်ပစ်ခြင်းကိုခံရပြီးတဲ့နောက် ဘယ်လိုပုံစံမျိုးပေါက်နေမလဲဆိုတာတွေပေါ့။ ကဲ...ဟုတ်ပါပြီ။ ဒီလိုစွန့်ပစ်ခြင်းကိုခံရပြီးနောက်ပိုင်းမှာ သေခြာတာကတော့ သဘာဝတရားတွေက ထိုနေရာကို ၀င်ရောက်ကာနေရာယူလာလိမ့်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါမှမတွေးမထင်ထားခဲ့ဖူးတဲ့ ဒီလိုလှပတဲ့ သဘာဝအလှတရားက၀င်ရောက်လို့နေရာယူခဲ့လို့ပဲဖြစ်ပါတယ်။


မိတ်ဆွေတို့ မြင်တွေ့နေရတဲ့ အစိမ်းရောင်နဲ့အိမ်ကလေးတွေဟာ တရုတ်ပြည် 嵊泗 ရှန့်စူ့မှာတည်ရှိပြီး 钱塘江 ချီယန်ထျန်ကျန်း ဆိုတဲ့မြစ်နဲ့ 长江 ချန်ကျန်းမြစ် ကမ်းနဘေးမှာတည်ရှိပြီး ခရီးသွားများအထူးစိတ်ဝင်စားလျှက်ဖြစ်နေတဲ့ရွာလေးပဲဖြစ်ပါတယ်။ ဘာကြောင့်များအခုလို အရမ်းစိတ်ဝင်စားလာရောက်လည်ပတ်ချင်ကြသလဲဆိုရင်တော့ နေအိမ်တွေဟာလူတွေရဲ့ စွန့်ပစ်ထားခြင်းကိုခံရပြီး အစိမ်းရောင်အပင်များဖြင့်ဖုံးလွမ်းကာ သဘာဝအတိုင်းမြေပေါ်မှပေါက်လာတဲ့အိမ်ကလေးများအလားလို့တောင်ထင်ရပြီး အရမ်းပဲလှပနေလို့ပဲဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း တရုတ်ပြည်အလည်အပတ်သွားရောက်လို့ ဒီပြည်နယ်ဘက်ရောက်ခဲ့ရင် အစိမ်းရောင်ရွာကလေးရှိတဲ့နေရာကို အလည်အပတ်အဖြင့်ဝင်လည်ခဲ့ကြအုံးနော်။








J Jin Tai မှသိသလောက်ရေးသားမျှဝေသည်။
>အပြည့်အစုံဖတ်ရန်>

ခြင်ကိုက်ဒါဏ်ပြေပျောက်နည်း

FIV | 15:58 | Best Blogger Tips

ခင်ကိုက်ခံရပြီးနောက်ပိုင်း ဘာ့ကြောင့်ယားယံနေရသလဲ?
ဒီယားယံခြင်းကို လွယ်ကူလျှင်မြန်စွာနဲ့ပျောက်ကင်းအောင်ဘယ်လိုလုပ်ဆောင်ရမလဲ?

ခြင်ဆိုတဲ့ သတ္တ၀ါဟာကျွန်တော်တို့လူသားတွေကို တော်တော်စိတ်အနှောက်ဖြစ်စေပါတယ်။ ခြင်ကိုက်ခံရပြီးနောက်ဘာကြောင့်ယားယံနေရသလဲ ဒီယားယံခြင်းကိုဘယ်လိုပျောက်ကင်းသွားအောင်လုပ်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုပြောပြပါချင်ပါတယ်ခင်ဗျာ။


ခြင်ကိုက်ခံရပြီးနောက်ယားယံခြင်းကို အလွယ်တကူပျောက်ကင်းအောင်လုပ်ဆောင်ရတဲ့နည်းက အရမ်းကိုလွယ်ကူလှပါတယ်။ ဒီလုပ်ဆောင်ရမယ့်နည်းကို မိတ်ဆွေတို့ထင်မှတ်တောင်မထားဖူးခဲ့တဲ့ အရမ်းရိုးရှင်းပြီးလွယ်ကူတဲ့နည်းလမ်းပဲဖြစ်နေလို့ပါ။ ဒါကတော့  " ဇွန်း" နဲ့လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။


လုပ်ဆောင်ချက်။   ။

(၁)." ဇွန်း" ကိုရေနွေးဖြင့် မိမိခံနိုင်ရည်ရှိလောက်တဲ့ 
      အပူရှိန်အတိုင်းတာတစ်ခုထိ ရအောင်ရေနွေးစိမ်လိုက်ပါ။

(၂). ပြီးတော့ ရေနွေးစိမ်ထားတဲ့ ဇွန်း ကို ယားယံနေတဲ့ 
      နေရာမှာသွားပြီးကပ်လိုက်ပါ။

(၃)." ဇွန်း" ကို ၂ မိနစ် ၃ မိနစ်လောက်ကြာအောင်ဖိထားလိုက်ပါ။

ဒီလိုလုပ်ဆောင်လိုက်ရုံနဲ့ မိတ်ဆွေတို့ ထူးဆန်းစွာပဲ အဲဒီယားယံတဲ့ဒါဏ်ပျောက်သွားတာကို သိရှိခံစားရပါလိမ့်မယ်။ ခြင်ကိုက်ခံရပြီးတဲ့နောက်ဘာကြောင့်ယားယံနေရသလဲဆိုရင်အဖြေကတော့ ခြင်ဟာ လူတွေရဲ့သွေးကိုစုပ်ယူပြီးနောက် လူတွေရဲ့အရေပြားပေါ်ကို ပရိုတိန်းဓါတ်ချန်ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီပရိုတိန်းတွေကြောင့် ကျွန်တော်တို့တွေ ယားယံနေရခြင်းပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့ ရေနွေးစိမ်ထားတဲ့ အပူရှိန်ရှိတဲ့ "ဇွန်း" နဲ့ အရေပြားပေါ်ကိုကပ်လိုက်တဲ့အခါမှာ ဒီပရိုတိန်းဓါတ်တွေစုနေတာတွေ ကျဲသွားပြီး ယားယံခြင်းပျောက်ကင်းသွားတာပဲဖြစ်ပါတယ်။

ကဲ....မိတ်ဆွေတို့ တစ်ကယ်ပျောက်မပျောက်သိချင်ရင်တော့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ်ကြည့်ကြပါနော်။

အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။

J Jin Tai  ရေးသား၍ပြန်လည်မျှဝေသည်။
>အပြည့်အစုံဖတ်ရန်>

Sunday, 14 June 2015

ဆားရဲ့အသုံးဝင်ပုံလျှို့ဝှက်ချက် ၇ မျိုး

FIV | 00:59 | | | | | | Best Blogger Tips

ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက် ၇ မျိုး

မိမိတို့ နေ့စဉ်ဟင်းလျှာမှာခပ်ပြီး အိမ်မှာအသုံးပြုနေတဲ့ ဆားဟာ ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် မိမိနေထိုင်နေတဲ့ အိမ်တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင်သွားတဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို စာနဲ့ပုံအတူတွဲပြီးပြောပြချင်ပါတယ်။


(၁). မီးပူမျက်နှာပြင်ကိုပြန်လည်ပြန်လည် ချောမောသန့်ရှင်းစင်ကြယ်စေသောနည်း

အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။


(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း

အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။


(၃). မီးတောက်မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း

မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင်များနေတဲ့ ဒယ်အိုးမှာဆားနဲ့ဓါတ်ပြုသွားသောအခါ မီးပြန်လည်ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း ချက်ပြုတ်ကြော်လှော်လို့ရနိုင်မှာပဲဖြစ်ပါတယ်။


(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။

ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းကာ ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။


(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း

ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။


(၆). ရေချိုးရေစိမ်တဲ့ကန်ကို အသစ်တဖန်ပြန်လည်တောက်ပြောင်အောင်လုပ်နည်း

မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။


(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း

အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ 
အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....

အားလုံးကိုလေးစားလျှက်
ရေးသားသူ J Jin Tai
>အပြည့်အစုံဖတ်ရန်>

Monday, 16 March 2015

အချိန်ဆွဲတဲ့အကျင့်ကိုဖျောက်ဖို့ နည်းလမ်းတစ်ခု

လင်းယုန်ဖြူလေး | 21:54 | | | Best Blogger Tips




ယနေ့ လင်းယုန်တို့ လူငယ်တွေအများဆုံး ရင်ဆိုင်နေရတဲ့ ပြသနာလေးတွေရှိပါတယ် အဲ့ဒါကတော့ အချိန်ဆွဲခြင်းနဲ့
ပတ်သက်လို့ပါပဲ။ကျတော်တို့ဟာ တစ်ခုခုကို စလုပ်ချင်နေကြတယ်။ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စတွေမှာနည်းနည်း
Facebook ပေါ်မှာက များများ၊ကျတော်တို့အချိန်တွေ ပျောက်ဆုံးနေကြတယ်။သေချာပါတယ်။ ကျနော်တို့အားလုံး
အဲဒီလို ဖြစ်နေကြတာပါပဲ။ ဒါပေမယ့်အဲဒါနဲ့ပတ်သက်ပြီး သင်ဘာလုပ်နိုင်သလဲ။
ဒီနေ့တော့ ကျနော် အများဆုံးအသုံးပြုလေ့ရှိတဲ့ နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်
ကတည်းကကျနော့်ကိုအချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖို့အထောက်အကူအဖြစ်ဆုံးနည်းလမ်းပါ။အဲဒါကတော့ 
ဖိအားတွေကို လျှော့ချဖို့နဲ့မျှော်မှန်းချက်တွေကိုလည်း တတ်နိုင်သမျှ လျှော့ချဖို့ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ ကြီးမားတဲ့ အလုပ်တစ်ခု ဒါမှမဟုတ် ပရောဂျက်တစ်ခု ဒါမှမဟုတ်ရင်လည်း
သင့်ရှေ့မှာ ဆေးစရာပန်းကန်တွေ တစ်ပုံတစ်ပင်ကြီးကို တွေ့တဲ့အခါ အဲဒါက သင့်ရဲ့ အတွင်းထဲမှာ ဖိအား
ဒါမှမဟုတ် ခုခံအား (resistance)တစ်ခုကိုဖြစ်ပေါ်စေပါတယ်။ ဒီတော့ သင်က အဲဒါကို လုပ်ရမှာ ကြောက်လာတယ်၊
အဲဒီအစား သင့်ကို သက်သောင့်သက်သာရှိစေမယ့် တစ်ခုခုကိုလုပ်တော့တယ်။ ဗီဒီယိုဂိမ်းကစားတာမျိုး၊
အီးမေးလ်ကြည့်တာမျိုးလိုပေါ့။

ဒီတော့ ကျနော် လုပ်လေ့ရှိတဲ့နည်းလမ်းက ဒါတွေပါ။

ကျနော် ကိုယ့်ကိုယ်ကိုယ်ပြောတယ်။ ငါ ဒီအလုပ်ကို ဒီနေ့ ၂မိနစ်ပဲလုပ်မယ်။ ပြီးတော့ နောက်တစ်နေ့မှာ
ဆက်လုပ်မယ်။ဒါတောင်မှ စမလုပ်ဖြစ်သေးဘူးဆိုရင်တော့ ကျနော်ဟာ ၁ မိနစ်ပဲလုပ်မယ်လို့
ကိုယ့်ကိုယ်ကိုယ်ပြောတယ်။အဲဒီနောက်တော့ ကျနော်ဟာ သက်သောင့်သက်သာရှိတဲ့အခါတိုင်းမှာ
နောက်ထပ် တစ်မိနစ် တစ်မိနစ်စီ ထပ်လုပ်သွားတယ်။
အဲဒီလို အားထုတ်မှု နည်းနည်းလေးပဲ ပြုလုပ်ရတဲ့အခါ၊ ဒါဟာ ကိစ္စကြီးတစ်ရပ်လို၊ ခက်ခဲတဲ့ သက်သောင့်သက်သာမရှိတဲ့
အလုပ်တစ်ခုလိုမခံစားရတော့ဘူး။ ပျော်စရာလို့လည်း ခံစားရမှာတော့ မဟုတ်ဘူး။ အများအားဖြင့်တော့ အဲဒီအလုပ်ဟာ
သူ့သဘောအတိုင်းသာ ရှိနေပြီးကျနော်ဟာ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်ပဲ လုပ်ပါတယ်။အဲဒီနောက်တော့ ကျနော်
ရပ်လိုက်တယ်ဆိုတာ မရှိပါဘူး။ အဲဒီအစား ကျနော်က ကိုယ့်ကိုယ်ကိုယ်ပြောတယ်။

“ဟုတ်ပြီ၊ ဒီ မိနစ်လေးတွေဟာ တကယ်တော့ အဆိုးကြီးမဟုတ်ပါဘူး” ဒီတော့ ကျနော် နောက်ထပ် နာရီဝက် ဒါမှမဟုတ်
အဲဒီထက်ပိုပြီး ဆက်လုပ်ပါတော့တယ်။
  • ဒါမဟုတ် ကျနော်ဟာ စိတ်ဝင်စားမှုမီးတောက်လေးကို ထွန်းညှိလိုက်တာမျိုး ဖြစ်ချင်ဖြစ်သွားတယ်။
  • ဒါမှမဟုတ် အဟုန်ကို ရှေ့ကို နည်းနည်းလေးဖြစ်ဖြစ် ကန်ထွက်လိုက်ရသလိုပါပဲ။
  • ပြီးတော့ ဒါက အလုပ်တွေ အများကြီး ပြီးလေ့ရှိတယ်လေ။
  • စလုပ်တာကို သင်တတ်နိုင်သမျှ လွယ်အောင်လုပ်ပါ။
  • ဒီနည်းလမ်းနဲ့ သင့်ကိုယ်သင် ကြင်နာပါ။
  • ပြီးတော့ သင်ဘယ်လောက် စလုပ်မိတယ်ဆိုတာရယ်၊ ကာလအတန်ကြာ အချိန်ဆွဲနေတာနဲ့ပတ်သက်လို့ သင်ဘာလုပ်ဖြစ်သွားတယ်ဆိုတာရယ်ကို အံ့သြစွာ တွေ့ရပါလိမ့်မယ်။

ကဲ ဒီနေ့ လင်းယုန်ဖြူလေးက သူငယ်ချင်းတို့ကို ဒါလေးလက်ဆောင်ပေးတယ်နော်...


နာရီမဟုတ်ဘူးနော် လင်းယုန်လေးပေးတာက သူငယ်ချင်းတို့ရဲ့ အချိန်....
အားလုံးပဲ ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်များကို ပိုင်ဆိုင်နိုင်ပြီး 
အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေနော်...
လင်းယုန်ဖြူလေး

>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ