Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com
Showing posts with label ကြယ်စင်များရဲ့လှုပ်ရှားမှု. Show all posts
Showing posts with label ကြယ်စင်များရဲ့လှုပ်ရှားမှု. Show all posts

Tuesday, 30 October 2012

မျိုးစုံ ကြိုးခုန်တတ်သော

FIV | 00:42 | Best Blogger Tips


ခရေဖြူ ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က မျိုးစုံ ကြိုးခုန်တတ်သော ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူး ထားပါတယ်။
ပြည့်ပိုင်မှူး အိမ်ရဲ့ဝတ္ထုကို ကိုကျော်က ဇာတ်ညွှန်း ရေးထားပြီး အောင်ရဲလင်း၊ ချစ်သုဝေ၊ နေလင်း၊ ဇင်မျိုး၊ ယွန်းရွှေရည်၊ တက္ကသိုလ် ဂွမ်းပုံ၊ ၀ါဝါအောင်၊ အေးအေးခိုင် စတဲ့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။ ဒီဇာတ်ကားရဲ့ အဖွင့်နဲ့ နောက်ဆုံးပိတ် ဇာတ်ဝင်ခန်းတို့ကို မဟာသန္တိသုခမှာ ရိုက်ကူးတာ တွေ့ရပါတယ်။

သူငယ်ချင်းတွေရဲ့ကိစ္စဆို ဘယ်လိုပဲဖြစ်ဖြစ် ကူညီတတ်တဲ့ အောင်ရဲလင်းက သူငယ်ချင်းတစ်ယောက်ရဲ့ ရည်းစားက နောက်တစ်ယောက်နဲ့ တွဲတာကို တွေ့တဲ့အတွက် ပြဿနာ ရှာလိုက်တာကြောင့် အချုပ်ခန်းထဲ ရောက်သွားပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ မျိုးစုံကြိုးခုန်တတ်သော ဇာတ်ကားကို စဖွင့်ထားတာပါ။ ချစ်သုဝေက ဒီဇာတ်ကားထဲမှာ ယောက်ျားလေး ပုံစံလို ၀တ်ပြီး ယောက်ျားလေး  လိုနေတတ်တဲ့သူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ချစ်သုဝေကို သဘောကျတဲ့ သူက ဇင်မျိုးပါ။ သူ့ကို သဘောကျရင် သူ့ဘေးနား မှာနေချင်ရင် ယောက်ျားလေး လို မနေဘဲ မိန်းကလေး ပုံစံလို နေရမယ်လို့ ချစ်သုဝေက ပြောတာကြောင့် ဇင်မျိုးက မိန်းကလေးလိုဝတ်ပြီး နေရပါ တယ်။ အောင်ရဲလင်းက ဇင်မျိုးရဲ့ ပုံစံကိုမြင်ပြီး မကျေ မနပ်ဖြစ်တာကြောင့် ယောက်ျားလေးပုံစံကနေ မိန်းကလေးဖြစ်အောင် ပြောင်းမယ်ဆိုပြီး ချစ်သုဝေ နားကို ချဉ်းကပ်ပါတယ်။ အောင်ရဲလင်းက သူငယ်ချင်း ဇင်မျိုးကို ကူညီပေးမှုနဲ့ နောက်ဆုံးမှာတော့ ချစ်သုဝေ က သီလရှင် ၀တ်သွားခဲ့ တာပါ။

သီလရှင်ဝတ်တဲ့ ဇာတ် ၀င်ခန်းကို ရိုက်ကူးဖို့ ချစ်သု ဝေအနေနဲ့ မနက်ပိုင်း တစ်ပိုင်း လောက် အချိန်ပေးရပါတယ်။ ခေါင်းတုံးအတု စွပ်ဖို့အတွက် တစ်နာရီလောက် အချိန်ပေးရ တာပါ။ ခေါင်းတုံးအတုကို ကျော်လင်းက ပြုလုပ်ပေး သလို သူကိုယ်တိုင်ပဲ အတု စွပ်ပေးပါတယ်။ ချစ်သုဝေရဲ့ ဆံပင်က အနည်းငယ်ရှည် တယ်ဆိုပေမဲ့ နားထင်နားနဲ့ ကုပ်ပေါ်ကျနေတဲ့ ဆံပင်တွေကို ဖုံးဖို့ တော်တော်လေး လုပ်ရတာတွေ့ရပါတယ်။ ခေါင်းတုံး အတုစွပ်ထားတာ ကို ဗီဒီယို ကင်မရာနဲ့ ရိုက်တဲ့ အခါ သေချာ မလုပ်ထားရင် အတုမှန်းသိသာတာကြောင့် တော်တော်လေး ဂရုစိုက်ရတာပါ။ ခေါင်းတုံးအစစ်ဆိုရင် ခေါင်းတုံးတုံးပြီးသား ဦး ရေပြားလေးက စိမ်းစိမ်းလေး ဖြစ်နေတာကြောင့် ဦးရေပြား စိမ်းစိမ်းလေးဖြစ်ဖို့ မိတ်ကပ် အရောင်ကို တစ်ဆင့်လိမ်းရ သေးတာပါ။ အဆင့်ဆင့်တွေ လုပ်ပြီးတဲ့အချိန်မှာတော့ ဇာတ်သိမ်းခန်းကို ရိုက်ကူးပါ တယ်။ အောင်ရဲလင်း အပါအ၀င် သူငယ်ချင်းတွေ အားလုံးကိုတွေ့ဖို့ ချစ်သု ဝေက ချိန်းထားတာကြောင့် သူငယ်ချင်းတွေ ရောက်လာ ချိန်မှာ ချစ်သုဝေက သနိ္တသုခ ကျောင်းထဲကနေ ထွက်လာ ပါတယ်။ သီလရှင်ဝတ်စုံဝတ် ပြီး ထွက်လာတဲ့ ချစ်သုဝေ ကို အောင်ရဲလင်းတို့ တစ်ဖွဲ့ လုံးက အံ့သြစွာ ကြည့်နေကြ တာပါ။ မိန်းကလေးဆိုတာ ကိုလက်ခံပြီး မိန်းကလေးဖြစ် ပြီဆိုမှ မြင့်မြတ်တဲ့ နေရာမှာ ပဲ နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ သီလရှင်ဘ၀ကို ခံယူတာလို့ ချစ်သုဝေက အောင်ရဲလင်းနဲ့ သူငယ်ချင်းတွေကို ပြောပါတယ်။

လူ့ဘ၀မှာ အမျိုးမျိုး အဖုံဖုံ ကြုံရတတ်တယ်ဆိုတဲ့ အတိုင်း မျိုးစုံကြိုးခုန်တတ် သော လို့ ဇာတ်ကား နာမည်ကို ပေးထားတာပါ။ ဒီဇာတ်ကားရဲ့ ရှေ့ပိုင်းမှာ ရယ်စရာလေးတွေနဲ့ တင်ဆက်ထားပါ တယ်။ လူငယ် သရုပ်ဆောင်တွေ ပါဝင်တဲ့ ဇာတ်ကား ဖြစ်ပေမဲ့ အချစ်သီးသန့် ဇာတ်ကားလည်း မဟုတ်ပါဘူး။ လောကကြီးထဲမှာ လူရယ်လို့ ဖြစ်လာရင် အမှန်တရားတစ်ခု ကို လက်ခံနိုင်ရမယ်။ မဖြစ် နိုင်တာကြီး တစ်ခုကို လုပ် ယူရင် ကာယကံရှင် အတွက် အကျိုးမရှိဘူး။ မိန်းကလေး ပဲဖြစ်ဖြစ်၊ ယောက်ျားလေး ပဲဖြစ်ဖြစ် ကြီးကျယ်မြင့်မြတ် တဲ့ စိတ်တစ်ခုကို ပိုင်ဆိုင် ထားကြတယ်။ ဘ၀မှာ သဘာဝကပေးတဲ့ အရာကို ကျေကျေနပ်နပ်နဲ့ လက်ခံပေး ရမယ်ဆိုတဲ့ အချက်တွေကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က မျိုးစုံကြိုး ခုန်တတ်သော ဇာတ်ကားမှာ ထည့်ရိုက်ထားပါတယ်။
ခရစ်ယာန် ဘာသာဝင်လို့ ပရိ သတ်တွေ သိထားတဲ့ ချစ်သုဝေက သီလရှင်ဝတ်စုံ ၀တ်ပြီး ရိုက်ကူးဖို့ ဒါရိုက်တာကို မငြင်းပယ်ခဲ့ပါဘူး။ ချစ်သု ဝေရဲ့မေမေက ခရစ်ယာန်၊ ဖေဖေက ဗုဒ္ဓဘာသာဖြစ်တာ ကြောင့် ဗုဒ်္ဓဘာသာရဲ့ အယူ အဆ ထုံးထမ်းစဉ်လာတွေကို တော့ ချစ်သုဝေက သိထား ပါတယ်။ သီလရှင်ဝတ်စုံဝတ် ပြီး ရိုက်ကူးခဲ့တဲ့ ချစ်သုဝေက “ဇာတ်ကားရိုက်ရင် ဘုရားဆိုလည်း ရှိခိုးတယ်။ သီလရှင် ဆိုလည်း ၀တ်တယ်။ အဲဒီလို ဆိုတော့ ခရစ်ယာန် ဘာသာ အချင်းချင်းဆိုရင် အမြင်မှားစရာ ရှိမှာပေါ့။

ဒါပေမဲ့ ထရီဇာရဲ့ယူဆချက်ကတော့ ဘယ်ဘာသာမဆို ဘယ်ဘာ သာရဲ့ဘုရားကပဲဖြစ်ဖြစ် လူ သားတွေကို ဟောထားတဲ့ တရားက ကောင်းတာလုပ် တာကိုလိုလားကြတယ်။ ကောင်းကျိုးချမ်းသာကို လိုလားကြတယ်။ အဓိကက ကိုယ်ထားတဲ့ စိတ်၊ ကိုယ်ပြု လုပ်တဲ့ အပြုအမူ၊ ကိုယ်ပြော တဲ့အပြောအဆို။ အဲဒါတွေ ပေါ်မှာပဲ မူတည်ပြီး အကျိုး တရားဆိုတာ ဖြစ်လာမှာ။ အဲဒီအတွက်ကြောင့်မို့ ကိုယ့် အလုပ်နဲ့ ပတ်သက်ရင် လုပ် တယ်”လို့ သီလရှင်ဝတ်စုံ ၀တ်ပြီးရိုက်ကူးတဲ့အကြောင်း ပြောပြပါတယ်။ မျိုးစုံ ကြိုးခုန်တတ်သော ဇာတ် ကားထွက်လာတဲ့အခါ ပရိ သတ်တွေရဲ့အမြင် အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်ပရိသတ် တွေက အမြင်တစ်မျိုးစောင်း ခဲ့ရင် အားလုံးက ကိုယ်ပိုင်ခံ ယူချက်ရှိတဲ့အတွက် အမြင် စောင်းပိုင်ခွင့် ရှိတယ်လို့ ချစ် သုဝေက ယူဆ ထားပါတယ်။ မျိုးစုံ ကြိုးခုန်တတ်သော ဆို တဲ့အတိုင်း ဘယ်လိုတွေလုပ် ပြီး ဘယ်လိုတွေဖြစ်မယ် ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။           


From : (ရွှေအမြုတေ မဂ္ဂဇင်း)
>အပြည့်အစုံဖတ်ရန်>

Sunday, 28 October 2012

ရှေးဟောင်းဘုရား အဆူ ၃ဝဝ ကို ဖူးမြော်ခဲ့ရတဲ့ နေတိုး

FIV | 21:43 | Best Blogger Tips

Share
နေတိုးက ပုဂံမှာသွားရောက်ရိုက်ကူးခဲ့ တဲ့ ‘တိမ်တစ်စနဲ့ နွယ်တစ်မျှင်’ဇာတ်ကားနဲ့ ‘ရာဇ ဝင်ထဲကပုဂံသူ’ ဇာတ်ကား၂ကားမှာ ပရိသတ်မမြင် ရတာ ၈နှစ်လောက်ရှိပြီဖြစ်တဲ့ ပုဂံဘုရားမြင် ကွင်းတွေကို တွေ့ရမယ်လို့ဆိုပါတယ်။ 

စက်ပိုင်း ဆိုင်ရာကို နေတိုးရဲ့ကင်မရာ ဖြစ်တဲ့ 5D Mark III ကင်မရာနဲ့ရိုက်ကူးခဲ့တာလို့လည်းသိရတာကြောင့်
”ကျွန်တော်တို့ ဒီကားကို Full HD နဲ့ ရိုက်ထားတယ်။

ကျွန်တော်က ဒေါ့ကူမန်ထရီရိုက်တဲ့ ကောင်လေးတစ်ယောက်ပုံစံလုပ်ရတယ်။ 
ကျွန်တော်က ကင်မရာလည်း ဝါသနာပါတော့ အခု ဒီဇာတ်ကားနဲ့လိုက်မယ့် ကင်မရာအမျိုးအစားနဲ့ တွက်ပြီး ဒီကားကို ကျွန်တော့်ကင်မရာ 5D Mark III နဲ့ရိုက်ဖြစ်တာပါ။ ပုဂံက ကျွန်တော် အနု ပညာကိုစလုပ်ခဲ့တာ ပုဂံဒေသနဲ့စခဲ့ရတယ်လို့ ပြော လို့ရတယ်။ အဲဒီအချိန်တုန်းကနဲ့တော့ အခု အချိန်မှာ မတူတော့ဘူး” လို့ပြောပြပါတယ်။
 
နေတိုးက ပုဂံကပြန်ရောက်ပြီး  ရန်ကုန် မှာပဲ ဒီဇာတ်ကားရိုက်ကူးနေတဲ့ရက် အောက်တိုဘာ ၁၄ ရက်နေ့ ညနေက မှော်ဘီမြို့နယ် မှာရှိတဲ့ အောင်ဇမ္ဗူတောရကျောင်း တိုက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားများကို ဝတ်မှုံရွှေရည်၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) တို့နဲ့ သွားရောက် ဖူးမြော်ခဲ့ပုံကို “ဘုန်းဘုန်းက ရှေးဟောင်းဘုရားတွေ ကြွလာ တယ်၊ လာဖူးပါဆိုတာနဲ့ ၂ ဆူလောက်ပဲထင်တာ။ ကျွန်တော် ရောက်သွားတော့ ဘုရားအဆူ ၃ဝဝ ဆိုတော့ တော်တော်လေး အံ့သြဖို့ကောင်းတယ်။ ပထမဆုံး ကျောင်းထဲ ဝင်တော့ အပြင်မှာ ဘုရား ၇ ဆူလောက် တချို့ကပျက်စီးနေတာလည်း ရှိတယ်။ ပြန်ပြုပြင်ဖို့ အောက်မှာထားတာ။ ဥာဏ်တော်က ၁ဝပေ ကျော်လောက် ရှိတယ်။ ရှေးဟောင်း ဘုရားအကြီးကြီးတွေလိုပဲပေါ့။ 

 နောက်ကျောင်းထဲရောက်တော့ အပေါ်ထပ်မှာရှိသေးတယ်ဆိုတော့ သွားကြည့် လိုက်တာ အိပ်မက်တစ်ခုလိုဖြစ်သွား တယ်။ ရှေးကျတဲ့ လက်ရာတွေနဲ့ ဘုရားအဆူ ၃ဝဝ ကို တစ်ပြိုင်နက်တည်းဖူးမြော်ရလိမ့်မယ်လို့ မျှော်လင့် မထားဘူး။ ရင်ထဲမှာ တော်တော်လေး ကြည်နူး ပီတိဖြစ်ခဲ့ရ တယ်။ ရှေးဟောင်းဘုရားတွေကိုဒီလို တစ်ပြိုင်နက်တည်းဖူးမြော်ရတော့ တော်တော်လေး ကုသိုလ်ကောင်းတယ်လို့ ထင်မိတယ်။ ယွန်းဘုရားတွေ၊ ကျွန်းဘုရားတွေရော ပါတယ်။ ရွှေသင်္ကန်း ကပ်ထားတော့ ကြေးဘုရားလို့ထင်ရတယ်။ကြေး ဘုရားတွေပါတာလည်းရှိပေမယ့် နည်းတယ်။ ဒီဘုရားတွေကို ပြခန်းမှာ ပဲဖြစ်ဖြစ်သေသေချာချာ ထိန်းသိမ်းထားရင် တစ်စုတစ်ဝေးတည်း ဒီလိုဘုရားတွေကို ဖူးမြော်ခွင့်ရမယ်လို့ ထင်ပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။
 
 အောက်တိုဘာ ၁၈ ရက်နေ့ ညနေက အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ရှေးဟောင်း ဘုရားအလှူရှင်က လှူဒါန်းမှုကိုလည်း နေတိုးက ထပ်မံသွားရောက် ဖူးမြော်ခဲ့ပါ တယ်။ သီတင်းကျွတ် လပြည့်နေ့မှာတော့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ရှင်အပါး ၁ဝဝကို ရှင်ပြုရဟန်း ခံသာသနာ့ဘောင်သွတ်သွင်းမှာဖြစ်ပြီး၊ ရှင်အပါး ၁ဝဝ ထဲမှ ၁၁ ပါးကို နေတိုးတို့ မိသားစုက ပါဝင်ပြီး လှူဖွယ်ပစ္စည်းများနဲ့ ကုသိုလ်ပြုမယ်လို့လည်း သိရပါတယ်။

 
မေမွန်မောင်

From:http://popularmyanmar.com
>အပြည့်အစုံဖတ်ရန်>

စန္ဒီမြင့်လွင်ရဲ့ Shock ဒီဗီဒီအမ်လ်ဘမ်လေး

FIV | 21:15 | Best Blogger Tips

Shock......


ဒီးဒီလို့ခေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့ Shock ဒီဗီဒီအမ်လ်ဘမ်လေး ပြီးခဲ့တဲ့ 21th Oct တနင်္ဂနွေတုန်းက Junction Square မှာလက်မှတ်ထိုးတယ်လို့ ကြော်ငြာဘုတ်မှာတွေ့လိုက်တယ်...။ ဒီအမ်လ်ဘမ်ထဲက သီချင်းတွေကို စီဒီမှာကတည်းက ခပ်အေးအေးသီချင်းတွေကို နားထောင်ဖူးထားပြီး ကြိုက်လည်းကြိုက်တယ်...။ ဒါကြောင့် တစ်ခွေဝယ်ပြီးအားပေးလိုက်တယ် ဒီးဒီကို...။ သူ့ကိုလုံးလုံးလေးနဲ့မို့ချစ်လည်းချစ်တယ် female hip hop အဆိုတော်ထဲမှာ သူ့ကိုကြိုက်တယ်...။ ဒီခွေထဲမှာ ဒီဇိုင်းတွေက အမေရိကန်မိန်းမရက်ပ်ပါ နီကီ့မီနာ့ခ်ျ ဖက်ကိုနဲနဲလေးနွယ်နေတယ်လို့ခံစားရတယ်...ဆိုပုံဆိုပေါက်တွေရောပေါ့...။ ဒါပေမယ့် လုံးလုံးလျားလျားခိုးချထားတာမျိုးမဟုတ်ပါဘူး...။ (စကားချပ်။  ။ နီကီကတော့ ဟိုဖက်နိုင်ငံတွေမှာ ကလေးတော်တော်များများရဲ့ အချစ်တော်ပေါ့ သူက ဘာဘီရုပ်ဒီဇိုင်းပြင်တာများတယ်လေ...။ wig တွေဆိုလဲ ပန်းရောင် အစိမ်းရောင် ခရမ်းရောင် အ၀ါရောင် အဲလိုအရောင်စုံသုံးတာ...) ဒီးဒီရဲ့ ဆံပင်နီညိုရောင်က သူ့မျက်နှာလေးနဲ့တော်တော်လိုက်ဖက်တယ်...။ ပထမ တစ်ကိုယ်တော်အမ်ဘမ် ဆေးရောင်လှလှခြယ်ရအောင် အမ်တီဗီကိုဝယ်ထားပြီး ဖွင့်မရလို့ ခုထိမကြည့်ရသေးဘူး...။ အဲဒါလေးလည်း ကြည့်ပြီးရင် review လေးပြန်ပြောပြဦးမယ်...။ ဒီနှစ်ထဲ အဆိုတော်အသစ်တွေ စီးရီးတော်တော်များများထွက်ကြတယ်... ဘယ်သူအဆိုကောင်းလဲ မကောင်းလဲတော့ သိပ်မသိဘူး...။ အော်... ဒါနဲ့ ဖြူဖြူကျော်သိန်းရဲ့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေသည်” ကို တစ်ခွေလုံးနားမထောင်ရသေးဘူး...။
သီချင်းအားလုံး ၁၂ပုဒ်ပါတယ်....။ ကိုယ်အကြိုက်ဆုံးသီချင်းကတော့ အနားနားရှိတဲ့အခိုက် ဆိုတဲ့တစ်ပုဒ်ပဲ။ ကြိုက်လွန်းလို့ဖုန်းရင်းတုံးလုပ်ထားတယ်ခုထိပဲ...။ တခြားအေးတဲ့ သီချင်းလေးတွေလဲကြိုက်တယ်...။ ချစ်နေတုန်းပဲ တို့... ပျော်ပါစေတို့... ပြီးတော့ ကိုမျိုးကျော့သီချင်းဖြစ်တဲ့ အရာရာပြောင်းလဲခဲ့ပြီတို့ပေါ့...။ ကိုယ့်အထင်မမှားဘူးဆိုရင်  ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ဒုက္ခ စီးရီးထဲကသီချင်းပါ...။

ပထမဆုံးပုဒ်က လူညာကြီးတဲ့ Gothic ဒီဇိုင်းနဲ့ band နဲ့ခပ်မိုက်မိုက်ကလေးဆိုထားတယ်...။


 အနားနားရှိတဲ့အခိုက် MTV ရဲ့ ရိုက်ကွက်လေးတွေ


 Shock  က Snare အဖွဲ့ရေးပေးထားတာ အနက်ရောင်တွေချည်းဝတ်ပြီး Gothic ဒီဇိုင်းနဲ့ ခပ်မိုက်မိုက်သီချင်းတစ်ပုဒ်ပေါ့... hip hop ကိုနားထောင်နိုင်ရင်တော့ နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ...။




 ချစ်နေတုန်းပဲ MTVရိုက်ကွက်ပုံလေးတွေပါ...။ တေးရေးက bunny phyoe ...။ ခပ်အေးအေး နားထောင်ကောင်းတဲ့ အသဲကွဲသီချင်းလေးတစ်ပုဒ်ပေါ့...။ ချစ်သူကထားသွားတာကို ခံရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်ကိုရေးထားတာ...။



 မင်းကုသ တဲ့  ရုပ်ဆိုးဆိုးသူ့ဘဲကြီးကို စိတ်ပျက်တဲ့အကြောင်းလေးကို လွှမ်းပိုင်ကရေးပေးထားတာ....။
ခပ်မြူးမြူးလေးပဲ သူလဲမဆိုးပါဘူး...။

ပျော်ပါစေ...ဆိုတဲ့ တစ်ပုဒ်ကလဲ အသဲကွဲသီချင်းအေးလေးပါပဲ... လွှမ်းပိုင်ပဲရေးပေးတာ
 မိုးမိုးရေးပြီး သူကိုယ်တိုင်ပါ သရုပ်ဆောင်ထားတဲ့ R U Serious သေချာပြီလား ဆိုတဲ့ တစ်ပုဒ်ကိုလဲ သဘောကျတယ်....။ ဒီးဒီ rapping ကို အမြန်ကြီးရွတ်သွားတာကို သဘောကျတာ... ဒီတိုင်း စီဒီနားထောင်တုန်းက bobby soxer ကထက်ထက်အသံပဲမှတ်နေတာ...။ ဒီလိုရက်ပင်အမြန်ရွတ်တာ သူတစ်ယောက်ပဲရှိတာကိုးး...။

 ကိုမျိုးကျော့ရေးတဲ့ အရာရာပြောင်းလဲခဲ့ပြီကို “ရသ” ကရက်ပ်နေရာကနေ featuring ဆိုပေးထားပါတယ်..


နောက်တစ်ယောက် ဆိုတဲ့တစ်ပုဒ်လည်းမဆိုးပါဘူး... မစိုးကြီးကိုယ်တိုင်သရုပ်ဆောင်ထားတာ ကိုဂျွန်တို့ Star Agency က မော်ဒယ်လ်တွေနဲ့...။ မစိုးကြီးက ကောင်လေးတွေကိုတစ်ယောက်ပြီး တစ်ယောက်ပြောင်းတွဲတဲ့ ခပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ...။



ရင်ခုန်ဆဲပဲ ကတော့ မိုးမိုးရေးထားတာ...။ သရုပ်ဆောင်ကောင်းပြည့်နဲ့ရိုက်ထားတာ ရိုက်ကွင်းရှုခင်းတွေ သုံးထားတဲ့ ကားလေးတွေနဲ့ ဖန်စီဆန်ဆန်ရိုက်ထားတာ အဲဒီအချစ်သီချင်းလေးနဲ့ လိုက်ဖက်ပါတယ်...။




Jme ရေးပေးတဲ့ ကျောင်းပိတ်ရက် ဆိုတဲ့ တစ်ပုဒ်ကတော့ အထကကျောင်းတစ်ခုထဲမှာသွားရိုက်တာ ဂျောက်ဂျက် ကျော်ထွဋ်ဆွေနဲ့ ကလေးသရုပ်ဆောင် တစ်ယောက်ပါတယ်... သီချင်းလေးကလူငယ်ဆန်ဆန် ၀ုန်းဝုန်းဒိုင်းဒိုင်းလေး မိုက်တယ်...း)






ပုံမပါတဲ့ တစ်ပုဒ်က ခန့်စည်သူနဲ့ အွန်ဆိုင်းတို့ သရုပ်ဆောင်ထားတဲ့ တေးရေးဇ၀ါရေးတဲ့ တ၀ဲလည်လည်ပါ... ။ ရိုက်ကွက်ကလေးက ဟာသလေးနှောထားတယ်...။ အားလုံးထဲမှာ အဲဒီတစ်ပုဒ်တော့ မကြိုက်ဘူး...။ 
သီချင်းအမျိုးအစားတွေထဲမှာ အရင်တုန်းက ပေါ့ပ်တို့ ရော့ခ်တို့ R&B တို့လောက်ပဲ နားထောင်တတ်ခဲ့တာ...။ ခုနောက်ပိုင်း hip hop ကိုခံစားတတ်လာတယ်...((ဟမ်)) ကိုယ်သူငယ်များပြန်သွားသလား....:P 
ဒီအမ်လ်ဘမ်လေးက ခိုးကူးခွေတွေကို ပိတ်ထားတာနဲ့တူတယ် လုံးဝကော်ပီလို့မရပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်... ငွေကြေး လူ စိတ်နှလုံးရင်းနှီးမြှုပ်နှံထားတဲ့ အရာတစ်ခုရဲ့ အစစ်အမှန်ကိုပဲ အားပေးကြစေလိုပါတယ်...။

သီချင်းသံစဉ်ထဲစီးမြောလို့ ပျော်ရွှင် ကြည်နူးကြပါစေ....း)

မိုးငွေ့

>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ