Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday, 30 December 2012

အမျိုးသမီးဝတ်စုံဖက်ရှင်ဒီဇိုင်းစာအုပ်

FIV | 19:49 | Best Blogger Tips

General E-Books ခေါင်းစဉ်ကဏ္ဍတွင်အသစ်တင်စာအုပ်
"အမျိုးသမီးဝတ်စုံဖက်ရှင်ဒီဇိုင်းစာအုပ်"
khtnetpc.webs.comတွင်ရယူနိုင်ပါပြီ။
အောက်ကလင့်မှာလည်း တိုက်ရိုက်ဒေါင်းနိုင်ပါသည်။
http://minus.com/lbbpC0tL6BHq4d
>အပြည့်အစုံဖတ်ရန်>

အမှတ်တရ-ဂျူး

FIV | 19:48 | Best Blogger Tips


Novel E-Book 2 ကဏ္ဍတွင်ယခင်တင်ခဲ့ဖူးသောစာအုပ်ဖြစ်ပါသည်။
"အမှတ်တရ-ဂျူး"
khtnetpc.webs.comတွင်ဝင်ရောက်ရယူနိုင်ပါပြီ။
အောက်ကလင့်မှာလည်း တိုက်ရိုက်ဒေါင်းနိုင်သည်။
http://minus.com/lbvd6dH1Yvn3Qf
>အပြည့်အစုံဖတ်ရန်>

"ရွှေပန်းထိမ်ဒီဇိုင်းစာအုပ်

FIV | 19:47 | Best Blogger Tips

ွGeneral E-Books ခေါင်းစဉ်ကဏ္ဍတွင်အသစ်တင်စာအုပ်
"ရွှေပန်းထိမ်ဒီဇိုင်းစာအုပ်(ကိုဘိုဘို)"

အောက်ကလင့်မှာလည်း တိုက်ရိုက်ဒေါင်းနိုင်ပါသည်။
http://minus.com/lbsMcOsRC0ugVS
>အပြည့်အစုံဖတ်ရန်>

ဗုဒ္ဓဘာသာဝင်များသည် ရုပ်တုကိုးကွယ်သူများလား ? PDF

FIV | 19:44 | Best Blogger Tips

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာဒေသရှိ မဂဓတက္ကသိုလ်တွင် ပညာသင်သွားရောက်ခဲ့ပြီး M.A နှင့် ဒေါက်တာဘွဲ့ကို ရရှိခဲ့ပြီးနောက် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီးတွင် စာချ+နာယက အဖြစ်ဖြင့် စာသင်သားများအား စာပေပို့ချလျက် သာသနာ့တာဝန်များကို ထမ်းဆောင်နေသည့်
ဆရာတော်တစ်ပါးဖြစ်သော အရှင်ဣန္ဒ၀ံသက မလေးရှားတွင်ကျောင်းထိုင်နေသည့် သီရိလင်္ကာဘုန်းတော်ကြီး “ဘဒ္ဒန္တဒေါက်တာ ကေ သရီ ဓမ္မာနန္ဒ” ၏ Are Buddhists Idol-worshippers? တရားကို မြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

အချို့ဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်များကို ရုပ်တုကိုးကွယ်သူများအဖြစ် ကဲ့ရဲ့ရှုတ်ချကြသည်။ ထိုသို့ ကဲ့ရဲ့ရှုတ်ချမှုကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် မည်သို့ရှင်းလင်းနိုင်ရမည်ကို ဆရာတော်က လမ်းညွှန်ပြသထားသည်။

ဗုဒ္ဓဘာသာဝင်တိုင်း သိထား မှတ်ထားသင့်သည့် ဘာသာရေးအသိပညာပေးစာအုပ်ဖြစ်သည်။
Download>>>mediafire (or)box.
>အပြည့်အစုံဖတ်ရန်>

ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ် 14MB

FIV | 19:43 | Best Blogger Tips

Face book ကနေ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် 
TiTle - ဗုဒ္ဓဘာသာကောင်းတစ်ယောက်
Author(s): သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန

Description : မိမိတို့၏ အဖိုးတန်ဘ၀ ရတနာကို ထိုက်ထိုက်တန်တန်အသုံးချလိုသူများ ၊ ဗုဒ္ဓဘာသာကို အခြေခံမှ စတင်လေ့လာလိုသူများ ၊ ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုသူများ ၊
“ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ” ဖြစ်လိုသူများ ၊ ဗုဒ္ဓဘာသာဝင် အမည်ခံယူထားပြီး ဗုဒ္ဓဘာသာဝင်အသိ မရှိကြသေးသူများ ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သွားရောက်ကြမည့်သူမျာ
း ၊ နိုင်ငံခြားသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ ကြွယ်ဝလိုသူများ စသူတို့အတွက် ဤကျမ်းစာ ကိုလေ့လာသင့်သည်ဟု နိဒါန်းတွင် ညွှန်းဆိုထားပါသည် ။

ဤစာအုပ်တွင် ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ၊
အပိုင်း ( ၁ ) လူနှင့်ကိုးကွယ်မှု တွင် ကိုးကွယ်မှု အဓီပ္ပာယ် ၊
အခန်း (၂ )တွင် ကိုးကွယ်ရာ ရတနာသုံးပါး ၏ အကြောင်း ၊
အခန်း (၃) ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခြင်း တွင် သရဏဂုံသုံးပါး ပါဠိနှင့် အနက် ၊ခံယူဆောက်တည်ပုံ ၊ သရဏဂုံတည်ခြင်းအကျိုး ၊
အခန်း (၄) ဗုဒ္ဓဘာသာအိမ်တိုင်း ရုပ်ပွားဆင်းတုထားရှိ ကိုးကွယ်ခြင်း အခန်းတွင် ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း ၊ ပူဇော်ရသည့် အကျိုး ၊
အခန်း (၆) ဗုဒ္ဓဘာသာ တစ်ယောက် ယုံကြည်လက်ခံရမည့် အချက်များတွင် ရတနာသုံးပါးကို ယုံကြည်ခြင်းနှင့် အခြားယုံကြည်ရမည့် အချက်များ ၊
အခန်း (၇) ရတနာသုံးပါး အကျိုးကျေးဇူးအခန်းတွင် ဘုရားကျေးဇူး၊
တရားကျေးဇူးနဲ့ သံဃာကျေးဇူး အကျိုးပြ ပုံဝတ္တုများ ၊
အခန်း (၈) ဥပါသကာဂုဏ် ၁၀ ပါး ၊
အခန်း (၉) ဗုဒ္ဓဘာသာ တစ်ယောက် ရှောင်ရမည့် အချက်များ ၊
အခန်း (၁၀) ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း နှင့် အကျိုးကျေးဇူးများ ၊
အခန်း (၁၁)တွင် ကျက်မှတ်ရန် ပါဠိအနက်များ တွင် ဘုရားဂုဏ်တော်ကိုးပါး ၊တရားဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော်ကိုးပါး ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့၏ ပါဠိနှင့် အနက် ၊
အခန်း (၁၂)တွင် လူ့ဝိနည်းကျင့်ဝတ်များ နှင့်
အခန်း (၁၃)တွင် အန္တရာယ်ကင်းရန် ရွတ်ဖတ်ရမည့် ပါဠိဂါထာများ ၊
အခန်း (၁၄)တွင် ကျက်သရေ မင်္ဂလာရှိရန် ရွတ်ရမည့် ဂါထာများ ၊
အခန်း( ၁၅) ရဟန်းသံဃာများနှင့် ပြောတတ် ဆိုတတ် ဆက်ဆံတတ်ရန် တွင် စကားပြောနည်း ၊ရှိခိုးဦးချနည်း ၊စားသောက်ဖွယ်ကပ်လှူနည်း ၊ စားသုံးဖွယ်အသီးအနှံများ အပ်စပ်အောင် ပြုလုပ်ပေးနည်း ဟူ၍ အပိုင်း ၁၅ပိုင်း ခွဲထားပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက် သိသင့် သိထိုက်သည့်အချက်များအား ဖော်ပြရေးသားထားပါသည် ။

အောက်ပါလင့်မှာ ဒေါင်းပါရန် ။
http://www.mediafire.com/?azs1s7rn8u9997n
or
http://www.2shared.com/document/TEZs3wET/79_online.html
ပြန်လည်တင်ပေးထားတာ လိပ်စာ
>အပြည့်အစုံဖတ်ရန်>

ပုံတော်စုံ ငါးရာ့ငါးဆယ် အနှစ်ချုပ် Author(s): ဦးအောင်ညွန့်ဝင်း

FIV | 19:41 | Best Blogger Tips

လောက၏ ဖြစ်တတ်ပုံ အစုံစုံနှင့် သိမှတ်စရာများစွာပါရှိသည့် ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုတော်များကို တစ်အုပ်တည်းအပြီး အကျဉ်းချုံးထားသော စာအုပ်ဖြစ်သည်။
ဝတ္ထုတိုင်းတွင် ပစ္စုပ္ပန်ဝတ္ထု၊ အတိတ်ဝတ္တု၊ ဇာတ်ပေါင်း၊ အနှစ်ချုပ်ဟူ၍ အပိုင်းများခွဲကာ ရေးသားထားပြီး လူတိုင်းနားလည်လွယ်စေရန် လွယ်ကူသော စကားပြေ ရှင်းလင်းသော အရေးအသားတို့ဖြင့် စီ
စဉ်ထားသည်ကို တွေ့ရသည်။ ဘုရားလောင်းဘ၀ ဇာတက၀တ္ထုလာ ဇာတ်ကြောင်းများကို ခြုံငုံမိစေမည့်အပြင် ဇာတ်တော်၏ အနှစ်သာရကိုလည်း အလွယ်တကူ နားလည်နိုင်မည့် စာအုပ်ဖြစ်သည်။
Download>>>mediafire
>အပြည့်အစုံဖတ်ရန်>

သူမင်းကိုဘယ်တော့မှ (ဂျူး)

FIV | 19:40 | Best Blogger Tips

Novel E-Books ခေါင်းစဉ်ကဏ္ဍတွင်အသစ်တင်စာအုပ်
"သူမင်းကိုဘယ်တော့မှ (ဂျူး)"
khtnetpc.webs.comတွင်ရယူနိုင်ပါပြီ။
အောက်ကလင့်မှာလည်းတိုက်ရိုက်ဒေါင်းနိုင်ပါသည်။
http://minus.com/l7pRgZdPtsuV5

>အပြည့်အစုံဖတ်ရန်>

Rock ဂစ်တာတီးနည်း (ညီညီထွေး) စာအုပ်

FIV | 19:36 | | | Best Blogger Tips

ဂစ်တာတီးနည်းကိုလေ့လာလိုသူတို့အတွက် အဖိုးတန်ရှားပါးစာအုပ်လေးပါ
 ပြင်ပမှာ ၆၀၀၀ ခန့်ပေးရတဲ့စာအုပ်လေးပါ။
Download>>>lastbox (or)mediafire (or)zippyshare
 
Music Software & Ebooks ခေါင်းစဉ်ကဏ္ဍတွင်အသစ်တင်စာအုပ်
ဂစ်တာတီးနည်းကိုလေ့လာလိုသူတို့အတွက် အဖိုးတန်ရှားပါးစာအုပ် ပြင်ပမှာ ၆၀၀၀ ခန့်ပေးရတဲ့စာအုပ်လေးပါ။လေ့လာဖို့ ဆောင်ထားကြပါစို့။
"Rock ဂစ်တာတီးနည်း (ညီညီထွေး)"
khtnetpc.webs.comတွင်ရယူနိုင်ပါပြီ။
အောက်ကလင့်မှာလည်းတိုက်ရိုက်ဒေါင်းနိုင်ပါသည်။
http://minus.com/lkDCOW06MmmCu
 
khtnetpc.webs.com မှမျှဝေလိုက်ပါတယ်
>အပြည့်အစုံဖတ်ရန်>

မိမိနှစ်သက်ရာ Website များ Facebook Page များကို ကိုယ်ပိုင် Apk ဖန်တီးထားချင်ကြသူများအတွက်…

FIV | 19:32 | | Best Blogger Tips

  • ကျနော်တို့ အနေနဲ့ ဒီ နည်းစနစ်ကိုသုံးပြီး မိမိရဲ့ ကိုယ်ပိုင် Website ကိုသော်လည်းကောင်း၊ ဒါမှမဟုတ် မိမိ ကြည့်ရှုလေ့ရှိတဲ့ Website တွေ၊ ကိုသော်လည်းကောင်း ဖန်တီးထားနိုင်ပါတယ်။
  • ဒီလို ဖန်တီး ဖို့ အတွက် ကျနော်တို့ သုံးချင်တဲ့ Icon တွေ၊ နောက်ခံပုံတွေကို သက်ဆိုင်ရာ Website အလိုက် ၊ Link အလိုက် လိုက်ဖက်ညီအောင် ကြိုတင်ပြီး သက်ဆိုင်ရာဆိုဒ်များမှာ ဒေါင်းယူထားပေါ့ဗျာ :-) :-) :-)
  • ပထမဆုံး ဒီလင့်မှာ ၀င်ရောက်ပြီး Sign Up လုပ်လိုက်ပါ။ ပြီးရင် မိမိ Sign Up လုပ်လိုက်တဲ့ Gmail အကောင့်ကိုဝင်ပြီး Acivation Comfirm လုပ်ပေးလိုက်ရင် ကျနော်တို့ စတင်ပြီး ကိုယ်ပိုင် Android Application တွေ၊ Windows Phone Appliacation တွေကို စတင်ဖန်တီးလို့ရပါပြီ။
  • ကျနော် စမ်းသပ်ကြည့်သလောက်တော့ မိမိတို့ အမြဲလေ့လာကြည့်ရှုလေ့ ရှိတဲ့ Website တွေ၊ Facebook Page တွေကို Application တစ်ခုတည်းမှာပဲ စုစည်းပြီး ဖန်တီးထားလို့လည်း ရပါတယ်။ ကိုယ်တိုင် စမ်းသပ်ရင်းနဲ့ မိမိစိတ်ကြိုက်ဖန်တီးကြည့်လိုက်ပါ။ ကျနော်အနေနဲ့က တော့ ဒီပို့စ်မှာ အညွှန်းသဘောလောက်ပဲ တင်ပြပေးသွားမှာပါ။ Free Android Apk ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Premium ဖန်တီးချင်ရင်လည်း အဆင်ပြေပါတယ်ခင်ဗျား…..
  • အခြား ဖန်တီးလို့ရတဲ့ လင့်လေး ရှိပါသေးတယ်။ ဒီမှာ ၀င်ရောက်ကြည့်လိုက်ပါ။ ကျနော်က တော့ ပထမ လင့်ကိုပဲ သုံးပြီး တင်ပြပေးသွားမှာပါ။
အောက်ပါပုံကတော့ ပထမဆုံး လုပ်ဆောင်ပေးရမယ့် မြင်ကွင်းဖြစ်ပါတယ်။ Create new ကိုနှိပ်လိုက်ပါ။
1

Enter Facebook or site ဆိုတဲ့နေရမှာ မိမိနှစ်သက်ရာ Link ကို Copy ယူပြီးထည့်လိုက်ပါ။
2
ဒီပုံကတော့ ကျနော် နမူနာ လုပ်ပြပေးထားတာပါ။ Category မှာ Everyone ကိုပဲရွေးပေးတာ အကောင်းဆုံးပါ။
3
အဆင်သင့်ဖြစ်ရင် Go Mobile ဆိုတာ နှိပ်လိုက်ပါက အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ခဏစောင့်လိုက်ပါ။
4
ဒါဆိုရင်တော့ ဒီပုံအတိုင်း တွေ့ရပါမယ်။ Untitled ဆိုပြီးတွေ့ရပါမယ်။ ပြန်ပြင်လို့ရပါတယ်။ အရင်ဆုံးလေ့လာကြည့်ပါ။
5
အောက်ပါပုံကတော့ Facebook Page ရဲ့ Link ထည့်ပုံဖြစ်ပါတယ်။ မိမိထည့်ချင်တဲ့ FB Link ကို Copy ယူလိုက်ပြီး မျှားပြထားတဲ့နေရာမှာ Paste လုပ်လိုက်ပါ။ လင့်အပြည့်အစုံက ပုံအတိုင်း ပြောင်းသွားမှာပါ။
11
အောက်ပါပုံအတိုင်း ဆက်လုပ်ပါ။ 1.2.3 တွေကတော့ Theme. Background နဲ့ Navigation တွေပါပဲ။ တခုချင်းစီအတွက်မိမိနှစ်သက်ရာရွေးပေးလိုက်ပါ။ Background အတွက် ကိုယ်တိုင် Upload တင်ပြီးလည်း သုံးနိုင်ပါတယ်။
6
9
ကျနော်တို့ ပုံ (၅) မှာ တွေ့ရတဲ့ Untitled ဆိုတာ ဒီနေရမှာ ပြင်မှာပါ။ icon နဲ့ Splash Screen ကို မိမိစိတ်ကြိုက် upload တင်ပြီးသုံးနိုင်ပါတယ်။
7
အောက်ပါပုံကတော့ Icon နဲ့ Splash Screen ကို ကျနော် Upload လုပ်ပြီး သုံးထားတဲ့ပုံပါ။
8
ဒီပုံကတော့ Add more pages ဆိုတဲ့ Tab ထဲကနေ မိမိထည့်သွင်းချင်ရာ Icon ကိုနှိပ်ပြီး နာမည်ပေးလိုက်ပါ။ Additional Page မှာလည်း Custom အနေနဲ့ စိတ်ကြိုက်ထည့်သွင်းလို့လည်း ရပါတယ်။
12
ဒီပုံကတော့ နမူနာ Page တွေ၊ Link တွေထည့်ပြပေးထားတဲ့ ပုံပါ။
13
မိမိစိတ်ကြိုက် ထည့်သွင်းပြီးသွားရင်တော့ Generate ဆိုတဲ့ Tab ကိုနှိပ်ပေးနိုင်ပါပြီ။
14
ဒါဆိုရင်တော့ ကျနော်တို့ apk တစ်ခုကို ဒေါင်းပြီး စမ်းသပ်သုံးစွဲကြည့်လို့ရနိုင်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Download file ကိုနှိပ်ပြီး ဖုန်းပေါ်မှာ သုံးစွဲကြည့်လိုက်ပါ။
15
ကျနော်အနေနဲ့ အညွန်းလောက်ပဲ ပြပေးထားတာ ဖြစ်တဲ့အတွက် မိမိစိတ်ကြိုက် စမ်းသပ်ပြီး လုပ်ကြည့်ပါဗျာ…. :-) :-) :-)
Ref>>>http://myanmarplay.com/?p=2255
>အပြည့်အစုံဖတ်ရန်>

အခြေခံကီးဘုတ်တီးနည်း PDF

FIV | 19:30 | Best Blogger Tips

အော်ဂင်၊ စန္ဒရား တီးရတာဝါသနာပါတဲ့သူငယ်ချင်းတွေ  လေ့လာလိုတွေအတွက် အသုံးတည့်မယ်စာအုပ်လေးပါ 
Download>>>lastbox (or)zippyshare (or)mediafire
 
 
>အပြည့်အစုံဖတ်ရန်>

Saturday, 8 December 2012

ချဲလ်ဆီး အသင်းဖော်ဟောင်း တွေကို လက်စွပ်တွေ ပေးခဲ့တဲ့ ဒရော့ဘာ

FIV | 23:39 | Best Blogger Tips


ချဲလ်ဆီး ကစားသမားဟောင်း ဒီဒီယာ ဒရော့ဘာသည် ပြီးခဲ့သည့် နှစ်က ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်တွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည့် အမှတ်အသားများ ပါဝင်သည့် စိန်လက်စွပ်များကို သူ၏ ချဲလ်ဆီး အသင်းဖော်ဟောင်းများထံ လက်ဆောင် ပေးခဲ့ကြောင်း သိရသည်။

...
လက်ရှိ အချိန်တွင် တရုတ် စူပါလိဂ် ကလပ်အသင်း ရှန်ဟိုင်းရှင်ဟွာတွင် ကစားလျှက် ရှိသည့် ဒရော့ဘာသည် သူ၏ အသင်းဖော် ဟောင်းများနှင့် ယမန်နှစ်က ချဲလ်ဆီးအသင်း ချန်ပီယံလိဂ် ဖလား ရရှိစဉ်က အသင်းတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ၀န်ထမ်းများကို ညစာဖြင့် တည်ခင်းခဲ့ပြီးမှ သူ၏ အမှတ်တရ လက်ဆောင်များကို အသင်းဖော်ဟောင်းများထံ
ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ညစာစားပွဲကို ချဲလ်ဆီး၏ ယခုနှစ် ချန်ပီယံလိဂ် နောက်ဆုံးပွဲ အပြီး (၂၄)နာရီ အကြာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုပွဲသို့ တောရက်စ်၊ ပီတာချက်နှင့် မာတာတို့ တက်ရောက်ခဲ့ခြင်း မရှိပေ။ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည့် နည်းပြဟောင်း ဒီမက်တီယိုမှာလည်း အကြောင်းကြောင်းကြောင့် အဆိုပါ ညစာစားပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒရော့ဘာသည် ပေါင် (၈)သိန်း တန်ဖိုးရှိသည့် လက်စွပ်များကို အသင်းဖော်များထံ အမှတ်တရ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်စွပ်များကို ရွှေဖြင့် ပြုလုပ်ထားပြီး စိန်နှင့် နီလာများကို အသုံးပြုကာ ချန်ပီယံလိဂ် ပြိုင်ပွဲ အမှတ်အသား ဖြစ်သည့် ကြယ်ပွင့်များကဲ့သို့ ပုံဖော်ပြုလုပ် ထားသည်။ လက်စွပ်၏ မျက်နှာပြင်တွင် 2011-12 UEFA CL Champion ဟူသည့် စာသားကိုလည်း လှပစွာ ပုံဖော်ထားသည်။ ထိုသို့ လက်ဆောင် ပေးခဲ့ရခြင်းနှင့် ပတ်သက်၍ ဒရော့ဘာက "ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ ညတစ်ညကို အမြဲတမ်း လှလှပပ အမှတ်ရနေစေဖို့ပါ"ဟု ဒရော့ဘာက ဖွင့်ဟခဲ့သည်။

ဒရော့ဘာသည် မာဆေးအသင်းမှ ချဲလ်ဆီးသို့ ၂၀၀၄ ခုနှစ်တွင်
ပြောင်းရွှေ့လာခဲ့ပြီးနောက် (၈)နှစ် အတွင်း ပွဲပေါင်း (၃၄၁)ပွဲ ကစားကာ ဂိုးပေါင်း (၁၅၇)ဂိုး အထိ သွင်းယူနိုင်ခဲ့သည်။ အသင်းနှင့်အတူ ချန်ပီယံလိဂ် ဆုဖလား အပါအ၀င် ပရီးမီးယားလိဂ် (၃)ကြိမ်၊ အက်ဖ်အေဖလား (၄)ကြိမ်၊ ကာလင်းဖလား(၂)ကြိမ် ရယူနိုင်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည်။

Soccer Myanmar
>အပြည့်အစုံဖတ်ရန်>

အသားအရေပူခြင်း

FIV | 07:44 | Best Blogger Tips

သွေးဆုံးသည့်အရွယ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးများတွင် ဖြစ်ပေါ်လေ့ ရှိသော ဟော်မုန်း ပမာဏ အပြောင်းအလဲဟာ ခန္ဓာကိုယ်တွင်း အပူချိန်ကို သိသာစွာ မြင့်တက် သွား စေပါတယ်။
၂၀ဝ၈ ခုနှစ်တွင် ပြုလုပ် ခဲ့သည့် လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ငါးရက်တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းစတဲ့ ယောဂ လေ့ကျင့်ခန်း ပြုလုပ်သော အမျိုး သမီးများမှာ အသားအရေပူခြင်း၊ ညအိပ်စဉ် ချွေးအလွန်ထွက်ခြင်း ပြဿနာဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရှိ ရပါတယ်။ ပဲနို့၊ တို့ဟူး သို့မဟုတ် အီစထရိုဂျင် ပါသော စားစရာများကို စားပေးခြင်းက ထိုဝေဒနာကို သက်သာစေနိုင်ပါတယ်။
ร้อน
>အပြည့်အစုံဖတ်ရန်>

ပါးရေတွန့်ခြင်းကို သင်္ဘောသီးဖြင့် ဖျောက်ဖျက် ပစ်ပါ

FIV | 07:36 | Best Blogger Tips

ပါးရေတွန့်ခြင်းကို သင်္ဘောသီးဖြင့် ဖျောက်ဖျက် ပစ်ပါသင်္ဘောသီးမှာ သင့်အရေပြား အပေါ်ဆုံးအလွှာကို စားပစ်နိုင်တဲ့ အင်ဇိုင်းအများအပြား ပါဝင်တယ်။ ဒါ့ကြောင့် ပါးရေနားရေ တွန့်ကြောင်း များကို လျော့နည်း သွားစေတာ ဖြစ်တယ်။
သင်္ဘောသီး တစ်လုံးကို ရေဆေး ကြောပြီး အခွံနွှာပါ။ ယင်းကို လက်ဖက်ရည် ဇွန်း ၂ ဇွန်းစာယူပြီး ခြောက်သွေ့တဲ့ အုတ်ဂျုံ (Oatmeal) တစ်ဇွန်းစာနှင့်ရောပါ။ ယင်းနောက် အရေးအကြောင်းများရှိ တဲ့ နေရာကို လိမ်းကျံပေးပြီး ၁၀ မိနစ်ကြာလောက် ထားလိုက်ပါ။ ယင်းနောက် ပိတ်စ တစ်ခုကို သုံးကာ မျက်နှာကို သန့်စင် လိုက်ပါ။


>အပြည့်အစုံဖတ်ရန်>

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

FIV | 07:33 | Best Blogger Tips

ကျွန်တော်တို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတု ပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ် အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင် လုပ်ဖို့ပါ။
ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်း သွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာ ပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ် ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။
မှို
မှိုမှာ ခုခံအားစနစ် ကောင်းစေတဲ့ ဗီတာမင်ဒီ ပါဝင်ရုံမက ခုခံအားစနစ်အတွက် လိုအပ်တဲ့ polysaccharides တွေလည်း ပါဝင်ပါတယ်။ Polysaccharides တွေဟာ ရောဂါပိုးတွေကို သဘာဝအလျောက် သေစေနိုင်တဲ့ Cells တွေကို ၅၀ ရာခိုင်နှုန်းထိ တိုးပွားစေနိုင်ပါတယ်။ ဒါ့ပြင် မှိုဟာ ဘက်တီးရီးယားကို သေစေနိုင်တဲ့ defensins ခေါ် antimicrobial peptides ကိုလည်း ထုတ်လုပ် ပေးနိုင်ပါတယ်။ ရောဂါပိုးကို တွန်းလှန်နိုင်ဖို့ မှိုကို အများကြီး စားစရာ မလိုပါဘူး။ ခွက်တစ်ဝက်စာ ၆၀ ဂရမ်လောက်ဆို လုံလောက်ပါတယ်။

ဆီးသီး
ဆီးသီးဟာ blueberry သီးလိုမျိုး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှု အများဆုံးအစာပါ။ ဆီးသီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဟာ လက်တစ်ဆုပ်စာ blueberryသီးနဲ့ ပမာဏချင်း တူညီပါတယ်။
ကိုယ်ခံစွမ်းအားကောင်းစေမည့် နည်းငါးသွယ်
ဘဝမှာ ကျန်းမာ ပျော်ရွှင်ချင်တယ် ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊ ဘဝတက်လမ်း၊ အသည်းနဲ့ ဆက်ဆံရေး တွေမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာနဲ့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ။
သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့ ဖိစီးမှု ဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။ အေးငြိမ့်နေတဲ့ သံစဉ်ဟာ နားမှတစ်ဆင့် စိတ်ရှုပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ စိတ်ပြေလျော့ သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ။
နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကို တွေးတော လိုက်ရင် ကြည်နူးမှုကို ပိုမိုရရှိစေပါလိမ့်မယ်။ အတိတ်ရဲ့ အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။ နာနတ်သီးမှာ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ်အများအပြား ပါဝင်နေပါတယ်။
သင့်ဘဝတက်လမ်းကို အားဖြည့်ပါ။
အနက်ရောင် ဘယ်ရီသီး ပါဝင်တဲ့ နံနက်စာကို စားပေးတာက အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင် နေသူတွေမှာ တခြားသူတွေ ထက် တွေးခေါ်မြော်မြင်မှု ပိုကောင်းပြီး ပိုအောင်မြင်ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ။
အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် သောက်ပေး နိုင်ပါတယ်။ ရုရှား လေ့လာမှုအရ အရက် အလွန်အမင်း သောက်သူတွေဟာ အသည်းထိခိုက်နှုန်း များတတ်ပေမယ့် အရက် သောက်သော်လည်း ဒိန်ချဉ်သောက်သူတွေ မှာတော့ ခန္ဓာကိုယ်ရဲ့ ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်း ထိခိုက်မှု နည်းတာကို တွေ့ရှိရပါတယ်။
သင့်ဆက်ဆံရေးကို အားဖြည့်ပါ။
ငြီးငွေ့ဖွယ်ရာ ကောင်းတဲ့ အချိန်မှာ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရမှာ စိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။ သစ်သီးဖျော်ရည်မှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့် စိတ်လန်းဆန်း သွားပါလိမ့်မယ်။

>အပြည့်အစုံဖတ်ရန်>

ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း

FIV | 07:18 | Best Blogger Tips

ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်းမူကြိုအရွယ်ကလေးများတွင် တွေ့ရမည့်လက္ခဏာများ
(၁) တစ်ချိန်လုံး မျက်ရည်များ စီးကျနေခြင်း
(၂) အစာမစားတော့ခြင်း
 (၃) ညအချိန်တွင် မအိပ်ဘဲ နိုးနေခြင်း
(၄) မကြာခဏ အိပ်မက်ဆိုးများ မက်ပြီး ချောက်ချားစရာများ ကြုံရခြင်း
(၅) တောင်းဆိုမှုတွေ များလာခြင်း နှင့် သိနားလည်မှုမရှိခြင်း
(၆) တခြားကလေးများအား အနိုင်ကျင့်ခြင်း၊ ထိပါးရိုက်ပုတ်ခြင်း၊ ကိုက်ခြင်း
(၇) မုသားစကားတွေ စတင်ပြောလာခြင်း
(၈) ဖျက်လိုဖျက်ဆီး အပြုအမူများ ပြုလုပ်လာခြင်း စသည်တို့ဖြစ်သည်။
အနည်းငယ်သော ကလေးများက သူတို့၏ ဝမ်းနည်းခံစားမှုများကို စကားလုံးများအဖြစ် ထုတ်ဖော်ပြော ဆိုတတ်သော်လည်း ပုံမှန်အားဖြင့် အပြင်သွားခြင်း၊ ပျော်ရွှင်စွာနေထိုင် ခြင်းများ ရှိတတ်ပါသည်။ ၄င်းတို့၏ ပါးစပ်မှ "လောကကြီးက မှန်ကန်မျှတ မှု မရှိပါဘူးမေမေရယ်" ဟု ပြောတတ်သည်။ ကလေးများအနေဖြင့် တစ်ခုခု မှားယွင်းသွားသည့်အခါ သူတို့ကိုယ်သူတို့ အပြစ်တင်လွယ်လာကြပြီး သူတို့ကိုယ်သူတို့ တန်ဖိုးမရှိ ဟု ထင်လာတတ်ကြပါသည်။ သူတို့၏ အပြုအမူများသည် ပြစ်ဒဏ်ပေးရန် ထိုက်တန်သော အပြုအမူများဖြစ်လာ တတ်သည်။ ဥပမာ- လိမ်ပြောခြင်း၊ ခိုးဝှက်ခြင်း၊ ကျောင်းမှ ကျောင်းပြေး များနှင့်အတူ အပေါင်းအသင်းလုပ် ဆော့ကစားခြင်း စသည်တို့ဖြစ်သည်။ သတိပြုရန်မှာ- စိတ်ဓာတ်ကျပြီး အလိုက်ကန်းဆိုးမသိဖြစ်နေသော ကလေးသည် လုံးဝဆိုးသွမ်းနေသော ကလေးတစ်ဦးမဟုတ်ပါ။
ကျောင်းနေအရွယ်ကလေးများတွင် တွေ့ရသည့်လက္ခဏာများ
(၁) ကျောင်းစာနှင့် ကစားခြင်းများ တွင် စိတ်ဝင်စားမှု လျော့နည်းလာခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲလာခြင်း
(၂) အထီးကျန်များဖြစ်လာခြင်း
(၃) ကျောင်းသွားရန် ငြင်းဆန်ခြင်း
(၄) ပျင်းရိငြီးငွေ့သည်ဟု တစ်ချိန် လုံးပြောနေခြင်း
(၅) သူတို့ကိုယ်သူတို့ အထီးကျန်နေ သည်ဟု ပြောဆိုခြင်း
(၆) မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း
(၇) မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလာခြင်း
(၈) ပေါက်လွှတ်ပဲစား ဖြစ်သလို နေလာခြင်း
ဆယ်ကျော်သက်အရွယ်များတွင် တွေ့ရသည့်လက္ခဏာများ
ဆယ်ကျော်သက် များသည် စိတ်ခံစားမှု များနှင့် လူမှုရေး ပျက်ကွက်ခြင်များ ခံစား ကြရတတ်ပါသည်။ မည်သည့် အပြုအမူက ပုံမှန်အတိုင်း ဖြစ်သလဲဆိုသည်နှင့် စိတ်ဓာတ်ကျ ခြင်းက ဘယ်လိုဖြစ်သလဲ ဆိုသည်ကို ခွဲခြားရန်လည်း ခက်ခဲတတ်ပါသည်။ စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို ရှာဖွေရန်  လိုပါသည်။ လက္ခဏာ တစ်ခု သို့မဟုတ် တစ်ခုမှသုံးခု သို့မဟုတ် လေးခုထက် ပို၍လည်း ရှိတတ် ပါသည်။
၎င်းတို့မှာ-
(၁) ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားမှု များလာခြင်း၊ ဆတ်ဆတ်ထိမခံ ဖြစ်လာခြင်း
(၂) သူငယ်ချင်းများနှင့် ဝါသနာပါသည့် လုပ်ငန်းများကို စွန့်ခွာပစ်ပယ်လာခြင်း
(၃) ကျောင်းတွင် ခါတိုင်းကဲ့သို့ ကောင်းစွာ သင်ယူခြင်းမရှိတော့ဘဲ စိတ်ဝင်စားမှု နည်းလာခြင်း
(၄) အဝတ်အစား၊ ဂီတ၊ ဆံပင် ပုံစံ စသည်တို့တွင် စိတ်ဝင်စားမှု နည်းလာခြင်း
(၅)အစာလုံလောက်စွာ မစားတော့ခြင်း၊ အစားအသောက်ပျက်လာခင်း သို့မဟုတ် လွန်ကဲစွာ စားလာခြင်း၊ အန်ထွက်သည်အထိ စားခြင်း
(၆) မိမိကိုယ်ကို တန်ဖိုးထားမှု နည်းလာခြင်း
(၇) နေ့လယ်ခင်း ရောက်သည့်တိုင် အိပ်ရာမှ မထသေးဘဲရှိခြင်း
(၈) အကျင့်ဆိုးများနှင့် သူငယ်ချင်းဆိုးများ ရရှိလာခြင်း
(၉) မူးယစ်ဆေးဝါး သုံးစွဲလာခြင်း
(၁၀)အရက်သောက်တတ်လာခြင်း
(၁၁)သေခြင်းတရားအကြောင်း တွေးတောမှုတွေ များပြားလာခြင်း
(၁၂)သူတို့အရေပြားကို သူတို့ လှီးဖြတ်ခြင်းဖြင့် အနာတရဖြစ်အောင် လုပ်လာခြင်း

>အပြည့်အစုံဖတ်ရန်>

ထိုင်း ပရီးမီးယားလိဂ် ကလပ် TOT FC နှင့် မြန်မာကလပ် နှစ်သင်း ခြေစမ်းကြမည်

FIV | 07:12 | Best Blogger Tips

ထိုင်း ပရီးမီးယားလိဂ် ကလပ် TOT FC နှင့် မြန်မာကလပ် နှစ်သင်း 
ခြေစမ်းကြမည်ထိုင်း ပရီးမီးယားလိဂ် ကလပ် TOT FC နှင့် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်း နှစ်သင်းဖြစ်သော ကမ္ဘောဇ၊ ဧရာဝတီ ယူနိုက်တက် အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားကြ မည် ဖြစ်ကြောင်း သိရသည်။
TOT FC သည် ပြီးခဲ့သည့် ၂ဝ၁၂ ထိုင်း ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲတွင် အဆင့် (၁၂) နေရာ ရရှိခဲ့သည်။ အသင်းတွင် နိုင်ငံခြားသား ကစား သမား ငါးဦး ပါဝင်နေရာ ၎င်းတို့မှာ ဘရာဇီးသား နှစ်ဦး၊ အင်္ဂလိပ် တစ်ဦး၊ ကိုရီးယား တစ်ဦးနှင့် ဂျပန် တစ်ဦးတို့ ဖြစ်ကြသည်။ ပထမ ခြေစမ်းပွဲ အဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် TOT FC နှင့် ကမ္ဘောဇ အသင်းတို့ ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ မူလက တောင်ကြီးမြို့တွင် ကစားရန် ကမ္ဘောဇ အသင်းက အဆိုပြုခဲ့ သော်လည်း TOT FC ၏ ဆန္ဒအရ ရန်ကုန် မြို့တွင်သာ ကစားရန် စီစဉ် လိုက် ခြင်းဖြစ်သည်။ ဒုတိယ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၉ ရက်၌ သုဝဏ္ဏ ကွင်းမှာပင် TOT FC နှင့် ဧရာဝတီ ယူနိုက် တက်တို့ ဆက်လက် ယှဉ်ပြိုင် ကစား ကြမ ည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ခြေစမ်းပွဲများ ကစားရန် TOT FC က ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

>အပြည့်အစုံဖတ်ရန်>

မန်စီးတီးအသင်းမှာ ပြိုင်ဘက်မဟုတ်ဟု ဂစ်ပြောကြား

FIV | 07:08 | Best Blogger Tips





မန်စီးတီးအသင်းမှာ ပြိုင်ဘက်မဟုတ်ဟု ဂစ်ပြောကြားမန်ယူ ကွင်းလယ်လူ ဂစ်သည် ပရီးမီးယား လိဂ်တွင် ၎င်းကို အသင်းအတွက် အဓိက ပြိုင်ဘက်မှာ မန်စီးတီး မဟုတ်ဘဲ လီဗာပူး သာလျှင်  ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် တနင်္ဂနွေ နေ့တွင် ရင်ဆိုင် ကစားရမည့် မန်ချက်စတာ ဒါဘီ ပွဲစဉ်သည် မန်ယူ အသင်းအတွက် အစမ်းသပ်ခံ ပွဲစဉ်တစ်ခု ဖြစ်ကြောင်း အဆိုပါ ၀ါရင့် ကွင်းလယ်လူက ဆိုသည်။ ဂစ်က မန်စီးတီး အသင်းသည် မိမိတို့ အတွက် အဓိက ပြိုင်ဘက် မဟုတ်ဘဲ မန်ယူ အသင်းအတွက် လီဗာပူး အသင်းက ခြိမ်းခြောက် နိုင်စွမ်း ရှိကြောင်း၊ မိမိတို့ အနေဖြင့် ကွဲပြား ခြား နားသော ရင်ဆိုင်မှုများနှင့် ကြုံတွေ့ခဲ့ ဖူးကြောင်း ၊ အာဆင်နယ် ဆိုရင် အသင်းကောင်း တစ်သင်းဖြစ်ပြီး မိမိတို့နှင့် အကြိတ်အနယ် ရှိခဲ့သလို ချဲလ်ဆီး အသင်းဆိုရင် နည်းပြ မော်ရင် ဟို လက်ထက်မှာ ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ကာ ယခု မန်စီးတီး အသင်းမှာ ပြောင်းလဲ တိုးတက်လာပြီ ဖြစ် ကြောင်း ၊ တနင်္ဂနွေနေ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ မိမိတို့ အတွက် အစမ်း သပ်ခံ ပွဲစဉ်တစ်ခု ဖြစ်လာနိုင် ကြောင်း ပြောကြားခဲ့သည်။
>အပြည့်အစုံဖတ်ရန်>

Sunday, 2 December 2012

ဖြိုးကြီး – မမုန်းကြေး [Album]

FIV | 20:12 | Best Blogger Tips

၀၁။ ရူးသွား
၀၂။ မမုန်းကြေး
၀၃။ ပြန်ခဲ့တော့
၀၄။ တစ်ဖက်သတ်အချစ်
၀၅။ ငြှိတဲ့သူ
၀၆။ ဇွတ်
၀၇။ သူမချစ်ပဲနဲ့
၀၈။ Happy Birthday
၀၉။ ကမ်းခြေပျော်ပွဲ
၁၀။ တစ်ခုတည်းသောခိုလှုံရာ
၁၁။ ပန်းနုရောင်အလွမ်း [Bonus Track]
downloag song here
>အပြည့်အစုံဖတ်ရန်>

ဗျူဟာ – နိုင်ငံကျော်မယ့်ဗျူဟာ

FIV | 20:00 | Best Blogger Tips

၀၁ မိုက်(ခ်) ၀၂ သမီးရှင် ၀၃ Mr.ဗျူဟာ ၀၄ အာဂယောက်ျား[ရာဇဝင်] ၀၅ ပထမဆုံး [နေမဝင်] ၀၆ နိုင်ငံကျော်မယ့်ဗျူဟာ ၀၇ Beautiful Girl ၀၈ အကြီးကြီး [သားကြီး Black RC] ၀၉ The Cross [အက္ခရာ၊ ထက်ထက်] ၁၀ ရေဆုံးမြေဆုံး [ကာရန်ဟိန်း] ၁၁ အပျိုကြီး ၁၂ လာခေါ်မှာပေါ့ ၁၃ ငါ့ဘာဂျာ ၁၄ ငါ့ရဲ့မနက်ဖြန် သီချင်းဒေါင်းလွတ်ရယူရန်
>အပြည့်အစုံဖတ်ရန်>

Saturday, 1 December 2012

ဂျပန် နိုင်ငံတွင် 3D နည်းပညာဖြင့် အသုံးပြု ပုံဖော်ထားသည့် သန္ဓေသား တွေ့မြင် နိုင်တော့မည်

FIV | 05:54 | Best Blogger Tips

ချီဘာ နိုဝင်ဘာ ၃၀ ဂျပန်နိုင်ငံမှ ကိုယ်ဝန်ဆောင် မိခင်များသည် ၎င်းတို့၏ ရင်သွေးငယ်အားMRIရောင်ခြည်ဖြင့် စစ်ဆေး ပြီးနောက် ]]3D}}နည်းပညာကို အသုံးပြု၍ ၉ စင်တီမီတာ (၃ ဒသမ ၆ လက်မ)အရွယ် ကော်စေ့ခန့် အဖြူရောင် သန္ဓေသား ပုံစံငယ်ကို မြင်တွေ့နိုင်မည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံမှ အမျိုးသမီးငယ် များသည် ယန်း ၁ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂ဝဝ) တန်ဖိုးရှိ ]Shape of on Angle}}အမည်ရှိ လူပုံ အသေးစားကို မိုဘိုင်းလ်ဖုန်းတွင် အလှ တပ်ဆင် အသုံးပြု နေကြကြောင်း သိရသည်။ တိုကျိုမြို့၏ ဆေးခန်း တစ်ခု၌ ဒီဇင်ဘာလတွင် ယန်း ၅ဝဝဝဝ (ဒေါ်လာ ၆ဝဝ) ဖြင့် ၎င်းတို့ သန္ဓေသား၏ မျက်နှာပုံ သဏ္ဌာန်ကို 3D ပုံစံဖြင့် ဖော်ပြထား သည့် မော်ဒယ်လ် ပုံများကို ထုတ်လုပ် သွားမည် ဖြစ်ကြောင်းFASOTEC ကုမ္ပဏီက ပြောကြားခဲ့သည်။ FASOTEC ကုမ္ပဏီသည် ၎င်းတို့နှင့် အကျိုးတူ ပူးပေါင်းထားသည့် တိုကျိုမြို့ ရှိ ဆေးရုံ တစ်ရုံတွင် သန္ဓေသား များ၏ မျက်နှာသွင်ပြင် များကို Ultrasound ရိုက်ယူ၍ 3D နည်းပညာကို အသုံးပြုပြီး ဖော်ပြသွားမည် ဖြစ်သည်။ မိခင်လောင်းများ အနေဖြင့် ကိုယ်ဝန်ဆောင် ကာလ ရှစ်လ သို့မဟုတ် ကိုးလ ဝန်းကျင် သည်သာ စကင်ဖတ် စစ်ဆေးရန် အကောင်းဆုံး အချိန် ဖြစ်ကြောင်း ဂျပန်နိုင်ငံFASOTEC ကုမ္ပဏီမှ တိုမိုဟီရို ကီနိုရှီတာက ပြောကြားခဲ့ သည်။
>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ