All In One Booster 
 
Android ဖုန်းတွေအတွက် မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ All In One Booster Application လေးပါ။ All In One Boosterရဲ့ Versionကတော့ Pro 1.0 ဖြစ်ပါတယ်။ သင့်မိုဘိုင်ဖုန်းရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ ဘက်ထရီ၊ အင်တာနက်လိုင်း၊ လိုင်းဆွဲအား၊ Wi-Fi အစရှိတဲ့ စနစ်တွေကို 60%အထိ အမြန်နှုန်းကို မြှင့်တင် ပေးနိုင်ပါတယ်။ ဘက်ထရီသက်တမ်းကိုလည်း ကြာရှည်ခံနိုင်အောင် ပြုလုပ်ပေးသည့်အပြင် အင်တာနက် အသုံးပြုတဲ့အခါ ဒေါင်းလုပ် Speed အမြန်နှုန်းကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှု ပြုလုပ်တဲ့အခါမှာလည်း လိုင်းဆွဲအားကို ကောင်းမွန်နေစေပြီး Wi-Fi အင်တာနက် ကွန်နက်ရှင် အမြန်နှုန်းကိုလည်း မြှင့်တင် ပေးထားပါတယ်။ ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေရဲ့ အမြန်နှုန်းကို မြှင့်တင်ချင်ရင်တော့ Turn on Boosterကို ကလစ်တချက် နှိပ်ပေးလိုက်ရုံဖြင့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိမှာ သေချာပါတယ်။ Android 2.1နှင့် အထက်တွေမှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားကတော့ 1.68MB ရှိပါတယ်။ အခမဲ့ ပေးထားတဲ့ Applicationဖြစ်ပြီး www.1mobile.com မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။ လက်ရှိအချိန်ထိ All In One Boosterကို အွန်လိုင်းမှ ဒေါင်းလုပ် ပြုလုပ်တဲ့ အရေအတွက် တစ်သောင်းကျော်ခန့် ရှိနေပြီး လူကြိုက်များနေတဲ့ Application လေးပါ။

0 comments:
Post a Comment