အမှားနှစ်ခု
ထပ်ရင် အမှန်ဖြစ်နိုင်မလား လို့ မေးကြသူတွေအတွက် ပါ .. 
ဟာသလေး နဲ့
ပုံခိုင်းပြီးပြောပြမယ် .. 
လူတစ်ယောက်ဟာ
စတိုးဆိုင်တစ်ခုကိုရောက်လာပါတယ် ..
** သော့ခလောက်တစ်ခုပေးစမ်းပါဗျာ
… ကျနော့သော့ခလောက်က 
ဖွင့်လို့ပဲရတယ်
ပိတ်လို့ မရဘူး မို့ **
ဆိုင်ပိုင်ရှင်
- ** ဟာ ဒါဆို အတော်ပဲ ဒါလေးယူသွားလိုက် ..
             ဒီသော့ခလောက်က ပိတ်လို့ပဲ ရတယ် ဖွင့်လို့မရဘူး
**  :3 
ကဲ … ကျနော်တို့
လွယ်လွယ်ငြင်းနေကြတဲ့ .. အမှားပေါ် အမှားထပ်ရင် အမှန် ဖြစ်နိုင်ပါ့မလား ??
ကျနော်တို့
တော်တော်များများက အမှားတစ်ခုကို ဖုံးဖို့ နောက်အမှားတစ်ခု ထပ်ပြင်ဆင်ကြပါတယ်
ဒါဟာ ခဏတာအတွက်
ပထမ အမှားကို ဖုံးအုပ်နိုင်ကောင်း ဖုံးအုပ်နိုင်လိမ့်မယ် ။
အမှားတစ်ခုကို
အကြာကြီးလက်ခံထားမိရင် မှန်သယောင်ယောင်ထင်သွားတတ်တာ ခင်ဗျားတို့လဲ အသိမို့လား
ဒါ့ကြောင့်
.. အမှားတစ်ခုကို အမှားလို့ လက်ခံပြီး အမှန်ကို အမြန်ပြင်သင့်တာမို့ .. 
အမှားပေါ်
အမှားထပ်ရင် အမှန်ဖြစ်နိုင်မလားလို့ မေးကြသူတွေအတွက် .. အတွေးလက်ဆောင်ပါ..
လင်းယုန်ဖြူလေး
(MMC)
အတွေးလေးနဲနဲရသွားရင်
ကျေနပ်ပါပြီ ^_~

0 comments:
Post a Comment