Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday 3 March 2013

အသုံးဝင်သော အလွယ်တကူဖြေရှင်းနည်းများ

FIV | 16:41 | Best Blogger Tips

-- အသုံးဝင်သော အလွယ်တကူဖြေရှင်းနည်းများ

-ပုရွတ်ဆိတ် ပြဿနာ
ပုရွတ်ဆိတ်က သခွားသီးမုန်းပါတယ် ။ ဒါကြောင့် ပုရွတ်ဆိတ်မလာစေချင်ရင် သူလာရာလမ်း နဲ့ အပေါက်တွေမှာ သခွားသီးပါးပါးလှီးချထားလိုက်ပါ။

- ရေခဲသန့် သန့် လိုချင်သလား
ရေခဲကို မခဲခင် ဆူအောင် အရင်ကြိုလိုက်ပါ။

-မှန်ကိုတောက်ပစေချင်ရင် စပရစ်ဖြန်းပြီးဆေးပါ။

- အကျီမှာ ကပ်နေတဲ့ ပီကယ်တွေ ဖယ်ချင်တယ်ဆိုရင် အရင်ဆုံး အကျီကို ရေခဲသေတ္တာထဲ တစ်နာရီမျှထားပေးပါ။

- အကျီကို လျှော်တဲ့ အခါ ဖြူချင်ရင် ရေပူပူမှာ သံပုရာသီးစိတ်ထည့်ပါ။

- ဆံသားကို တောက်ပစေချင်ရင် ခေါင်းလျှော်တဲ့အခါ ဗီနီယာ တစ်ဇွန်းထည့်လျှော်ပါ။

-သံပုရာသီးအရည်ရွမ်းစေချင်ရင် မညှစ်ခင် ရေနွေးပူမှာ စိမ်ပေးပါ ။ပြီးမှ ညှစ်ပါ ။

- ဂေါ်ဖီထုတ်အနံ့ ကို ချက်ပြုတ်နေတဲ့ အခါ မထွက်စေချင်ရင် ပေါင်မုန့် တစ်ခြပ်ထည့်ပြီးချက်ပါ။

- ငါးဆေးတဲ့အခါ လက်ညီစော်နံရင် ပန်းသီးဗီနီကာ နဲ့ လက်ဆေးပေးပါ။

- ကြက်သွန်နီလှီးတဲ့ အခါ မျက်စိမစပ်စေချင်ရင် ပီကယ်ဝါးထားပေးပါ ။

- ကြက်ဥပြုတ်တဲ့ အခါ မြန်မြန်ကျက်ချင်ရင် ဆားထည့်ပေးပါ။

- မှင်စွန်းနေတဲ့ အကျီကို မှင်ဖျက်ချင်ရင် သွားတိုက်ဆေးသုတ်ပြီး ခြောက်သွားတဲ့ အခါ ဆေးပေးပါ ။

- ကန်စွန်းဥ အခွန်နွာတာ မြန်ချင်ရင် ဆူပြီးတဲ့  အခါ ရေအေးမှာ စိမ်ပေးပါ။

- ကြွက်ပြေးစေချင်ရင် သူတို့ ရှိတဲ့ နေရာကို ငရုတ်ခေါင်းဖြူးပေးထားပါ။ ပြေးသွားပါလိမ့်မယ်။

 from : လင်းတန်ဆောင်


0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ