သီပေါမင်း၏ မြေးတော်ရေးတဲ့ ပါတော်မူပြီးနောက်ပိုင်း( ဖတ်သင့်ပါသည်)
ပါတော်မူပြီးနောက် သီပေါမင်း နေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရတနာဂီရိမှ အိမ် (၂၀၀၇) |
သီပေါမင်းအကြောင်းကို သမိုင်းမှာ လူတိုင်းနီးပါး သင်ခဲ့ကြဖူးမှပါ ပြီးတော့ ပါတော်မူ
တဲ့ အကြောင်းကိုလည်း ဇာတ်လမ်းမှာ ကြည့်ခဲ့ဖူး စာအုပ်တွေမှာ ဖတ်ခဲ့ဖူးကြမှာပါ
ဒီစာအုပ်လေးကတော့ သီပေါမင်းရဲ့ မြေးတော် ရေးခဲ့တဲ့ ရတနာပုံမှ ~ရတနာဂီရိသို့ 
ဆိုတဲ့စာအုပ်လေးပါ သီပေါမင်းသေတော့ သရဏဂုံတင်ခွင့်မပေးလို့  အခုချိန်မှာမှ
အိန္ဒိယကိုသွားပြီး ရေစက်ချ အမျှဝေလုပ်တဲ့ခရီးစဉ်ကို စာဖတ်သူ ဗဟုသုတ ရဖွယ်
စုံလင်စွာ ဓာတ်ပုံနှင်တကွ ဖော်ပြပေးထားတဲ့ သမိုင်းမှတ်တမ်းဝင်စာအုပ်ကလေးပါ
သမိုင်းနောက်ခံရဲ့ အသေးစိတ်ကို သီပေါမင်းရဲ့ မြေးအရင်းကနေ ပြန်ရေးပြနေတာ
သိရတော့ ဖတ်ရတာ စိတ်ထဲတမျိုးကြီး။ ပြီးတော့ မြန်မာဘုရင်တွေရဲ့ မျိုးဆက်တွေ
မြန်မာပြည်မှာ ရှိနေပါသေးလားဆိုတာ ခုမှတိတိကျကျ နာမည်နှင်တကွ သိရတယ်
တွေ့ တာ နောက်ကျလေခြင်းလို့  ။တကယ့်ကို ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ
မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့စကား ရှိသလို မြန်မာလူမျိုး နဲ့ မြန်မာသမိုင်း
ကိုစိတ်ဝင်စားရင် ဒီဟာကို ဖတ်ဖူးသင့်တယ်လို့ ယူဆမိပါတယ်
ဒီလင့်မှာDownload ယူပါ - http://www.mediafire.com-ရတာနာပုံမှ ရတနာဂီရိသို့ 
ဒီလင့်မှာDownload ယူပါ - http://i.minus.com/ ရတနာပုံမှရတနာဂီရိသို့ 
ဓာတ်ပုံမူရင်းလင့် -http://moemaka.com/2011/02/burmese-kings-palace
0 comments:
Post a Comment