Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Monday 16 March 2015

အမှားနှစ်ခု ထပ်ရင် အမှန်ဖြစ်နိုင်မလား လို့ မေးကြသူတွေအတွက် ပါ ..

လင်းယုန်ဖြူလေး | 21:09 | | | Best Blogger Tips


အမှားနှစ်ခု ထပ်ရင် အမှန်ဖြစ်နိုင်မလား လို့ မေးကြသူတွေအတွက် ပါ ..
ဟာသလေး နဲ့ ပုံခိုင်းပြီးပြောပြမယ် ..
လူတစ်ယောက်ဟာ စတိုးဆိုင်တစ်ခုကိုရောက်လာပါတယ် ..
** သော့ခလောက်တစ်ခုပေးစမ်းပါဗျာ … ကျနော့သော့ခလောက်က
ဖွင့်လို့ပဲရတယ် ပိတ်လို့ မရဘူး မို့ **
ဆိုင်ပိုင်ရှင် - ** ဟာ ဒါဆို အတော်ပဲ ဒါလေးယူသွားလိုက် ..
             ဒီသော့ခလောက်က ပိတ်လို့ပဲ ရတယ် ဖွင့်လို့မရဘူး **  :3
ကဲ … ကျနော်တို့ လွယ်လွယ်ငြင်းနေကြတဲ့ .. အမှားပေါ် အမှားထပ်ရင် အမှန် ဖြစ်နိုင်ပါ့မလား ??
ကျနော်တို့ တော်တော်များများက အမှားတစ်ခုကို ဖုံးဖို့ နောက်အမှားတစ်ခု ထပ်ပြင်ဆင်ကြပါတယ်
ဒါဟာ ခဏတာအတွက် ပထမ အမှားကို ဖုံးအုပ်နိုင်ကောင်း ဖုံးအုပ်နိုင်လိမ့်မယ် ။
အမှားတစ်ခုကို အကြာကြီးလက်ခံထားမိရင် မှန်သယောင်ယောင်ထင်သွားတတ်တာ ခင်ဗျားတို့လဲ အသိမို့လား
ဒါ့ကြောင့် .. အမှားတစ်ခုကို အမှားလို့ လက်ခံပြီး အမှန်ကို အမြန်ပြင်သင့်တာမို့ ..
အမှားပေါ် အမှားထပ်ရင် အမှန်ဖြစ်နိုင်မလားလို့ မေးကြသူတွေအတွက် .. အတွေးလက်ဆောင်ပါ..

လင်းယုန်ဖြူလေး (MMC)
အတွေးလေးနဲနဲရသွားရင် ကျေနပ်ပါပြီ ^_~

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ