
 ဆွီဒင်သုတေသီများက ခွေးများသည် 
သက်တမ်းခုနစ်လ ကျော်လာသောအခါ ၎င်းတို့အနီးဝန်းကျင်ရှိ လူအများသမ်းဝေခြင်းကို 
လိုက်လံအတုခိုးတတ်ကြကြောင်း ၎င်းတို့ယူဆသည်ဟုဆိုသည်။ ဆွီဒင်နိုင်ငံ 
လန်းတက္ကသိုလ်မှ သုတေသီများက လူနှင့်ခွေးများတွင် 
ကြာမြင့်စွာသမ်းဝေတတ်ခြင်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည်ဟု 
အဆိုပါတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြကြသည်။ 
အဆိုပါသုတေသီများက သမ်းဝေတတ်ခြင်းသည် အတုခိုး၍ကူးစက်တတ်သည့် 
ရောဂါတစ်မျိုးဖြစ်ကြောင်း ဆိုကြသည်။ ၎င်းတို့ ယခင်ကပြုလုပ်သည့် 
သုတေသနများအရလည်း လူများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်များနှင့် 
ခွေးများသည် အတုခိုးတတ်ကြကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ 
အဆိုပါသုတေသီများသည် အသက်လေးလမှ ၁၄လအတွင်းရှိသည့် ခွေး၃၅ကောင်ကို 
သုတေသနပြုရာတွင် လူများသည် ၎င်းတို့ရှေ့တွင် ကြိမ်ဖန်တလဲလဲ သမ်းဝေပြပါက 
အသက်အရွယ် ခုနစ်လထက်ကျော်သော ခွေးများသည်လည်း အတုခိုး၍သမ်းဝေကြကြောင်း 
တွေ့ရှိရသည်ဟု သိရသည်။ 
 
 
0 comments:
Post a Comment