Desktop ပေါ်မှာရှိနေတဲ့ Software တွေရဲ့ 
Icon ကို Right Click ထောက်ပြီး Open With ကိုနှိပ်ကာ Program တစ်ခု ကို 
ရွေးချယ် မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program
ပုံတွေဖြစ် ကုန်တော့ တာပါဘဲ..ဒါဟာ 
ဘာကြောင့်လဲ ဆိုရင် (၁) Windows 7 ရဲ့ Registry မှာ Shortcut Icon 
ပိုင်းဆိုင်ရာပြောင်းလဲမှု အားနည်းနေခြင်း(Exploit)
(၂) အသုံးပြုသူရဲ့ 
ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာ Program Icon မှန်းမသိ.. Folder or 
Files မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။
အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယ အချက်ကို 
မပြောတော့ပါဘူး..ပထမ အချက်ကို ဘဲပြောပြ ပါ့မယ်..အခု ညီလေးဖြစ်နေတဲ့ ပြသနာ 
မျိုးက Windows 7 တွေမှာ ဘဲဖြစ်တာပါ..တစ်ချို့က ဒီလိုဖြစ် တာဟာ Virus 
ထိတာလို့ပြောကြ ပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ ဒီလိုဖြစ် 
ရင် System Restore ပြန်လုပ် လိုက်ကြပါတယ်..ခဏ တာတော့ 
ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲ အတိုင်းပါဘဲ။ ဒီတော့ Open 
with လုပ်တိုင်း ဒီ Program Icon တွေက အကုန်ပြောင်းနေတော့ မှာပါဘဲ..ဒါကတော့
 Windows 7 ရဲ့အားနည်းချက်ပါ။ Microsoft က သူ့ရဲ့ ထုတ်ကုန် အားနည်းချက်ကို 
ပြုပြင်ပေးတဲ့ အနေနဲ့ Registry Code တစ်ခုထုတ်ပေး ခဲ့ပါတယ်..ဒါကို 
အသုံးပြုလိုက်ခြင်း အားဖြင့် Program ပေါ် Right Click ထောက်ပြီး Openwith 
လုပ်မိတဲ့အခါမှာ Icon တွေအကုန်လုံးက ဘားမှပြောင်း လဲတော့မှာ 
မဟုတ်ပါဘူး..ဒါကြောင့် ဒီလို အဖြစ်မျိုး ကြုံတွေ့နေရတဲ့ သူတွေ အဖို့ 
ကျနော်က ဖြေရှင်းပေးနိုင်တဲ့ Registry Code တွေကို တင်ပေး လိုက်ပါ တယ်။ 
အရင်ကလည်း တင်ပေးဖူးပါတယ်..အခု မေးခွန်းကိုသေချာမေးလာတဲ့အတွက် 
ဗဟုသုတအနေနဲ့အားလုံးသိ အောင် အကျယ်ရှင်းပြလိုက်တာပါ..ဒီလို Windows 7 
မှာဖြစ်နေတဲ့ Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services 
ဆိုင်တော်တော်များများက Virus ဟုအကြောင်းပြကာ ၀င်းဒိုးစ် ပြန်တင်ခြင်း များ
 ပြုလုပ်နေကြပါ တယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ် တစ်ခါပြန်တင်ရင်လဲ 
ငါးထောင် ဒါမှမဟုတ် ရှစ်ထောင်လောက်တောင်း နေ တာပါ. 
.ကိုယ်တိုင်တင်တတ်တဲ့သူတွေ အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် 
ပြန်လည်ပြုပြင် လို့ရတယ်ဆိုတာ အချိန်ကုန်သက်သာစေချင် လို့ရှင်းပြပေးတာပါ။ 
ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက် မျိုးကြုံလာခဲ့လို့ရှိရင်လည်း 
စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး ကူညီပေးလိုက်ပေါ့ဗျာ 
(ပညာခတောင်းခိုင်းတာနော် :P) .. ကဲ..ဆက်ကြည့်ပါဦး..။
အသုံးပြုပုံ
ကြိုက်ရာ Link ကနေ Registry Code ကို 
Download ချပါ။ Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ 
အမည်းရောင် Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ 
Exe.reg ကို Click ပါ။ Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK
 ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ 
စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့ Icon တွေဟာ မူလ Program Icon 
တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open 
With လုပ်ကြည့်လိုက်ပါဦး… အခြား Program တွေပြောင်း လဲတော့မှာ 
မဟုတ်ပါဘူးခင်ဗျာ… ။ ဗဟုသုတ အနေနဲ့ Icon တွေပြောင်းလဲ ကုန်တဲ့ ပုံတွေကို 
တင်ပေးလိုက်ပါတယ်။အောက်မှာ ကြည့်နိုင်ပါပြီ။
Icon တွေပြောင်းကုန်တာကို Virus 
ထိတယ်ဆိုပြီး Windows အသစ်ပြန်တင်ကာ လုပ်စားနေတဲ့ မြန်မာနိုင်ငံ Computer 
Services ဆိုင်အချို့ရဲ့ စီးပွားရေးကိုတုတ်နဲ့ 
ထိုးသလိုများဖြစ်ခဲ့ရင် Mailserver.npt@gmail. com သို့ဆက် သွယ်နိုင်ပါတယ်။

အစ်ကိုရေ registry code ရှာမရလို့ကူညီပါဦး
ReplyDeleteလောလောဆယ် ကျနော့် လပ်တော့ပ်မှာ ဒီပို့စ်ထဲကအတိုင်းဖြစ်နေလို့ပါ အစ်ကို့ကို အကူညီတောင်းရတာပါ အဆင်ပြေမယ်ဆိုရင် registrycodeကို wathomoe528@gmail.com ကိုပို့ပေးစေလိုပါသည်
ReplyDeleteလေးစားလျှက်