ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက် ၇ မျိုး
 မိမိတို့ နေ့စဉ်ဟင်းလျှာမှာခပ်ပြီး အိမ်မှာအသုံးပြုနေတဲ့ ဆားဟာ 
ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် မိမိနေထိုင်နေတဲ့ အိမ်တစ်အိမ်လုံးကို 
သန့်ရှင်းတောက်ပြောင်သွားတဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို
 စာနဲ့ပုံအတူတွဲပြီးပြောပြချင်ပါတယ်။
 (၁). မီးပူမျက်နှာပြင်ကိုပြန်လည်ပြန်လည် ချောမောသန့်ရှင်းစင်ကြယ်စေသောနည်း
 အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး 
မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် 
သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ 
ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ 
ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ 
မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ 
စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း
 အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ 
သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ 
ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး 
အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို 
အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို 
တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။
 (၃). မီးတောက်မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း
 မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ 
ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ 
အောက်ဆီဂျင်များနေတဲ့ ဒယ်အိုးမှာဆားနဲ့ဓါတ်ပြုသွားသောအခါ 
မီးပြန်လည်ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း 
ချက်ပြုတ်ကြော်လှော်လို့ရနိုင်မှာပဲဖြစ်ပါတယ်။
 (၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။
 ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် 
ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ 
ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းကာ ၁၀ မိနစ် သို့မဟုတ် 
တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး 
ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ 
ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။
 (၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း
 ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး 
အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ 
အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် 
ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် 
အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ 
မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ 
ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။
 (၆). ရေချိုးရေစိမ်တဲ့ကန်ကို အသစ်တဖန်ပြန်လည်တောက်ပြောင်အောင်လုပ်နည်း
 မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် 
ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ 
ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ 
တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ 
အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
 (၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း
 အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ 
အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ 
ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို 
အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ 
ပုံရောစပ်လိုက်ပြီး 
ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် 
တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ 
ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် 
ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် 
သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို 
ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
 ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....
အားလုံးကိုလေးစားလျှက်
ရေးသားသူ J Jin Tai
ရေးသားသူ J Jin Tai








0 comments:
Post a Comment