Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com
Showing posts with label အသုံးဝင်သော. Show all posts
Showing posts with label အသုံးဝင်သော. Show all posts

Sunday, 14 June 2015

ဆားရဲ့အသုံးဝင်ပုံလျှို့ဝှက်ချက် ၇ မျိုး

FIV | 00:59 | | | | | | Best Blogger Tips

ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက် ၇ မျိုး

မိမိတို့ နေ့စဉ်ဟင်းလျှာမှာခပ်ပြီး အိမ်မှာအသုံးပြုနေတဲ့ ဆားဟာ ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် မိမိနေထိုင်နေတဲ့ အိမ်တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင်သွားတဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို စာနဲ့ပုံအတူတွဲပြီးပြောပြချင်ပါတယ်။


(၁). မီးပူမျက်နှာပြင်ကိုပြန်လည်ပြန်လည် ချောမောသန့်ရှင်းစင်ကြယ်စေသောနည်း

အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။


(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း

အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။


(၃). မီးတောက်မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း

မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင်များနေတဲ့ ဒယ်အိုးမှာဆားနဲ့ဓါတ်ပြုသွားသောအခါ မီးပြန်လည်ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း ချက်ပြုတ်ကြော်လှော်လို့ရနိုင်မှာပဲဖြစ်ပါတယ်။


(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။

ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းကာ ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။


(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း

ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။


(၆). ရေချိုးရေစိမ်တဲ့ကန်ကို အသစ်တဖန်ပြန်လည်တောက်ပြောင်အောင်လုပ်နည်း

မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။


(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း

အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ 
အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....

အားလုံးကိုလေးစားလျှက်
ရေးသားသူ J Jin Tai
>အပြည့်အစုံဖတ်ရန်>

Tuesday, 2 April 2013

Digital TV on PC PRO 2013 (8MB)

FIV | 18:54 | | Best Blogger Tips

ကွန်ပျူတာကနေ ရုပ်သံလိုင်းတွေ ကြည့်ချင်တဲ့သူငယ်ချင်းတွေအတွက် 
လိုင်းပေါ်င်း 1000ကျော်ပါတယ်  အသုံးပြုမယ်ဆို ကွန်နက်ရှင်းကောင်းဖို့ဘဲလိုတယ် 
ဒီအတိုင်း ဖွင့်ပြီး ကြည့်ရုံပါဘဲ Install လုပ်စရာမလိုပါဘူးခင်ဗျာ
Download>>>>mirrorupload (or)zippyshare
 
from: amyokaungtarr

>အပြည့်အစုံဖတ်ရန်>

Saturday, 23 February 2013

VIBER မြန်မာဗားရှင်း ထွက်ပါပြီ ( for iphone)

FIV | 15:46 | | Best Blogger Tips

VIBER မြန်မာဗားရှင်း ထွက်ပါပြီ
=========================
ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ ကျနော်တို့မြန်မာစာနဲ့ထွက်လာတယ်ဆိုတာတော်တော်လေးကို ရှားပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့ အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့် အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။
 ကျနော်လဲ လူထဲက လူတစ်ယောက်မို့ ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့ ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့ စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့ ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာမျက်စိနောက်ကောင်းနောက်ပေမဲ့မြန်မာလူမျိုးများအတွက် သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။ 
အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။ တစ်ချို့ကို Language Data အခက်အခဲကြောင့် မြန်မာလို မပြန်ဘဲ ဒီတိုင်းထားခဲ့ရပါတယ်။ အဒီအတွက်လဲ ထပ်ပြီး တောင်းပန်ပါရစေ...နောက်ထွက်မည့် ဗားရှင်းအသစ်တွေမှာ ကောင်းသထက်ကောင်းအောင် ကျိုးစားပါ့မယ်။ အခုထွက်လာတဲ့ Viber မြန်မာဗားရှင်းက နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး iPhone Jailbreak လုပ်ပြီးသား မြန်မာဖောင့် ရှိမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 Jailbreak မလုပ်ရသေးတဲ့ ဖုံးများမျာ အသုံးပြုလို့မရနိုင်သေးပါဘူး။ သုံးရင်လဲ မြန်မာဖောင့်က အတုံးတုံးလေးတွေပဲ ပေါ်နေမှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမယ် အသုံးများမယ်ထင်တဲ့ Application များကို မြန်မာမှုပြုနိုင်အောင် ကြိုးစားနေပါတယ်။ တစ်ခုခုအမှားအယွင်းတွေ့ရှိလျင် ကျနော့်လိုအပ်ချက်သာ ဖြစ်ပါကြောင်း။ ကျနော် လုပ်ထားတဲ့ Viber မြန်မာဗားရှင်း နဲ့ ပတ်သက်ပြီး ဖေ၀န် အကြံပြုချက်များကို လက်ခံသွားမည်ဖြစ်ပါတယ်ခင်ဗျား။ Viber မြန်မာဗားရှင်း ဖြစ်ပေါ်လာအောင် အကူညီပေးခဲ့တဲ့ အကို ကိုဧချမ်း (US) ဒီနေရာကနေ အထူးပဲ ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ....။ ဒေါင်းရန်လင့်======http://www.mediafire.com/?gqviwebebhxln9j  
http://www7.zippyshare.com/v/22171440/file.html ကိုလတ်(ကျွဲဆင်း)
-----------------------------------------------------------------------------
from: အဖြူရောင်မီဒီယာ
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
>အပြည့်အစုံဖတ်ရန်>

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

FIV | 15:45 | | | | Best Blogger Tips

သုံးချင်တဲ့သူငယ်ချင်းတွေသုံးလို့ရအောင်မျှဝေပေးလိုက်ပါတယ်
သုံးတတ်ရင်သုံးတတ်သလို  ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

 

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်းလိုက်ပါနော်
Download link_     http://www.mediafire.com/?dpzgdjj33am2a34
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb ကိုအောက်မှာဒေါင်းလိုက်နော်
Download link_    http://www.mediafire.com/?t5o16i4cojy897c
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Download link_     http://www.mediafire.com/?3cqoktua75zlpfq
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။
၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  ဖုန်းထဲက System>framework-res.apk ကို ကွန်ပျူတာထဲ copy ကူးပြီး အဲဒီဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန် link_   click here
၂၈။ 7zip software ဒေါင်းရန် link_    click here
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ 7zip  software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးဘဲအစဉ်ပြေကြပါစေနော် မောလိုက်တာနော် ဟိဟိ
Note++ Software အားရယူရန်_  click here
Ref:www.myanmarmobileapp.com
လက်ခုပ်သံမလိုချင်ပါဘူးသူငယ်ချင်းတို့ဗဟုသုတ၁ခုတိုးသွားရင်ကျေနပ်ပါတယ်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူများတွေထက်ပိုလန်းချင်ရင်တော့ နဲနဲတော့အပင်ပန်းခံရတယ်ဗျ ဟိဟိ ကြိုးစားလုပ်ကြည့်လိုက်နော်
>အပြည့်အစုံဖတ်ရန်>

Friday, 22 February 2013

ဖုန်းအမျိုးမျိုးနဲ့ အင်တာနက်ချိတ်ဆက်နည်း အပါအ၀င် မိုဘိုင်းဖုန်းအကြောင်း

FIV | 06:03 | | | Best Blogger Tips

ဖုန်းအမျိုးမျိုးနဲ့ အင်တာနက်ချိတ်ဆက်နည်း အပါအ၀င် မိုဘိုင်းဖုန်းအကြောင်း


ဒီ စာအုပ်လေးကတော့ မြန်မာပြည်မိုဘိုင်းနက်ဝပ်နှင့် ပတ်သက်ပီး အခြေခံကျကျ

ရေးပြရှင်းပြထားတဲ့အပြင် GSM စတင်အသုံးပြုလာပုံ ပေါ်ပေါက်လာပုံအကြောင်း

CDMA ဖုန်းအကြောင်း WCDMA ဖုန်းအကြောင်း အားနည်းချက် အားသာချက်ကို

စနစ်တကျရှင်းပြထားတာမို့  မြန်မာပြည်က  ဖုန်းသုံးစွဲသူတွေ ဖတ်ထားသင့်သော

လေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ပါ ။ ဖုန်းအမျိုးမျိုးနဲ့  အင်တာနက်ချိတ်

ကွန်ပျုတာနဲ့ သုံးပုံကိုလည်း ပုံနှင်တကွ ရေးပြရှင်းပြထားတာမို့  လက်မလွတ်သင့်

ဆောင်ထားသင့်တဲံ စာအုပ်ကောင်းလေးဖြစ်ပါကြောင်း မျှဝေလိုက်ပါတယ်........။


download
>အပြည့်အစုံဖတ်ရန်>

Friday, 4 January 2013

Photo Shop နဲ့ ဒီဇိုင်းဝါသနာရှင်များအတွက် Frame Photo Editer(Full )

FIV | 18:39 | | | Best Blogger Tips

Photo Shop နဲ့ ဒီဇိုင်းဝါသနာရှင်များအတွက် Frame Photo Editer(Full )



ထင်မင်းဆီဆမ်းရွှေလင်ပန်းနဲ့ ပေးပါဖလား မပေးရင်လကို HACK ဟက်မယ်(ညီညီ)

စာတွေက  Power Point နဲ့ ရေးပီး စာလုံးဒီဇိုင်းကို  Word art နဲ့  ယူပါတယ်

ဒီဆော့ဝဲလေးကတော့ Photo Frame လှလှလေးတွေ နဲ့ ဓာတ်ပုံကိုအလှဆင်

လို့ အဆင်ပြေပါတယ် ညီညီ လုပ်ထားတဲ့ ပုံလေးတွေလည်း လှတယ် ပုံနမူနာ

တွေ တင်ပေးလိုက်တယ် ဗျာ  Full Version အတွက် Key  ရောပါတယ်ဗျာ

အရင်Portableတင်ပေးဘူးပါတယ်အခုဟာက full versionဆိုတော့ ဒီဇိုင်းစုံ

သုံးရအောင်ထပ်တင်လိုက်ပါတယ် အဆင်ပြေပါစေ(သီးချင်းမဟုတ်ပါ)တိန်။


ဒီမှာ Download ယူပါ  The best Photo Frame Softwere Full Version

အပေါ်က မရရင် ဒီမှာယူ - ဖိုတို Frame edit ဆော့ဝဲ with ကီး

>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ