Shock......
ဒီးဒီလို့ခေါ်တဲ့ စန္ဒီမြင့်လွင်ရဲ့ Shock ဒီဗီဒီအမ်လ်ဘမ်လေး ပြီးခဲ့တဲ့ 
21th Oct တနင်္ဂနွေတုန်းက Junction Square မှာလက်မှတ်ထိုးတယ်လို့ 
ကြော်ငြာဘုတ်မှာတွေ့လိုက်တယ်...။ ဒီအမ်လ်ဘမ်ထဲက သီချင်းတွေကို 
စီဒီမှာကတည်းက ခပ်အေးအေးသီချင်းတွေကို နားထောင်ဖူးထားပြီး 
ကြိုက်လည်းကြိုက်တယ်...။ ဒါကြောင့် တစ်ခွေဝယ်ပြီးအားပေးလိုက်တယ် 
ဒီးဒီကို...။ သူ့ကိုလုံးလုံးလေးနဲ့မို့ချစ်လည်းချစ်တယ် female hip hop 
အဆိုတော်ထဲမှာ သူ့ကိုကြိုက်တယ်...။ ဒီခွေထဲမှာ ဒီဇိုင်းတွေက 
အမေရိကန်မိန်းမရက်ပ်ပါ 
နီကီ့မီနာ့ခ်ျ 
ဖက်ကိုနဲနဲလေးနွယ်နေတယ်လို့ခံစားရတယ်...ဆိုပုံဆိုပေါက်တွေရောပေါ့...။ 
ဒါပေမယ့် လုံးလုံးလျားလျားခိုးချထားတာမျိုးမဟုတ်ပါဘူး...။ (စကားချပ်။  ။ 
နီကီကတော့ ဟိုဖက်နိုင်ငံတွေမှာ ကလေးတော်တော်များများရဲ့ အချစ်တော်ပေါ့ သူက 
ဘာဘီရုပ်ဒီဇိုင်းပြင်တာများတယ်လေ...။ wig တွေဆိုလဲ ပန်းရောင် အစိမ်းရောင် 
ခရမ်းရောင် အ၀ါရောင် အဲလိုအရောင်စုံသုံးတာ...) ဒီးဒီရဲ့ 
ဆံပင်နီညိုရောင်က သူ့မျက်နှာလေးနဲ့တော်တော်လိုက်ဖက်တယ်...။ ပထမ 
တစ်ကိုယ်တော်အမ်ဘမ် ဆေးရောင်လှလှခြယ်ရအောင် အမ်တီဗီကိုဝယ်ထားပြီး 
ဖွင့်မရလို့ ခုထိမကြည့်ရသေးဘူး...။ အဲဒါလေးလည်း ကြည့်ပြီးရင် review 
လေးပြန်ပြောပြဦးမယ်...။ ဒီနှစ်ထဲ အဆိုတော်အသစ်တွေ 
စီးရီးတော်တော်များများထွက်ကြတယ်... ဘယ်သူအဆိုကောင်းလဲ မကောင်းလဲတော့ 
သိပ်မသိဘူး...။ အော်... ဒါနဲ့ ဖြူဖြူကျော်သိန်းရဲ့ “မိန်းကလေးတစ်ယောက် 
အသည်းကွဲနေသည်” ကို တစ်ခွေလုံးနားမထောင်ရသေးဘူး...။
သီချင်းအားလုံး ၁၂ပုဒ်ပါတယ်....။ ကိုယ်အကြိုက်ဆုံးသီချင်းကတော့ အနားနားရှိတဲ့အခိုက် ဆိုတဲ့တစ်ပုဒ်ပဲ။
 ကြိုက်လွန်းလို့ဖုန်းရင်းတုံးလုပ်ထားတယ်ခုထိပဲ...။ တခြားအေးတဲ့ 
သီချင်းလေးတွေလဲကြိုက်တယ်...။ ချစ်နေတုန်းပဲ 
တို့... ပျော်ပါစေတို့... ပြီးတော့ ကိုမျိုးကျော့သီချင်းဖြစ်တဲ့ 
အရာရာပြောင်းလဲခဲ့ပြီတို့ပေါ့...။ ကိုယ့်အထင်မမှားဘူးဆိုရင်  
ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ဒုက္ခ စီးရီးထဲကသီချင်းပါ...။
ပထမဆုံးပုဒ်က လူညာကြီးတဲ့ Gothic ဒီဇိုင်းနဲ့ band 
နဲ့ခပ်မိုက်မိုက်ကလေးဆိုထားတယ်...။ 
 အနားနားရှိတဲ့အခိုက် MTV ရဲ့ ရိုက်ကွက်လေးတွေ
 Shock   က 
Snare အဖွဲ့ရေးပေးထားတာ အနက်ရောင်တွေချည်းဝတ်ပြီး Gothic ဒီဇိုင်းနဲ့ 
ခပ်မိုက်မိုက်သီချင်းတစ်ပုဒ်ပေါ့... hip hop ကိုနားထောင်နိုင်ရင်တော့ 
နားထောင်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ...။
 ချစ်နေတုန်းပဲ 
MTVရိုက်ကွက်ပုံလေးတွေပါ...။ တေးရေးက bunny phyoe ...။ ခပ်အေးအေး 
နားထောင်ကောင်းတဲ့ အသဲကွဲသီချင်းလေးတစ်ပုဒ်ပေါ့...။ ချစ်သူကထားသွားတာကို 
ခံရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်ကိုရေးထားတာ...။
မင်းကုသ တဲ့ ရုပ်ဆိုးဆိုးသူ့ဘဲကြီးကို စိတ်ပျက်တဲ့အကြောင်းလေးကို လွှမ်းပိုင်ကရေးပေးထားတာ....။
ခပ်မြူးမြူးလေးပဲ သူလဲမဆိုးပါဘူး...။
ပျော်ပါစေ...ဆိုတဲ့ တစ်ပုဒ်ကလဲ အသဲကွဲသီချင်းအေးလေးပါပဲ... 
လွှမ်းပိုင်ပဲရေးပေးတာ
 မိုးမိုးရေးပြီး သူကိုယ်တိုင်ပါ သရုပ်ဆောင်ထားတဲ့ R U Serious သေချာပြီလား
 ဆိုတဲ့ တစ်ပုဒ်ကိုလဲ သဘောကျတယ်....။ ဒီးဒီ rapping ကို 
အမြန်ကြီးရွတ်သွားတာကို သဘောကျတာ... ဒီတိုင်း စီဒီနားထောင်တုန်းက bobby 
soxer ကထက်ထက်အသံပဲမှတ်နေတာ...။ ဒီလိုရက်ပင်အမြန်ရွတ်တာ 
သူတစ်ယောက်ပဲရှိတာကိုးး...။
 ကိုမျိုးကျော့ရေးတဲ့ အရာရာပြောင်းလဲခဲ့ပြီကို “ရသ” ကရက်ပ်နေရာကနေ 
featuring ဆိုပေးထားပါတယ်..
နောက်တစ်ယောက် ဆိုတဲ့တစ်ပုဒ်လည်းမဆိုးပါဘူး... မစိုးကြီးကိုယ်တိုင်သရုပ်ဆောင်ထားတာ ကိုဂျွန်တို့ Star Agency က မော်ဒယ်လ်တွေနဲ့...။ မစိုးကြီးက ကောင်လေးတွေကိုတစ်ယောက်ပြီး တစ်ယောက်ပြောင်းတွဲတဲ့ ခပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ...။
ရင်ခုန်ဆဲပဲ ကတော့ မိုးမိုးရေးထားတာ...။ သရုပ်ဆောင်ကောင်းပြည့်နဲ့ရိုက်ထားတာ ရိုက်ကွင်းရှုခင်းတွေ သုံးထားတဲ့ ကားလေးတွေနဲ့ ဖန်စီဆန်ဆန်ရိုက်ထားတာ အဲဒီအချစ်သီချင်းလေးနဲ့ လိုက်ဖက်ပါတယ်...။
Jme ရေးပေးတဲ့ ကျောင်းပိတ်ရက် ဆိုတဲ့ တစ်ပုဒ်ကတော့ အထကကျောင်းတစ်ခုထဲမှာသွားရိုက်တာ ဂျောက်ဂျက် ကျော်ထွဋ်ဆွေနဲ့ ကလေးသရုပ်ဆောင် တစ်ယောက်ပါတယ်... သီချင်းလေးကလူငယ်ဆန်ဆန် ၀ုန်းဝုန်းဒိုင်းဒိုင်းလေး မိုက်တယ်...း)
ပုံမပါတဲ့ တစ်ပုဒ်က ခန့်စည်သူနဲ့ အွန်ဆိုင်းတို့ သရုပ်ဆောင်ထားတဲ့ 
တေးရေးဇ၀ါရေးတဲ့ တ၀ဲလည်လည်ပါ... ။ ရိုက်ကွက်ကလေးက ဟာသလေးနှောထားတယ်...။ 
အားလုံးထဲမှာ အဲဒီတစ်ပုဒ်တော့ မကြိုက်ဘူး...။ 
သီချင်းအမျိုးအစားတွေထဲမှာ အရင်တုန်းက ပေါ့ပ်တို့ ရော့ခ်တို့ R&B 
တို့လောက်ပဲ နားထောင်တတ်ခဲ့တာ...။ ခုနောက်ပိုင်း hip hop 
ကိုခံစားတတ်လာတယ်...((ဟမ်)) ကိုယ်သူငယ်များပြန်သွားသလား....:P  
ဒီအမ်လ်ဘမ်လေးက ခိုးကူးခွေတွေကို ပိတ်ထားတာနဲ့တူတယ် 
လုံးဝကော်ပီလို့မရပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်... ငွေကြေး လူ 
စိတ်နှလုံးရင်းနှီးမြှုပ်နှံထားတဲ့ အရာတစ်ခုရဲ့ အစစ်အမှန်ကိုပဲ 
အားပေးကြစေလိုပါတယ်...။ 
သီချင်းသံစဉ်ထဲစီးမြောလို့ ပျော်ရွှင် ကြည်နူးကြပါစေ....း)
မိုးငွေ့

0 comments:
Post a Comment