နေတိုးက ပုဂံမှာသွားရောက်ရိုက်ကူးခဲ့
 တဲ့ ‘တိမ်တစ်စနဲ့ နွယ်တစ်မျှင်’ဇာတ်ကားနဲ့ ‘ရာဇ ဝင်ထဲကပုဂံသူ’ 
ဇာတ်ကား၂ကားမှာ ပရိသတ်မမြင် ရတာ ၈နှစ်လောက်ရှိပြီဖြစ်တဲ့ ပုဂံဘုရားမြင် 
ကွင်းတွေကို တွေ့ရမယ်လို့ဆိုပါတယ်။ 
”ကျွန်တော်တို့ ဒီကားကို Full HD နဲ့ ရိုက်ထားတယ်။
ကျွန်တော်က 
ဒေါ့ကူမန်ထရီရိုက်တဲ့ ကောင်လေးတစ်ယောက်ပုံစံလုပ်ရတယ်။ 
ကျွန်တော်က 
ကင်မရာလည်း ဝါသနာပါတော့ အခု ဒီဇာတ်ကားနဲ့လိုက်မယ့် ကင်မရာအမျိုးအစားနဲ့ 
တွက်ပြီး ဒီကားကို ကျွန်တော့်ကင်မရာ 5D Mark III နဲ့ရိုက်ဖြစ်တာပါ။ ပုဂံက 
ကျွန်တော် အနု ပညာကိုစလုပ်ခဲ့တာ ပုဂံဒေသနဲ့စခဲ့ရတယ်လို့ ပြော လို့ရတယ်။ 
အဲဒီအချိန်တုန်းကနဲ့တော့ အခု အချိန်မှာ မတူတော့ဘူး” လို့ပြောပြပါတယ်။
 
နေတိုးက ပုဂံကပြန်ရောက်ပြီး  ရန်ကုန် မှာပဲ ဒီဇာတ်ကားရိုက်ကူးနေတဲ့ရက် 
အောက်တိုဘာ ၁၄ ရက်နေ့ ညနေက မှော်ဘီမြို့နယ် မှာရှိတဲ့ အောင်ဇမ္ဗူတောရကျောင်း
 တိုက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားများကို ဝတ်မှုံရွှေရည်၊ ဒါရိုက်တာကိုဇော် 
(အရုဏ်ဦး) တို့နဲ့ သွားရောက် ဖူးမြော်ခဲ့ပုံကို “ဘုန်းဘုန်းက 
ရှေးဟောင်းဘုရားတွေ ကြွလာ တယ်၊ လာဖူးပါဆိုတာနဲ့ ၂ ဆူလောက်ပဲထင်တာ။ 
ကျွန်တော် ရောက်သွားတော့ ဘုရားအဆူ ၃ဝဝ ဆိုတော့ တော်တော်လေး 
အံ့သြဖို့ကောင်းတယ်။ ပထမဆုံး ကျောင်းထဲ ဝင်တော့ အပြင်မှာ ဘုရား ၇ ဆူလောက် 
တချို့ကပျက်စီးနေတာလည်း ရှိတယ်။ ပြန်ပြုပြင်ဖို့ အောက်မှာထားတာ။ ဥာဏ်တော်က 
၁ဝပေ ကျော်လောက် ရှိတယ်။ ရှေးဟောင်း ဘုရားအကြီးကြီးတွေလိုပဲပေါ့။ 
 နောက်ကျောင်းထဲရောက်တော့ အပေါ်ထပ်မှာရှိသေးတယ်ဆိုတော့ သွားကြည့် လိုက်တာ 
အိပ်မက်တစ်ခုလိုဖြစ်သွား တယ်။ ရှေးကျတဲ့ လက်ရာတွေနဲ့ ဘုရားအဆူ ၃ဝဝ ကို 
တစ်ပြိုင်နက်တည်းဖူးမြော်ရလိမ့်မယ်လို့ မျှော်လင့် မထားဘူး။ ရင်ထဲမှာ 
တော်တော်လေး ကြည်နူး ပီတိဖြစ်ခဲ့ရ တယ်။ ရှေးဟောင်းဘုရားတွေကိုဒီလို 
တစ်ပြိုင်နက်တည်းဖူးမြော်ရတော့ တော်တော်လေး ကုသိုလ်ကောင်းတယ်လို့ ထင်မိတယ်။
 ယွန်းဘုရားတွေ၊ ကျွန်းဘုရားတွေရော ပါတယ်။ ရွှေသင်္ကန်း ကပ်ထားတော့ 
ကြေးဘုရားလို့ထင်ရတယ်။ကြေး ဘုရားတွေပါတာလည်းရှိပေမယ့် နည်းတယ်။ 
ဒီဘုရားတွေကို ပြခန်းမှာ ပဲဖြစ်ဖြစ်သေသေချာချာ ထိန်းသိမ်းထားရင် 
တစ်စုတစ်ဝေးတည်း ဒီလိုဘုရားတွေကို ဖူးမြော်ခွင့်ရမယ်လို့ ထင်ပါတယ်” 
လို့လည်း ပြောပြခဲ့ပါတယ်။
 
 အောက်တိုဘာ ၁၈ ရက်နေ့ ညနေက 
အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ရှေးဟောင်း ဘုရားအလှူရှင်က လှူဒါန်းမှုကိုလည်း
 နေတိုးက ထပ်မံသွားရောက် ဖူးမြော်ခဲ့ပါ တယ်။ သီတင်းကျွတ် လပြည့်နေ့မှာတော့ 
အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ရှင်အပါး ၁ဝဝကို ရှင်ပြုရဟန်း 
ခံသာသနာ့ဘောင်သွတ်သွင်းမှာဖြစ်ပြီး၊ ရှင်အပါး ၁ဝဝ ထဲမှ ၁၁ ပါးကို 
နေတိုးတို့ မိသားစုက ပါဝင်ပြီး လှူဖွယ်ပစ္စည်းများနဲ့ ကုသိုလ်ပြုမယ်လို့လည်း
 သိရပါတယ်။
မေမွန်မောင်
From:http://popularmyanmar.com

0 comments:
Post a Comment