Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com
Showing posts with label Root for moblies. Show all posts
Showing posts with label Root for moblies. Show all posts

Saturday, 23 February 2013

Root လုပ်ပြီးသား Android များကို မြန်မာစာ သွင်းနည်း

FIV | 15:51 | | Best Blogger Tips

တောင်းဆိုထားတဲ့ သူငယ်ချင်းအတွက် တင်ပေးလိုက်ပါတယ်

ကျွန်တော် ရေးတဲ့ ပိုစ်တိုင်းမှာ
Root နည်းကိုသာ အဓိက ထားပြီးရေးခဲ့ပါတယ်
ဘာကြောင့်လဲ ဆိုတော့ မြန်မာစာထည့်တယ်ဆိုတာ ထမင်းစားရေသောက်လွယ်လွန်းလို့ :P
ဒါပေမယ့် ဟင်းရှိပြီး ထမင်း မရှိလို့ ဘယ်ဖြစ်လိမ့်မလဲ
လာလာပြီးတော့လဲ ပြန်မေးကြပြန်တော့ ဒီနေရာလေးမှာ ဟိုးအရင်က
ကျွန်တော်တို့ စီနီယာတွေ တင်သွားတဲ့ ပိုစ်တွေကို ပြန်လည်တင်ပေးလိုက်ပါတယ်
ထိုနေရာများမှ တစ်ဆင့် လေ့လာနိုင်ပါတယ်ခင်ဗျာ
ဒီအောက်မှာတော့
Fonts Changer များနှင့် မြန်မာ Keyboard များကို အစဉ်လိုက် Download ဆွဲနိုင်အောင် ထားပေးပါ့မယ်။
Myanmar Fonts Changer
 
Myanmar Keyboard
 
အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ…

from:Thit San Khant
>အပြည့်အစုံဖတ်ရန်>

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool

FIV | 15:45 | | | | Best Blogger Tips

သုံးချင်တဲ့သူငယ်ချင်းတွေသုံးလို့ရအောင်မျှဝေပေးလိုက်ပါတယ်
သုံးတတ်ရင်သုံးတတ်သလို  ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

 

ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်းလိုက်ပါနော်
Download link_     http://www.mediafire.com/?dpzgdjj33am2a34
Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb ကိုအောက်မှာဒေါင်းလိုက်နော်
Download link_    http://www.mediafire.com/?t5o16i4cojy897c
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Download link_     http://www.mediafire.com/?3cqoktua75zlpfq
၁။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်ပြီး 25kB ရှိတဲ့ ဒုတိယ Script.bat ကို run ပါ။
၂။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 3 ကိုရွေးပါ။ Keyboard ကနေ 3 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၃။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။ (Setting.apk က ဖုန်းရဲ့ System>app ဖိုင်ထဲမှာရှိပါတယ်။ Root explorer သုံးပြီး System>app ဖိုင်ထဲသွား Setting.apk ဖိုင်ကို sd card ထဲ copy ကူး ပြီးရင် computer ထဲထည့်)
၎။ Script.bat နှစ်ခုရှိတဲ့ထဲက ပထမ Script.bat ကို Double click နှိပ်ပြီး run ပါ။
၅။  ပြီးရင်တော့ အောက်က Script.bat ဆိုတဲ့ ဖိုင်လေးကို Double click နှိပ်ပြီး run လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာမှာပါ။

၆။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  ဖုန်းထဲက System>framework-res.apk ကို ကွန်ပျူတာထဲ copy ကူးပြီး အဲဒီဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၇။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၈။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၉။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ System apk လား ဘာလားမေးတဲ့ မေးခွန်းလေးပေါ်လာမှာပါ။ အဲဒီကျတော့ y လို့ရိုက်ပြီး enter ခေါက်ပါ။ နောက်တစ်ခုထပ်မေးတဲ့အခါ n လို့ရိုက်ပြီး enter ခေါက်ပါ။ (Please make your decision နေရာကိုပြန်ရောက်သွားရင် minimized ပြန်လုပ်ပါ။ ဘေးခဏဖယ်ထားပါ။
၁၀။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၁။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၂။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၃။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၄။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၅။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၆။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၇။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၁၈။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။
၁၉။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၀။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၁။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၂။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၃။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၄။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၅။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၆။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၇။ CWM flashable zip ဒေါင်းရန် link_   click here
၂၈။ 7zip software ဒေါင်းရန် link_    click here
၂၉။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ 7zip  software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၀။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၁။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၂။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၃။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။

အားလုံးဘဲအစဉ်ပြေကြပါစေနော် မောလိုက်တာနော် ဟိဟိ
Note++ Software အားရယူရန်_  click here
Ref:www.myanmarmobileapp.com
လက်ခုပ်သံမလိုချင်ပါဘူးသူငယ်ချင်းတို့ဗဟုသုတ၁ခုတိုးသွားရင်ကျေနပ်ပါတယ်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)
သူများတွေထက်ပိုလန်းချင်ရင်တော့ နဲနဲတော့အပင်ပန်းခံရတယ်ဗျ ဟိဟိ ကြိုးစားလုပ်ကြည့်လိုက်နော်
>အပြည့်အစုံဖတ်ရန်>

Friday, 15 February 2013

Samsune Glaxy Tab 2 ကို Root လုပ်နည်း

FIV | 18:14 | Best Blogger Tips

Samsune Glaxy Tab 2 ကို Root လုပ်နည်း




Samsung Galaxy Tab 2 7.0
Samsune glaxy tab 2 ကို Root လုပ်နည်း လေးကိုတောင်းဆိုထားလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Samsune glaxy tab 2 ကို Root လုပ်နည်း
Galaxy Tab 2 7″ ကို Root ချင်ပါတယ် ဆိုတဲ့ သူတွေအတွက် ဒီနေရာလေးမှာ သေချာတင်ပေးလိုက်ပါတယ်...။
Galaxy Tab 2 မှာက Model အမျိုးမျိုး ရှိလို့ သင့်တော်ရာ ClockworkMod ကိုရွေးချယ်ပါ...။
တစ်ခုခု မှားသွားခဲ့ရင် ပြင်နိုင်ဖို့ အတွက် အောက်မှာကတော့ Roms တွေကို အရံသင့်ပေးထားပါတယ်။
Samsung Galaxy Tab 2 (GT-P3100) Download ROMs 6.0.1.1
Samsung Galaxy Tab 2 (GT-P3110) Download ROMs 6.0.1.1
Samsung Galaxy Tab 2 (GT-P5110) Download ROMs 6.0.1.1 
Samsung Galaxy Tab 2 (GT-P3113       Download ROMs 6.0.1.1 
Samsung Galaxy Tab 2 (GT-P5100) Download ROMs 6.0.1.1
Samsung Galaxy Tab 2 (GT-P5113) Download ROMs 6.0.1.1
 ATTACHED FILES
Fix-Recovery.zip -(144.7 KB)
1. လိုအပ်တဲ့ Clock Work Mod recovery ကိုရွေးချယ် Download ဆွဲပါ။ (ဥပမာ -  P3100 – 6.0.1.0: Download)
2. ပြီးတော့ cwm-root-gtab2.zip ကို Download ဆွဲ၍  external sdcard ထဲသို့ ထည့်ပါ။
3. ထပ်ပြီး Fix-Recovery ဖိုင်ကိုလဲ external sdcard ထဲသို့ ထည့်ပါ။
4. ဖုန်းကိုပါဝါပိတ်ပါ။
5. Download-Mode  ကို ၀င်ဖို့အတွက် (Power+Vol Down) ကိုနှိပ်ပြီး Download-Mode ကိုရှေ့ဆက်ရန်အတွက် Vol Up ကိုနှိပ်ပါ။
(အောက်ပါ ပုံအတိုင်းပါ)
6. Odin ကို ဖွင့်ပါ။
(အောက်ပါပုံအတိုင်းပါ)
7. PDA ကနေပြီးတော့ သင် Download ဆွဲထားတဲ့ သက်ဆိုင်သော Root.tar ဖိုင်လေးကို
“GT-P31XX_ClockworkMod-Recovery_X.X.X.X.tar” ဆွဲယူထည့်လိုက်ပါ။
8. Tab2 နဲ့ ကွန်ပြုတာကို ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ ပထမ အကွက်လေးမှာ မီးလေး ၀ါသွားရင် စတင် ချိတ်မိသွားပါပြီ။
9.  Reset Time နှင့် Auto Reboot တို့ကို အမှန်ဖြုတ်ထားပါ အထပ်ပါ Odin ပုံလေးထဲက အတိုင်းပါပဲ။
10. ပြီးရင်တော့ Start ကို နှိပ်ပါ။
(အောက်ပါပုံအတိုင်းပါ)
10. PASS, ဖြစ်သွားရင်တော့ usb cable ကြိုးကို ဖြုတ်ပြီး
Vol Up + Power နှိပ်ပါ Samsung Galaxy Tab screen ပေါ်လာခဲ့ရင် power button ကိုလွှတ်လိုက်ပြီး Vol Up ကိုဆက်နှိပ်ထားပါ။
(အောက်ပါ ပုံအတိုင်းပါ)
11. အခုဆို CWM recovery ထဲရောက်သွားပြီ ဖြစ်လို့ fix recovery နှင့် cwm-root တွေကို အသီးသီး Install လုပ်ပေးလိုက်ပါ။
12. ပြီးရင်တော့ reboot system now ကိုနှိပ်ပြီး Reset ချလိုက်ပါ Power ပြန်တက်လာရင် Root ပြီးသားဖြစ်နေမှာပါ။
cwm root galaxy s2 Tutorial To Root Samsung Galaxy S2 Easily Using CF Root Kernel & ODIN (CWM & Superuser Included)
မြန်မာ Font ထည့်နည်းကို ဒီနေရာက အတိုင်း ထည့်ပေးနိုင်ပါတယ်....
အဆင်ပြေပျော်ရွှင်နိုင်ကြပါစေဗျာ…
By: Thit San Khant
thitsankhant@gmail.com
မူရင်း - xda-developers အား ပြန်ဆိုပါသည်။
Credit to: http://thusayyar.blogspot.com
>အပြည့်အစုံဖတ်ရန်>

Tuesday, 22 January 2013

Xperia P ကို Root လုပ်နည်း

FIV | 20:02 | | | | Best Blogger Tips

peria P ကို Root လုပ်နည်း

ထွက်လာတာမကြာသေးတဲ့ အလန်းဇယား Xperia P လေးကို Root ကြရအောင် :)
ပထမဦးဆုံး Unlock Bootloader  အရင်လုပ်ရပါမည်..
အမ်…. Unlock မလုပ်ပဲ Binary Root Tool ကနေ Root လို့ရဘူးလားမေးနဲ့နော်.ခိခိ .ကျတော်လဲအပျင်းထူပြီးစမ်းကြည့်သေးတယ်…ဘီလိုမှရဘူးခင်ဗျ..အဲဒါနဲ့ပဲ Unlock လုပ်ပြီး အောက်ပါနည်းအတိုင်း လုပ်ရတော့တာပေါ့နော်.ပျင်းထူနဲ့ လုပ်လုပ် :D
Driver ရှိထားရပါမယ်..အဲဒီအတွက် Flash Tool ကို PC/Laptop မှာ install ပေးရပါမယ်
ပြီးရင်တော့…မိမိ window တင်ထားတဲ့ Drive ထဲမှာ flash tool ကိုရှာလိုက်ပါ ဥပမာ C:
Flash tool ထဲဝင်လိုက်ပါ..
Driver ထဲဝင်ပြီး Flash Tool ‘ Driver ကို Install ပေးပါမယ်.. Box ထဲမှာရှိတာအကုန်ထုတ် အဲ့..မှားလို့.အမှန်ခြစ်ပေးပြီး Install ပေးလိုက်ပါ :D (Anti-virus ရှိရင် ပိတ်ထားလိုက်နော်)
Flash Tool မရှိသေးရင် ဒီမှာယူပါ… Flash Tool 
ပြီးသွားရင်တော့ Unlock Bootloader လုပ်ပါမယ်
ဒီအောက်က Link မှာ ကြည့်ပါခင်ဗျ :)
Unlock Bootloader — > Unlock Bootloader
Unlock Bootloader ပြီးမြောက်အောင်မြင်သွားပြီဆိုရင်တော့…လိုအပ်တာလေးတွေဒေါင်းရအောင်
(1)  Fastboot
(2)  Kernel.elf

အဲဒီ ၂ ခုစလုံး Down ပြီးသွားပြီဆိုရင်တော့.. Fastboot ကို Desktop ပေါ်မှာ Unzip (ဇစ်ဖြည်) လိုက်ပါ :)
ပြီးရင်တော့ Down ထားတဲ့ Kernel.elf လေးကို  Fastboot folder ထဲမှာ ကူးထည့်ထားလိုက်ပါ
စတင်ပါပြီခင်ဗျ ခုချိန်ကစပြီးတော့ ……ဟိဟိ
မိမိဖုန်းမှာ USB Debugging Mode နှင့် Unknown Sources  ၂ ခုစလုံးကို ON ထားပေးပါ
ဖုန်းကိုပိတ်လိုက်ပါ..Fastboot ၀င်ပါမယ်……………….
Volume Up Key ကိုနှိပ်ပြီး USB ကြိုးထိုးလိုက်ပါ………
Fastboot Folder ကိုဖွင့်လိုက်ပါ………
အဲဒီထဲက လွတ်နေတဲ့နေရာလေးမှာ ကီးဘုတ်က Shift Key ကိုနှိပ်ထားပေးပြီး Right Click နှိပ်ပါမယ်
* open command  window here * ဆိုတာလေးကို နှိပ်လိုက်ပါ….
CMD မှာ စာတမ်းလေးပေါ်လာပါလိမ့်မယ် ဒီလိုလေး

အဲဒါလေးပေါ်နေပြီဆိုရင်တော့ အဲဒီရဲ့နောက်မှာ ဒီစာကြောင်းလေးရိုက်ထည့်လိုက်ပါ.
မရိုက်ထည့်ချင်ရင်လည်း Copy လုပ်ပြီး CMD> edit ကနေ Paste လုပ်လိုက် ပေါ့  ..ပျင်းတယ်ဆိုရင်တော့ ဟိဟိ
ရိုက်ထည့်ရမည့်စာကြောင်းက >>>    fastboot flash boot kernel.elf    <<<
အဲဒီစာကြောင်းလေးထည့်ပြီးရင်တော့ Enter ကို ခပ်ကြမ်းကြမ်းရိုက်ထည့်လိုက်ပါ (ပါးစပ်ကလဲ လာစမ်းဟဲ့ Super User ဆိုပြီးတော့  ခိခိ :D )
CMD မှာ ဒီပုံစံအတိုင်းလေးအတိုင်း finished လေး ပေါ်လာပြီဆိုရင်တော့ Finished ပြီပေါ့နော် ဟဲဟဲ

ပြီးသွားပြီဆိုရင်တော့  ဖုန်းကို Power ဖွင့်လိုက်ပါ… Super User လေးကိုရှာလိုက်ပါ…မတွေ့ရင်ပါးလာရိုက်..(  အလကားနောက်တာနော် လုပ်ရဘူး :P  )

အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ

နောင်နောင် (Innocent Love)
>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ