Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Wednesday 13 February 2013

Click တစ်ချက်နှိပ်လိုက်တာနဲ့ စကြ၀ဠာကြီးတစ်ခုလုံး သင့်ရှေ့မှောက် ဒူးထောက်လာစေရမယ်

FIV | 20:00 | | Best Blogger Tips


ဒီနေ့တော့ .. အပျင်းပြေပေါ့ဗျာ ..
အင်တာနက်သုံးနေရင်း ဗဟုသုတလည်းရ အသစ်အဆန်းလေးတွေလည်း
လေ့လာနိုင်မယ့် Website လေးတစ်ခုကို မိတ်ဆက်ပေးပါမယ် ..
အဲဒီ Website မှာ ကျွန်တော်တို့နေထိုင်တဲ့ စကြ၀ဠာကြီးတစ်ခုလုံးအကြောင်းကို
စိတ်ဝင်စားစရာလေ့လာနိုင်မှာ ဖြစ်ပါတယ် ...
စကြ၀ဠာကြီးကို အဝေးတစ်နေရာကနေ လှမ်းကြည့်လို့ မြင်ရမယ့် အနေအထားကနေ
တဖြည်းဖြည်း စကြ၀ဠာထဲ တိုးတိုးပြီးဝင်သွားလိုက်တာ .. လမ်းတလျှောက်မှာရှိတဲ့
ဂြိုလ်တွေအကြောင်းကိုလည်း လေ့လာမှတ်သားသွားနိုင်ပါတယ် ..

အဲဒီလို တဖြည်းဖြည်းတိုးဝင်သွားရင်းနဲ့ ဘယ်လောက်ထိအောင် လေ့လာခွင့်ရမလဲဆိုရင်
မိုက်ခရိုစကုပ်နဲ့တောင် ကြည့်လို့မရတော့လောက်အောင် သေးငယ်တဲ့ အခြေအနေအထိရှိတဲ့
အရာတွေအကြောင်းကိုပါ လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ..
ကျွန်တော်တောင် ခဏတဖြုတ်ဆိုပြီး ၀င်ကြည့်လိုက်တာ နေ့တစ်ပိုင်းလောက်
အချိန်ကုန်သွားတယ်ဗျို့ ..
အဲ .. ကျွန်တော်လေ့လာခဲ့တဲ့ထဲက တစ်ခုအကြောင်းကို အမြည်းသဘော ပြောပြမယ်နော်
ကျွန်တော်က လူအကြောင်းကို ဗဟုသုတဖြစ် မှတ်သားခဲ့တာပါ ..

ကမ္ဘာဂြိုလ်ပေါ်မှာ လူဦးရေဟာ သန်းပေါင်းခုနစ်ထောင်ကျော်ရှိပါတယ်တဲ့
ကျွန်တော်တို့ဟာ တစ်စက္ကန့်ကို လူတစ်ယောက်နှုန်းနဲ့ တွေ့ဆုံလိုက်မယ်ဆိုရင်တောင်
ပထမဆုံးတွေ့ဆုံခဲ့တဲ့လူကို ဒုတိယတစ်ကြိမ်ပြန်ဆုံဖို့ နှစ်ပေါင်းနှစ်ရာကျော် ကြာမယ်လို့
ဆိုပါတယ် ...

အဲဒီလိုပေါ့ဗျာ .. အများကြီးမှ အများကြီးပါ .. လေ့လာလို့လည်း ကုန်ပါ့မလားမသိဘူး ..
စက်ြဝဠာကြီးတစ်ခုလုံးအကြောင်းဆိုတော့လေ ..
ကဲ .. သွားရောက်လေ့လာကြည့်ချင်တယ်ဆိုရင်တော့ ..

ဒီကို သွားလိုက်ပါ ..


အောက်ကပုံအတိုင်း Website ကိုရောက်သွားပါ့မယ် ..


အဲဒီမှာ Loading ကို ပြည်အောင်စောင့်ပေးလိုက်ပါ ..
Loading ပြည့်သွားရင် Start ဆိုတာပေါ်လာပါမယ် .. Start ကိုနှိပ်လိုက်ရင်
အောက်ကပုံအတိုင်း စကြ၀ဠာခရီးစဉ်ကြီး စတင်ရုံပါပဲ ..



မောက်မှာပါတဲ့ Scroll ဘီးလေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ခရီးဆက်လိုက်ပါ ..
လမ်းမှာတွေ့သမျှ အရာတွေအားလုံးထဲက ကိုယ်သိချင်တဲ့ အရာလေးများတွေ့ရင်
အဲဒီနေရာလေးကို ကလစ်နှိပ်လိုက်ပါ .. အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ် ... 
ခရီးဆက်မယ်ဆိုရင်တော့ မောက်က Scroll Wheel ကို လက်ညှိုးလေးနဲ့ထိပြီး လီဗာတင်လိုက်ပေါ့ဗျာ
ကဲ .. အပေါ်ကလင့်ကိုသာ Click တစ်ချက်နှိပ်လိုက် စကြ၀ဠာကြီးတစ်ခုလုံး
သူငယ်ချင်းရဲ့ရှေ့ကို ဒူးထောက်ရောက်ရှိလာလိမ့်မယ်

(အဲဒီကို အလည်သွားရင်း ဒိုင်နိုဆောကြီးကိုတွေ့ရင် ကျွန်တော်က သတိရတယ်လို့
မှာလိုက်ကြောင်း ပြောပေးကြပါဦး ... :D)

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်လျှက်
 
 from: အိုင်တီမုဆိုး

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ