Pages

easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Monday 25 February 2013

ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး

FIV | 21:13 | Best Blogger Tips

ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး

၂၄-၀၂-၂၀၁၃ နေ့

အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာ သာ အဖြစ် ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေရာ စောမယကော လိပ် နဲ့ ၁ နာရီကျော်ကြာ ကားမောင်းရသည်။

(ဗုဒ္ဓဘာ သာအဖြစ် ခံယူပွဲ အခမ်းအနား)

စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်း အနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယ ဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ ပါဝင်သည်။ 

အခန်းအစီအစဉ်

မနက်ပိုင်း

အဖြူရောင် မျက်နှာကြပ်တို့ဖြင့် လှပစွာ တန်ဆာ ဆင်ထားသော ပဏ္ဍပ်ကြီးတွင် ပရိသတ် ၂၀၀၀ (နှစ်ေ ထာင်) ခန့် အားလုံး အဖြူရောင် ၀တ်စုံများ ၀တ်ဆင်ပြီး ဘုရားရှိခိုးခြင်း၊ ၀တ်ရွတ်ခြင်းများပြုလုပ်သည်။ အိန္ဒိယ ဆရာတော်ကြီးအထံမှ ငါးပါးသီလယူသည်၊ ဆရာတော်ကြီးက တရား ဟောသည်။ စာရေးသူတို့ အဖွဲ့ ကို ပန်းစည်းများ ကပ်ပြီး ကြိုဆိုသည်။ အိန္ဒိယ၏ ထုံးတမ်းတစ်ခု သည် ဘာပွဲ လုပ်လုပ် ပန်းများ ဖောေ ဖာ သီသီ လက်ဆောင်ပေးခြင်းဖြစ်သည်။ မဏ္ဍပ်ထဲက စင်ပေါ်တက်ပြီး နေရာယူကြသည်။ အ၀တ်ဖြူ များသာ မိုးထားသည်၊ အ၀တ်အဖြူများဖြင့်သာ ကာရံထားသည့် မဏ္ဍပ်ကြီးတစ်ခုလုံး မီးပြင်းပြင်တိုက် ထား သည့် ဒယ်အိုးကြီးအလား ပူပြင်းလှသည်၊ ၀တ်ထားသည့် အ၀တ်များသည်ပင် အသားနဲ့ ထိလိုက်တာနဲ့ ခြစ်ခြစ်ေ တာက် ပူနေသည်၊ ချွေးပေါက်ပေါက်ကျသည်။ ပူပြင်းလှသည့် မဏ္ဍပ်ထဲမှာ အလွန်ရှည်လျားသော အစီ အစဉ်တွေက စိတ်ကို မသက်မသာ ဖြစ်စေသည်။

နေ့လည်ပိုင်း

နေ့လည်အချိန်မှာတော့ ဘုံဘေတက္ကသိုလ် ပါဠိဌာန ဌာနမှူး ဆရာမကြီး၏ ဟောပြောပွဲ ပြုလုပ်နေချိန် စာရေး သူ တို့ မြန်မာ ရဟန်းတော်အဖွဲ့ကို ဦးဆောင်သူ မိသားစုက အိမ်မှာ ပင့်ပြီး နေ့လည်စာ ကပ်သည်။ ထိုမိ သားစု အိမ်ခန်းမှာ မေတ္တာပို့ ပေးခြင်း ပြုလုပ်ပေးပြီး စာရေးသူတို့လည်း အခမ်းအနားကျင်းပရာ မဏ္ဍပ် သို့ ပြန်ရောက်၊ များမကြာမီမှာပဲ ဆရာမကြီး၏ ဟောပြောပွဲပြီးဆုံးသည်။ ဆရာတော်ကြီးဆီမှ သြ၀ါဒ တရားနာကြားပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူမည့် အမျိုးသား အမျိုးသမီး ၂၀ ကို ရှေ့သို့လာစေသည်။ ဘာရယ် မသိ ထိုအစီအစဉ်ရောက်လာသော အခါ စိတ်ထဲမှာ ပျော်နေမိသည်၊ ကြည်နူးနေမိသည်၊ ထိုကြည်နူးမှု များက နေပူဒဏ်၊ ရှည်လျားသောအစီအစဉ်ဒဏ်ကြောင့် ရသော ကစဉ်ကလျား စိတ်ကို ငြိမ်သက် သွားစေ သည်။ စိတ်ရှည်ခြင်း သည်းခံခြင်း ဇွဲလုံလရှိခြင်းတို့က သာသနာပြုသူတွေအတွက် အရေးပါသော အင်အား များဖြစ်သည်။

ဘာသာပြောင်းပုံ အစီးအစဉ်

(က) ဗုဒ္ဓဘာသာအဖြစ် ခံယူမည့်သူများက ရှေ့သို့ထွက်လာပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးကြရသည်။ လက်ျာ ရစ် လှည့်ပြီး ပူဇော်ကြရသည်။

(ခ) ဆရာတော် သံဃာတော်များ ရှေ့မှောက် လက်အုပ်ချီကား အရိုအသေပေးကြရသည်။ ဆရာတော်ကြီး အထံမှ သုံးပါး သရဏဂုံ ဆောက်တည်ရသည်၊ အခြေခံ လူ့သီလဖြစ်သည့် ငါးပါးသီလ ခံယူရသည်။

(ဂ) ဗုဒ္ဓဘာသာဝင်တို့ ခံယူချက် အဓိဋ္ဌာန် ၂၂ ချက်ကို ရွတ်ဆိုရသည်။ (ဒေါက်တာအမ်ဘေဒကာက နာဂ ပူမြို့ လူပေါင်း ငါးသိန်းကျော် ဗုဒ္ဓဘာသာသို့ ပြောင်းပွဲကြီးတွင် ထို အဓိဋ္ဌာန်ချက် ၂၂ ခုကို ချမှတ်ခဲ့ သည်။ စာရေး သူ၏ “ကမ္ဘာ့ဘာသာရေးပြောင်းပွဲကြီး”တွင် ဖော်ပြပြီးဖြစ်သည်။) 

(ဃ) အစီအစဉ်ပြီးတာနဲ့ ထိုသူများကို ဗုဒ္ဓဘာသာအကြောင်း စာအုပ်များ၊ ပန်းစည်းများဖြင့် လက်ဆောင်ေ ပးပြီး ကြိုဆိုသည်။

(င) ပရိသတ်အရှေ့ထွက်စေကာ တစ်ယောက်ချင်း မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ ဗုဒ္ဓဘာသာသို့ ပြောင်းလာ ရခြင်း အကြောင်းကို တစ်လှည့်စီ ပြောကြသည်၊ ထောင်ချီသော ပရိသတ်၏ လက်ခုပ်သံသည်ကား အုတ်သြ ညံသွားသည်။

ညနေပိုင်း

ကြွရောက်လာကြသော လူ ၂၀၀၀ ခန့်ကို နေ့လည်စာ ထမင်းကျွေးပြီး ညနေပိုင်း အခမ်းအနား ပြန်စသည်။ ညနေပိုင်း အခမ်းအနားတွင် မြန်မာရဟန်းတော်များ၏ ပရိတ်တရား နာကြားခြင်း၊ တရားတော် နာကြားခြင်း များ ပြုလုပ်ပြီး အိန္ဒိယ ဆရာတော်ကြီးက ဆက်ပြီး တရားဟောပြန်သည်။ ဆရာတော်ကြီးက သုံးကြိမ်လုံး ဟိန္ဒူ ဘာသာတို့၏ ဗြာဟ္မဏ၀ါဒ, ဇီဝ, အတ္တ အကြောင်းတို့ကို မြတ်ဗုဒ္ဓ၏ အကြောင်းအကျိုးဝါဒ ပဋိစ္စသမု ပ္ပါဒ အကြောင်းနှင့် နှိုင်းယှဉ်ကာ သုံးပိုင်း ပိုင်းဟောသွားသည်။

အသစ်ဝင်လာသူကို ကြိုဆို

မိမိဘာသာထဲကို ၀င်ရောက်လာသူများကို ဗုဒ္ဓဘာသာတစ်ရပ်လုံးက သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ကြိုဆိုကြသည်၊ ထို သူတို့ အား VIP အဖြစ်နေရာပေးသည်။ စားစရာ၊ သောက်စရာကအစ တလေးတစား ဂရုတစိုက် စေ တနာ့ ၀န်ထမ်းများက စောင့်ရွက်ပေးနေသည်တို့ကို မြင်ရသည်မှာလည်း ကြည်နူးစရာ၊ စိတ်လှုပ်ရှား စရာကောင်းလှသည်။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထားများကို ပြသလိုက်ခြင်းဖြစ်သည်။

ယနေ့အဖို့ မနက်စောစောထ အိပ်ရေးပျက်ခြင်း၊ အလွန်မွန်းကြပ် ပြည့်သိပ်လှသည့် ဘုံဘေမြိုတွင်း အပြန် အသွား ၂ နာရီကျော်ကြာ ကားစီးလိုက်ရခြင်း၊ အခမ်းအနားတွင် မနက် ၁၀-၃၀ မှ ညနေ ၄ နာရီအထိ အပူဒ ဏ်ပြင်းပြင်း ခံရခြင်းတို့ကြောင့် ပင်ပန်းသမျှတို့ကို ယနေ့တွေ့ကြုံလိုက်ရသော ဗုဒ္ဓဘာသာ ခံယူပွဲကြီး ၏ ကြည်နူးဖွယ် စိတ်လှုပ်ရှားဖွယ်တို့က ဖယ်ရှားနိုင်သွားတော့သတည်းးးးးးးး။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၄-၀၂-၂၀၁၃ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ