Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday 14 June 2015

ချစ်သူရှိရာသို့ ပြန်လာသူ

FIV | 04:56 | | Best Blogger Tips



တစ်နေ့မှာ ကောင်းလေးက ကွန်ဒိုတစ်ခုတည်းမှာအတူတူနေကြတဲ့သူ့ကောင်မလေးနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတဲ့အတွက် ကောင်မလေးကဘက်က ဒေါသထွက်လွန်းပြီးစိတ်ကိုမထိန်းနိုင်တဲ့အတွက် တိုက်ပေါ်ကနေခုန်ချကာ မိမိကိုယ်ကိုသတ်သေတဲ့အထိ ပြဿနာတတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ကောင်မလေး သေပြီးနောက် ကောင်လေးကလည်း ဒီကွန်ဒိုကိုမပြာင်းပဲဒီအတိုင်းဆက်နေခဲ့ပါတယ်။ သေသွားတဲ့ကောင်မလေးဟာ ကောင်လေးကိုနေ့စဉ်နေ့တိုင်းဆိုသလို လာလာပြီးချောက်လှန့်နေတဲ့အတွက် အလုပ်အကိုင်ပျက်တဲ့အထိတောင်အခြေအနေဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ကောင်လေးဟာ သူရဲ့သူငယ်ချင်းများကို သေသွားပြီဖြစ်တဲ့သူ့ကောင်မလေးကလာလာပြီးခြောက်လှန့်နေတယ်ဆိုတဲ့အကြောင်း ပြောပြလိုက်တော့ သူငယ်ချင်းများကလည်း သူ့ကို အကြံဉာဏ်ပေးကြပါတယ်။ သူငယ်ချင်းတစ်ယောက်ကသူ့ကို ဒီဝိဉာဏ်အကြောင်းနဲ့ပတ်သတ်ပြီး နည်းလမ်းကောင်းပေးနိုင်တဲ့ ဆရာတော်တစ်ပါးရှိတယ်ဆိုတဲ့အကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။

ထို့နောက်သူတို့ အဲဒီဘုန်းကြီးရှိရာဘုန်းကြီးကျောင်းသို့ခရီးထွက်ခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကိုအကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ဒီလိုနဲ့ဘုန်းကြီးက ကောင်လေးကို ဒီလိုခြောက်လှန့်ခံနေရတယ်ဆိုရင်တော့ အမြဲအိပ်နေကျဖြစ်တဲ့ ကုတင်ပေါ်မှာမအိပ်ပဲ ကုတင်အောက်ကို ပြောင်းအိပ်ပါဆိုပြီး မိန့်ကြားခဲ့ပါတယ်။

ဒီလိုနဲ့ ကွန်ဒိုကိုပြန်ရောက်တော့ ကောင်လေးက ဘုန်းကြီးမိန့်ကြားတဲ့အတိုင်း ကုတင်အောက်မှာ ၀င်အိပ်နေခဲ့ပါတော့တယ်။ ဘုန်းကြီးကျောင်းကပြန်လာပြီးကတည်းက သူငယ်ချင်းများက အဲဒီကောင်လေးကို မတွေ့တာကြာပြီဖြစ်တဲ့အတွက် ကောင်လေးရှိရာ ကွန်ဒိုဆီသို့ အလည်လာခဲ့ကြပါတယ်။ ဖုန်းဆက်တော့လည်းဖုန်းမကိုင်တဲ့အတွက် ကွန်ဒိုရောက်တော့ သူငယ်ချင်းများက တံခါးခေါက်ကြ အော်ခေါ်ကြပေမယ့် ထူးသံမကြားရတဲ့အတွက် တံခါးကိုဖေါက်ပြီးအခန်းတွင်းထဲသို့ထင်လိုက်ကြတဲ့အခါ ကောင်လေးဟာ ကုတင်အောက်မှာ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။
ဘုန်းဘုန်း မိတ်ကြားတဲ့အတိုင်း တပည့်တော်ရဲ့ သူငယ်ချင်းလုပ်ခဲ့ပေမယ့်ဘာကြောင့် အခုလိုသေသွားရတာလဲ ဆိုပြီး
ဒီအကြောင်းကို အရင်ကသူတို့ သွားရောက်ဖူးမျှော်ကြတဲ့ဆရာတော်ရှိရာကျောင်းသို့သွားပြီး အကျိုးအကြောင်းပြောပြလိုက်သေအခါ ဘုန်းကြီးက ခုလိုမိန့်တော်မူပါတယ်။

''သေသွားတဲ့ဒကာမလေးက ကွန်ဒိုပေါ်ကခုန်ချတာ
ခေါင်းနဲ့စိုက်ပြီးမြေပေါ်ကိုကြတာလား။''
''ခြေနဲ့ကျတာလား''
  ဆိုပြီးမေးခွန်းမေးလိုက်သောအခါ ကောင်လေးရဲ့သူငယ်ချင်းများက

''ခေါင်းနဲ့စိုက်ပြီးပြုတ်ကျခဲ့ပါတယ်ဘုရား
ဘာကြောင့်လဲဆိုတော့ ကောင်မလေးခေါင်းက
ဒါဏ်ရာယာဟာကွဲပြီးကြေမွနေလို့ပါဘုရား။''

ထိုအခါ ဆရာတော်က
''အိန်း...ဒါဆိုရင်တော့ သေသွားပြီဖြစ်တဲ့ကောင်မလေးဟာ
ခေါင်းနဲ့ပြောင်းပြန်လှန်ပြီးလမ်းလျှောက်တဲ့အတွက်
သေသွားတဲ့ ဒကာလေး ကုတင်အောက်မှာ
အိပ်နေတာကို အလွယ်တကူတွေ့သွားလို့ပဲဖြစ်တယ်....
ဒါကြောင့်အလွယ်နဲ့ အသက်ကိုနုတ်ယူသွားခဲ့တယ် ဒကာလေးတို့။''

အဖြစ်အပျက်ကဒီလောက်ပါပဲ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ရေးသားသူ J Jin Tai

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ