Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com
Showing posts with label နိုင်ငံတကာအနုပညာသတင်း. Show all posts
Showing posts with label နိုင်ငံတကာအနုပညာသတင်း. Show all posts

Monday, 5 November 2012

အသီးအရွက် များကိုသာ စားသုံး နေရကြောင်း ထုတ်ဖော်ပြောကြား လာသည့် လီဒါဟေး (ချိုဝမ်)

FIV | 03:35 | Best Blogger Tips

မြန်မာ ပရိသတ် အချစ်တော် ကိုရီးယား မင်းသမီး ချောလေး လီဒါဟေး (ချိုဝမ်)သည် အသီးအရွက် များကိုသာ စားသုံး နေရကြောင်း သူမ၏ တွစ်တာ ဝက်ဘ် ဆိုက်တွင် ပြောကြား ခဲ့သည်။
လီဒါဟေး ယခုလို အသီးအရွက် များကိုသာ စားသုံးနေရ သည့်အကြောင်း အရင်းမှာ သူမ၏ ခန္ဓာ ကိုယ် ဖောရောင်ခြင်း ရောဂါပိုမို ဆိုးရွား လာခြင်းကြောင့် ဖြစ်ကြောင်း၊ အဆိုပါ ရောဂါမှာ အသားများ စားသုံးလျှင် ပိုမို ဆိုးရွားလာနိုင်သည့် အတွက် လီသည် ဝက်သား၊ အမဲသား၊ကြက်သား အစရှိသော အသားများကို မစား သုံး တော့ကြောင်း တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသား ထားသည်။
လီဒါဟေးကို ''နေကောင်းအောင် ကြိုးစား အားတင်း ထားပါ''ဟု ပရိသတ် များက သူမ၏ ဝက်ဘ် ဆိုက် တွင် ပြန်လည် ရေးသား ထားကြောင်း သိရသည်။
>အပြည့်အစုံဖတ်ရန်>

တေလာ ဆွစ်ဖ်၏ ရင်တွင်း ဝေဒနာကို ဖော်ပြ ထားသည့် Forever and Always တေးသီချင်း

FIV | 03:30 | Best Blogger Tips

တေလာဆွစ်ဖ်(Taylor Swift)သည် သူမ ကိုယ်တိုင် ရေးဖွဲ့ သီဆို ထားသော Forever and Always  တေးသီချင်းတွင် ချစ်သူဟောင်း ဖြစ်သူ ဂျိုဂျိုး နက်စ်နှင့် သက်ဆိုင်သည့် တေလာ၏ ရင်တွင်း ဝေဒနာ များကို နားဆင် နိုင်ကြောင်း သိရသည်။
တေလာနှင့် ဂျိုဂျိုး နက်စ်တို့ နှစ်ဦးသည် ၂ဝဝ၈ ခုနှစ် နွေရာသီက ချစ်ကြိုက် ခဲ့ပြီး တေလာ သည် ဂျို၏ လှည့်ဖျား မှုကို ခံရပြီးနောက် ၎င်းတို့ နှစ်ဦး လမ်းခွဲ ခဲ့သည်။ တေလာက မိမိ၏ ဘဝ နှင့် ရင်တွင်း ခံစားချက် များကို မိမိတေး သီချင်းများတွင် ထည့်သွင်း ရေးသား သီဆို လေ့ရှိ ကြောင်း၊ Forever and Always တေးသီချင်းတွင် ဂျိုနှင့် မိမိတို့ နှစ်ဦး၏  အချစ်ရေး အဆုံး သတ် သွားပုံနှင့် အံ့သြ လောက်သည့် လှည့်စားခံ ရမှုများကို ရေးဖွဲ့ ခဲ့ကြောင်း ရုပ်သံ အစီ အစဉ် တစ်ခုတွင် ပြောကြား ထားသည်။

Monday, 05 November 2012 
>အပြည့်အစုံဖတ်ရန်>

Thursday, 1 November 2012

ကမ္ဘာ့အသက်ငယ်ဆုံး ဒီဂျေပညာရှင်မလေး

FIV | 15:55 | Best Blogger Tips



 အသက်ခြောက်နှစ်မျှသာ ရှိသေးသည့်  အမ်ဘာဂျေးကော့သည် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေပညာရှင်အဖြစ် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်သွားပြီဖြစ်သည်။ အမ်ဘာသည် ဟစ်ဟော့သီချင်းများကိုသာမက ဂန္ထ၀င်သီချင်းများနှင့် ရော့ခ်အင်ရိုးသီချင်းများကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်ပြနိုင်ခဲ့သည်။ အမ်ဘာ၏လက်စွမ်းကို TBFMအွန်လိုင်း ရုပ်သံဌာနမှ စတင်ဖြန့်ချိခဲ့ရာ ကမ္ဘာတစ်လွှားလူအများက တစ်ခဲနက်ထောက်ခံ အားပေးခဲ့ကြသောကြောင့် ယခုကဲ့သို့ ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်လာခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က အင်္ဂလန်မှာ အမ်ဘာလာရောက် ဖျော်ဖြေခဲ့စဉ်ကလည်း နိုင်ငံတကာမှ ပရိသတ်များက တစ်ခဲနက်လာရောက် အားပေးခဲ့ကြသည်။
>အပြည့်အစုံဖတ်ရန်>

ဘရစ် တနီနှင့် ဂျေဆန် ထရာဝပ်တို့ မကြာမီ လက်ထပ် တော့မည်

FIV | 15:32 | Best Blogger Tips


လန်ဒန် အောက်တိုဘာ ၃၁
ကမ္ဘာကျော် အဆိုတော် ဘရစ်တနီ စပီးယားသည် သူမ၏ ချစ်သူ ဂျေဆန် ထရာဝပ်နှင့် လက်ထပ် မင်္ဂလာ ပွဲကို ယခု နှစ်ပိုင်း မကုန်မီ ကျင်းပ သွားမည် ဖြစ်ကြောင်း မကြာသေး မီက ပြောကြား ခဲ့သည်။
အမေ ရိကန် X Factor သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ဆောင်ရွက်နေသူ ဘရစ် တနီက သူမ၏ မင်္ဂလာ ပွဲကို မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း Sunday Mirror သို့ ပြောကြား ခဲ့သည်။
ဘရစ် တနီနှင့် ဂျေဆန် ထရာဝပ် တို့သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ လက စေ့စပ်ခဲ့ပြီး  စတာ လင် ပေါင် ၅ ဒသမ ၃ သန်း တန်ဖိုးရှိ အိမ်တစ်လုံးကို နှစ်ယောက် အတူ ဝယ်ထား သည်ဟု သိရသည်။
အသက်၃ဝ အရွယ်ရှိ ဘရစ် တနီသည် အိမ်ထောင် နှစ်ဆက်ကျ ခဲ့ဖူးသူ ဖြစ်ပြီးသူမ၏ အက အဖွဲ့မှ သားနှစ် ယောက် ၏ ဖခင်ဖြစ်သူ အက ပညာရှင် ကေဗင် ဖီဒါ လိုင်းနှင့် ၂ဝဝ၇ ခုနှစ် ဇူလိုင် လက ကွာရှင်း ခဲ့သည်။
ဘရစ်တနီ စပီးယား လက်ထပ် ပွဲကို သူမအပေါ် ချစ်ခင်သူ ပရိသတ် များက အထူး စိတ်ဝင် စားလျက် ရှိကြောင်း သိရသည်။
>အပြည့်အစုံဖတ်ရန်>

Tuesday, 30 October 2012

ရိုက်ကွင်းပေါ်က အချစ် ဇာတ်လမ်းများ

FIV | 00:38 | Best Blogger Tips


လောလောဆယ်မှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စား နေတဲ့ အတွဲကတော့ Twilight ရုပ်ရှင် ဇာတ်လမ်းတွဲမှာ ချစ်သူများ အဖြစ် သရုပ်ဆောင် ခဲ့ကြတဲ့ ရောဘတ်ပက် တင်ဆန်နဲ့ ခရစ္စတင်းစတီးဝပ်တို့ နှစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ်။
ရုပ်ရှင် ဇာတ်ကားထဲမှာ ချစ်သူများ အဖြစ် သရုပ်ဆောင် ခဲ့ကြရာက တကယ့်ချစ်သူများ ဖြစ်သွားခဲ့ပြီး အတူ နေခဲ့ကြတာ ၃ နှစ် ရှိခဲ့ပါပြီ။ ဒါပေမဲ့ မကြာသေးခင်က ခရစ္စတင်းက သူပါဝင် သရုပ်ဆောင် နေတဲ့ Snow White and the Huntsman ရုပ်ရှင်ဇာတ်ကားရဲ့ဒါရိုက်တာ ဖြစ်သူအသက် ၄၁ နှစ်အရွယ်ရှိ ရူးပတ်ဆဲန်ဒါးစ်နဲ့ ဖောက်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကို ပက်တင်ဆန် သိသွားတဲ့ အခါမှာ ခရစ္စတင်းက ၀န်ခံခဲ့ပြီး လမ်းခွဲ ခဲ့ကြပါတယ်။

ရိုက်ကွင်းပေါ်မှာ နေ့စဉ်နဲ့ အမျှ ထိတွေ့ဆက်ဆံ နမ်းနေကြရတဲ့ အပြင် တစ်ခါတစ်ရံမှာ အိပ်ရာခန်း များမှာလည်း သရုပ်ဆောင်ကြရတာကြောင့် ဟောလိဝုဒ်မှာ တချို့မင်းသား မင်းသမီးများ ရိုက်ကွင်းပေါ်က တစ်ဆင့် တကယ် ချစ်ကျွမ်းဝင်သွားကြတာတွေ ရှိပါတယ်။  အဲဒီလို ချစ်သွားကြတဲ့ အတွဲများကို တင်ပြရရင်...

ခရစ္စတင်း၊ ရူးပတ်နဲ့ ရောဘတ်
၃ နှစ်ကြာ အတူ နေခဲ့ကြတဲ့ ခရစ္စတင်းနဲ့ ရောဘတ်တို့ရဲ့ ချစ်ခရီးဟာ ပေါ်ထွက်လာတဲ့ သတင်းများကြောင့် သာယာ ဖြောင့်ဖြူးမှု မရှိတော့ပါဘူး။ အသက် ၂၂ နှစ် အရွယ်ရှိ ခရစ္စတင်းက အသက်
၄၁ နှစ် အရွယ်ရှိ ဒါရိုက်တာ ရူးပတ်ဆဲန်ဒါးစ်နဲ့ ရိုက်ကွင်းပေါ်မှာ ဖောက်ပြန် နေတယ်လို့ သတင်း ထွက်ပေါ်လာခြင်းကြောင့်ပါပဲ။

သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီး ခရစ္စတင်းက ရောဘတ်ကို လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ “မှားယွင်းမှု တစ်ခုကြောင့် ကျွန်မ ဘ၀မှာ အရေးပါအရာ ရောက်ဆုံးနဲ့ ကျွန်မ ချစ်ခင်မြတ်နိုး တန်ဖိုးထားတဲ့ ရော့ဘ်ကို ဆုံးရှုံး ခဲ့ရပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။ ဗြိတိသျှဒါရိုက်တာဖြစ်တဲ့ ရူးပတ်ကလည်း သူ့ဇနီး ရုပ်ရှင်မင်းသမီး မော်ဒယ်လ်ဖြစ်တဲ့ လစ်ဘာတီရော့စ်နဲ့ ကလေးနှစ်ယောက်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

ရပ်ဆဲလ်၊ မက်ဂ်နဲ့ ဒဲနစ္စ
နယူးဇီလန်နိုင်ငံရဲ့ လူဆိုးကလေးလို့ နာမည်ကျော်တဲ့ ရပ်ဆဲလ်နဲ့ အမေရိကန်နိုင်ငံ ပရိသတ်များရဲ့ အသည်းကျော် မင်းသမီးဖြစ်တဲ့ မက်ဂ်တို့ ၂၀၀၀ ပြည့်နှစ်မှာ ရိုက်ကူးတဲ့ Proof of Life ဇာတ်ကားမှာ ဆုံဖြစ်ကြပါတယ်။ သူတို့နှစ်ဦး ရိုက်ကွင်းပေါ်မှာ တကယ် ချစ်သူများ အဖြစ် နေထိုင်ကြတာကို အီကွေဒေါနိုင်ငံနဲ့ လန်ဒန်တို့မှာ ဓာတ်ပုံ သတင်းထောက်များက အမိအရ ရိုက်ကူး ခဲ့ကြပါတယ်။ ဗြိတိသျှ စာစောင်များက ဒီသတင်းကို ထုတ်ဖော်ဖွင့်ချလိုက်တာကြောင့် မက်ဂ်ရိုင်ယန်နဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဒဲနစ္စကွိတ်တို့  ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။ နှစ်ဦးစလုံးက သူတို့လမ်းခွဲမှုမှာ ဘယ်သူ့ပယောဂမှ မပါဝင်ပါဘူးလို့ ကြေညာခဲ့ပါတယ်။

မစ်ရှယ်လ်၊ ဂျွန်နဲ့ ဂလဲန်
ဂျွန်မာလ်ကိုဗစ်ခ်ျနဲ့ ဂလဲန်ဟက်ဒလီတို့ရဲ့ အိမ်ထောင်သက် ၆ နှစ်ရှိခဲ့ပါပြီ။ အဲဒီအချိန်မှာ Dangerous Liaisons ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း ဂျွန်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မစ်ရှယ်လ်ဖိုင်ဖာတို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ဂျွန်နဲ့ ဂလဲန်တို့ ကွာရှင်းပြတ်စဲလိုက်ကြပေမဲ့ မစ်ရှယ်လ်နဲ့ မပေါင်းစည်းမိဘဲ မစ်ရှယ်လ်က တယ်လီဗေးရှင်း ဇာတ်လမ်းဖန်တီးသူ ဒေးဗစ်အီးကယ်လီနဲ့ လက်ထပ်ခဲ့ပါတယ်။ နောင် နှစ် ၂၀ အကြာမှာတော့ ဂျွန်က “အခုတော့ လမ်းတွေ့ရင်တောင် မစ်ရှယ်လ်က ကျွန်တော့်ကို နှုတ်တောင် မဆက်နိုင်တော့တာက မယုံနိုင်စရာပါပဲ”လို့ ဆိုပါတယ်။

ချတ်၊ ပဲရစ်၊ နစ်ခ်နဲ့ ဆိုဖီယာ

ချတ်မိုက်ကယ်မူရေးက One Tree Hill ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဆိုဖီယာဘုရှ်နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ House of Wax ဇာတ်ကားကို ရိုက်ရင်း တွဲဖက်သရုပ်ဆောင်တဲ့ ပဲရစ်ဟီလ်တန်နဲ့ ချတ်တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ အဲဒီအချိန်က ပဲရစ်က နစ်ခ်ကာတာနဲ့ ချစ်သူဖြစ်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ချတ်နဲ့ ဆိုဖီယာတို့ လမ်းခွဲလိုက်ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ E! Online နဲ့ တွေ့ဆုံရာမှာတော့ ချတ်က “ကျွန်တော် အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာကို အရူးအမူးဖြစ်ခဲ့တာကိုး”လို့ ဆိုခဲ့ပါတယ်။

အင်ဂျလီနား၊ ဘီလီဘော့ပ်နဲ့ လော်ရာ
၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Pushing Tin ရုပ်ရှင်ဇာတ်ကားမှာ ဂျိုလီနဲ့ ဘီလီတို့ အကြင်လင်မယားအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူတို့နှစ်ယောက် အတူတူပျောက် သွားကြတာကြောင့် ဘီလီနဲ့ စေ့စပ်ထားတဲ့ လော်ရာဒန်းအပါအ၀င် အားလုံး အံ့သြခဲ့ကြပါတယ်။ လော်ရာက “ကျွန်မ ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ သွားနေတုန်းမှာ ကျွန်မ ခင်ပွန်းလောင်းက တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ သူ့အကြောင်း မကြားရတော့ပါဘူး”လို့ ဆိုပါတယ်။ နောက် ၃ နှစ်အကြာမှာတော့ ဂျိုလီနဲ့ ဘီလီတို့လမ်းခွဲခဲ့ကြပြီး မိတ်ဆွေများ အဖြစ် ရပ်တည်နေခဲ့ကြပါတယ်။ ဘီလီက အိမ်ထောင်မပြုတော့ပေမဲ့ ဂျိုလီကတော့ မကြာသေးခင်က ဘရက်ပစ်နဲ့စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။

အဲလစ်ဇဘက်၊ အယ်ဒီ၊ ရစ်ချတ်နဲ့ စစ်ဘဲလ်
ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး အဲလစ်ဇဘက်တေလာကို အိမ်ထောင်ဖျက်သူရယ်လို့ ကင်ပွန်းတပ်ကြပါတယ်။ မုဆိုးမဖြစ်နေတဲ့ အဲလစ်ဇဘက်ကသူငယ်ချင်းဖြစ်သူ ဒက်ဘီရေနောလ်ရဲ့ ခင်ပွန်းဖြစ်သူ အယ်ဒီဖစ်ရှားကို အရ ယူသွားခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ ကလီယိုပါထရာ ဇာတ်ကားကို ရစ်ချတ်ဘာတန်နဲ့ တွဲဖက် သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်သွားခဲ့ပြန်ပါတယ်။ တေလာနဲ့ ဘာတန်တို့ရဲ့ချစ်ဇာတ်လမ်းဟာ ဒီနေ့ထက်ထိ ပြောမဆုံးနိုင်သေးတဲ့ ဟောလိဝုဒ်ရဲ့အကြီးကျယ်အခမ်း နားဆုံး အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံးက အိမ်ထောင်ဖက်များကို စွန့်ခွာကာ ပေါင်းစည်း ခဲ့ကြပါတယ်။ အဲဒီ အချိန်က ဘာတန်မှာ ဇနီးသည်ဖြစ်သူ ရုပ်ရှင်မင်းသမီး စစ်ဘဲလ်ဝီလျံ ရှိခဲ့ပါတယ်။ တေလာနဲ့ ဘာတန်တို့ ၁၀ နှစ်ကြာ ပေါင်းသင်းခဲ့ကြပြီး ကွာရှင်းပြတ်စဲကြပါတယ်။ နောက်တစ်ကြိမ် ပြန်လက်ထပ်ကြကာ ၁၆ လကြာ ပေါင်းသင်းခဲ့ကြပြီး လမ်းခွဲခဲ့ကြပြန်ပါတယ်။

ကလယ်ရာ၊ ဘီလီနဲ့ မေရီလူစီ
၂၀၀၃ ခုနှစ်မှာ ဘီလီခရပ်ဒ်အပ်တစ်ယောက် သူနဲ့အတူ ၈ နှစ်ကြာနေထိုင်ခဲ့တဲ့ ချစ်သူ မေရီလူစီနဲ့ သားသမီးထွန်းကားခါနီး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ  ဘီလီက Stage Beauty ရုပ်ရှင်ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကလယ်ရာဒိန်းစ်နဲ့ ငြိစွန်းသွားခဲ့ပါတယ်။ သူတို့ဇာတ်လမ်းကို စာနယ်ဇင်းများက ရေးသားကြပေမဲ့ နှစ်ဖက်စလုံးက ငြင်းခဲ့ကြပါတယ်။ ချစ်သူ မေရီလူစီက ရင်သွေးကလေးကိုမမွေးဖွားမီ နှစ်လအလိုမှာ ဘီလီက လမ်းခွဲသွားပြီး ကလယ်ရာနဲ့ ချစ်သူများအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ၄ နှစ် ကြာအောင် တွဲခဲ့ကြပြီး နောင်မှာ ကလယ်ရာက “အဲဒီအချိန်တုန်းကတော့ ရူးရူးမူးမူး ချစ်ခဲ့မိတာ အမှန်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

စစ်ဘဲလ်၊ ပီတာနဲ့ ပေါ်လီ
၁၉၇၁ ခုနှစ်မှာ The Last Picture Show ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ဒါရိုက်တာ ပီတာက အသက် ၂၁ နှစ် အရွယ်ရှိ ရုပ်ရှင်မင်းသမီးကလေး စစ်ဘဲလ်ရှက်ပတ်ကို လက်ထပ်ယူခဲ့ပါတယ်။ ပီတာက စစ်ဘဲလ်ကို လက်ထပ်ဖို့ အတွက် ဆယ်စုနှစ်တစ်ခုကြာ ပေါင်းသင်းခဲ့တဲ့ ထုတ်လုပ်သူ ပေါ်လီပလပ်ကို ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။ စစ်ဘဲလ်နဲ့ ပီတာတို့ ၇ နှစ်ကြာ တွဲခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။ နှစ်ခုလပ်ဖြစ်တဲ့ စစ်ဘဲလ်က မကြာသေးမီက ရတနာကုန်သည်ဘ၀မှ စိတ်ပညာရှင်ဖြစ်လာသူ အင်ဒရီနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လီးန်၊ ဒီးန်၊ အယ်ဒီနဲ့ ဘရန်ဒီ

ကျေးလက်ဂီတ အဆိုကျော်ဖြစ်တဲ့ လီအန်ရိုင်းမ်စ်က လက်ထပ်ပြီးမကြာခင်မှာပဲ Northern Lights ဆိုတဲ့ ရုပ်ရှင်ကားကို အိမ်ထောင်သည် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အယ်ဒီဆီဘရိုင်းယန်နဲ့တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ကပါ။ ရိုက်ကွင်းပေါ်မှာ သူတို့ နှစ်ယောက် ဖောက်ပြန်နေကြတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သူတို့အချစ်ဇာတ်လမ်းကြောင့် အိမ် ထောင်နှစ်ခုစလုံး ပြိုကွဲသွားခဲ့ပါတယ်။ ရိုင်းမ်စ်က အမျိုးသားကချေသည် တစ်ဦးဖြစ်တဲ့ ဒီးန်နဲ့ အိမ်ထောင်ရေး ပြိုကွဲသွားပြီး အယ်ဒီကလည်း ဇနီးဖြစ်သူရုပ်ရှင်မင်းသမီး ဘရန်ဒီနဲ့ လမ်းခွဲလိုက်ပြီး သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပြန်ပါတယ်။ ဒီနောက်ပိုင်းမှာ ရိုင်းမ်စ်က သူတို့ နှစ်ဦးကြောင့် နှလုံးသားကြေကွဲခဲ့ကြ သူတွေအတွက် စိတ်မကောင်းပေမဲ့ နောင်တတော့ မရပါဘူးလို့ ဆိုခဲ့ပါတယ်။

FROM : ရွှေအမြုတေ မဂ္ဂဇင်း
>အပြည့်အစုံဖတ်ရန်>

Sunday, 28 October 2012

တရုတ်နာမည်ကျော် ကွန်ဖူးမင်းသမီး Bai Jing အသတ်ခံရ

FIV | 23:10 | Best Blogger Tips

အသက်၂၉နှစ်အရွယ်ရှိ တရုတ်နိုင်ငံ၏ နာမည်ကျော်ကြား လှသော ကွန်ဖူးရုပ်ရှင် ကားများတွင် ပါဝင်သရုပ်ဆောင် နေသည့် မင်းသမီးချော ဘိုင်ဂျင်း(Bai Jing)သည် မြို့တော် ပေကျင်းရှိ မိမိနေအိမ်၌ ဓားဖြင့် ထိုးသတ်ခံရကြောင်း တရုတ် နိုင်ငံပိုင် သတင်းစာများက ဖော်ပြကြသည်။ တရုတ်နိုင်ငံ ပေကျင်း Chaoyang ခရိုင်ရှိ သူမ၏ နေအိမ်တွင် ဓားဒဏ်ရာများ ဖြင့် သေလျက်တွေ့ရှိရကြောင်း ရဲများက ထုတ်ဖော်ပြော ကြားသည်။ သူမ၏ ခင်ပွန်းဖြစ်သူ အသက် (၄၄)နှစ်ရှိ ဇိုချင်ဟိုင်းက ဇနီးဖြစ်သူ သည် မိမိကိုယ်မိမိအဆုံးစီရင် ခဲ့သည်ဟု ဖော်ပြသည်။ Bai Jing သည် တရုတ်ကွန်ဖူး Wing Chun ပညာအကြောင်းကို ရုပ်ရှင်ဇာတ်ကား တစ်ဒါဇင်ကျော်မျှ ရိုက်ကူး ထားပြီး တရုတ်နိုင်ငံ ၏နာမည်ကျော် အမျိုးသမီး ကွန်ဖူးပညာရှင် မီရှယ်လ်ယို (Michelle Yeoh)၏ အမွေကို ပင် ဆက်ခံနိုင်သူ အဖြစ် ကြိုးစားနေသူတစ် ယောက်ဖြစ် သည်။ Legal Evening News  သတင်းစာ ဖော်ပြချက်အရ Bai သည် သူမအား ကွာရှင်းခွင့်ပေးရန် တရားရုံးတွင် အမှုဖွင့်လျှောက် ထားကာ ရုံးတော် မှ ခေါ်ယူခဲ့ပြီး နောက် အိမ်ပြန်ချိန်တွင် သူမ၏ခင်ပွန်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့ရသည်ဟု သိရှိရသည်။ သူမ၏ ကွာရှင်းရန် တောင်းဆိုမှုတွင် မစ္စတာဇိုသည် ယခင်က အိမ်ထောင်ပြု ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး သားတစ်ဦးပင်ရှိသည်ကို သူမ မသိခဲ့ရ ကြောင်း၊ ထို့ပြင် သူမအား သစ္စာမဲ့သူ ဟု အမြဲစွပ်စွဲ ခံနေရကြောင်း ဖော်ပြထားသည်။ သူမသေဆုံးခဲ့ရမှုကို ရဲ တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး နေကြသည်။
>အပြည့်အစုံဖတ်ရန်>

ကိုယ်ဝန်လွယ်ထားရတဲ့ ရှာကီရာ

FIV | 22:41 | Best Blogger Tips

ကမ္ဘာကျော် ကိုလံဘီယာ အဆိုတော် ရှာကီရာက ချစ်သူဖြစ်သူ ဘာစီလိုနာ အသင်း ကစား သမားဂျရတ်ပီကေး နဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထား ရတယ်လို့ သိရပါတယ်။ ၄င်းတို့နှစ်ဦးဟာ ဒီအကြောင်းကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ရှာကီရာက ပရိုမိုးရှင်းပွဲ တွေကို ရွေ့ဆိုင်းခဲ့ပြီး စက်တင်ဘာ၂၁ရက်၊ လက်(စ်)ဗီးဂတ်(စ်) မြို့မှာ ကျင်းပမယ့် ‘Heart  Radro’ ဂီတ ပွဲတော်မှာ ပါဝင် ဖျော်ဖြေမှာ မဟုတ်တော့ဘူး လို့ သိရပါတယ်။” ကျွန်မ ကလေး တအား လိုချင်ပါတယ်” လို့ ၂ဝဝ၉ခုနှစ်က ပြုလုပ်တဲ့ အင်တာဗျူးမှာ ရှာကီးရာက ဖွင့်ဟခဲ့ပါတယ်။ ရှာကီးရာ နဲ့ ဂျရတ်က ၂ဝ၁၁ခုနှစ်ကစပြီး ချစ်ကြိုးသွယ် ခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန်မ တို့ရဲ့ပထမ ဆုံးကလေး လူ့လောကထဲ ရောက်လာမှာကို တအား စိတ် လှုပ်ရှားပြီး ပျော်ပါတယ်။ ကျွန်မတို့ ဘဝရဲ့ အရေးကြီးဆုံး အချိန်မှာ ဘာတွေကို ဦးစားပေး လုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ပြီး ပါပြီ။ လာမယ့် ရက် အနည်း အငယ် အတွင်းမှာ လုပ်မယ့် ပရိုမိုးရှင်းပွဲ တွေကို လည်းရက်ရွှေ့ ထား လိုက်ပါပြီ” လို့ ရှာကီရာက ဆိုပါတယ်။
www.acesscelebritynews
>အပြည့်အစုံဖတ်ရန်>

ဘဝရဲ့ဒုက္ခတွေကို ခါးသီးစွာ ခံစားခဲ့ရတဲ့ ဂျက်စတင်ဘီဘာရဲ့မိခင်

FIV | 22:33 | Best Blogger Tips

ဂျက်စတင်ဘီဘာရဲ့မိခင်ပတ်တီမဲလတ်က ‘Nowhere but Up: The Story of Justin Bieber’s Mom’ အမည်ရှိစာအုပ်ကို ရေးသား ထုတ်ဝေခဲ့ တယ်လို့ သိရပါ တယ်။ ဒီစာအုပ်ထဲမှာသူ့ဘဝရဲ့ အတက်အကျ၊ ဝမ်းနည်းကြေကွဲရမှု၊ ဘဝခရီး လမ်းကို ဖြတ်သန်းခဲ့ရမှု စတာတွေကို ရေးသားထားပါတယ်။ ပက်တီကဘီဘာကို အသက် ၁၈နှစ် အရွယ်မှာ မွေးဖွားခဲ့ပြီး ဘဝရဲ့ဒုက္ခသုက္ခ များကို ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ကလေး အရွယ်မှာလည်းလိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရပြီး ဆယ်ကျော်သက် အရွယ်အစော ပိုင်းကာလမှာ အရက်နှင့်မူးယစ်ဆေးဝါး စွဲခဲ့တဲ့အသက် ၁၇နှစ်အရွယ်တွင် ကိုယ့်ကိုယ် ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ “ဒီစာအုပ်က အရှက်တရားအတွက် ရော၊အပြစ်တင်ချင်လို့ရော ရည်ရွယ်ရေး သားတာမဟုတ်ပါဘူး။ကျွန်မလို စိတ် ဒဏ်ရာရှိတဲ့သူတွေအတွက် မျှော်လင့် ချက်ပေးချင်ရုံသက်သက်ပါ” လို့ ပက်တီ က ပြောပါ တယ်။ ‘Nowhere but Up. The Story of Justin Bieber’s Mom’ စာအုပ်ကိုအမေရိကရှိ စာအုပ် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။
zeenews.com
>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ