
ဂျက်စတင်ဘီဘာရဲ့မိခင်ပတ်တီမဲလတ်က ‘Nowhere
 but Up: The Story of Justin Bieber’s Mom’ အမည်ရှိစာအုပ်ကို ရေးသား 
ထုတ်ဝေခဲ့ တယ်လို့ သိရပါ တယ်။ ဒီစာအုပ်ထဲမှာသူ့ဘဝရဲ့ အတက်အကျ၊ 
ဝမ်းနည်းကြေကွဲရမှု၊ ဘဝခရီး လမ်းကို ဖြတ်သန်းခဲ့ရမှု စတာတွေကို 
ရေးသားထားပါတယ်။ ပက်တီကဘီဘာကို အသက် ၁၈နှစ် အရွယ်မှာ မွေးဖွားခဲ့ပြီး 
ဘဝရဲ့ဒုက္ခသုက္ခ များကို ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ကလေး 
အရွယ်မှာလည်းလိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရပြီး ဆယ်ကျော်သက် အရွယ်အစော 
ပိုင်းကာလမှာ အရက်နှင့်မူးယစ်ဆေးဝါး စွဲခဲ့တဲ့အသက် ၁၇နှစ်အရွယ်တွင် 
ကိုယ့်ကိုယ် ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ “ဒီစာအုပ်က 
အရှက်တရားအတွက် ရော၊အပြစ်တင်ချင်လို့ရော ရည်ရွယ်ရေး 
သားတာမဟုတ်ပါဘူး။ကျွန်မလို စိတ် ဒဏ်ရာရှိတဲ့သူတွေအတွက် မျှော်လင့် 
ချက်ပေးချင်ရုံသက်သက်ပါ” လို့ ပက်တီ က ပြောပါ တယ်။ ‘Nowhere but Up. The 
Story of Justin Bieber’s Mom’ စာအုပ်ကိုအမေရိကရှိ စာအုပ် ဆိုင်များတွင် 
ဝယ်ယူရရှိနိုင်ပါပြီ။
zeenews.com
 
 
0 comments:
Post a Comment