အသက်၂၉နှစ်အရွယ်ရှိ တရုတ်နိုင်ငံ၏ နာမည်ကျော်ကြား လှသော ကွန်ဖူးရုပ်ရှင် 
ကားများတွင် ပါဝင်သရုပ်ဆောင် နေသည့် မင်းသမီးချော ဘိုင်ဂျင်း(Bai Jing)သည် 
မြို့တော် ပေကျင်းရှိ မိမိနေအိမ်၌ ဓားဖြင့် ထိုးသတ်ခံရကြောင်း တရုတ် 
နိုင်ငံပိုင် သတင်းစာများက ဖော်ပြကြသည်။ တရုတ်နိုင်ငံ ပေကျင်း 
Chaoyang ခရိုင်ရှိ သူမ၏ နေအိမ်တွင် ဓားဒဏ်ရာများ ဖြင့် 
သေလျက်တွေ့ရှိရကြောင်း ရဲများက ထုတ်ဖော်ပြော ကြားသည်။ သူမ၏ ခင်ပွန်းဖြစ်သူ 
အသက် (၄၄)နှစ်ရှိ ဇိုချင်ဟိုင်းက ဇနီးဖြစ်သူ သည် မိမိကိုယ်မိမိအဆုံးစီရင် 
ခဲ့သည်ဟု ဖော်ပြသည်။ Bai Jing သည် တရုတ်ကွန်ဖူး Wing Chun ပညာအကြောင်းကို 
ရုပ်ရှင်ဇာတ်ကား တစ်ဒါဇင်ကျော်မျှ ရိုက်ကူး ထားပြီး တရုတ်နိုင်ငံ 
၏နာမည်ကျော် အမျိုးသမီး ကွန်ဖူးပညာရှင် မီရှယ်လ်ယို (Michelle Yeoh)၏ 
အမွေကို ပင် ဆက်ခံနိုင်သူ အဖြစ် ကြိုးစားနေသူတစ် ယောက်ဖြစ် သည်။ Legal 
Evening News  သတင်းစာ ဖော်ပြချက်အရ Bai သည် သူမအား ကွာရှင်းခွင့်ပေးရန် 
တရားရုံးတွင် အမှုဖွင့်လျှောက် ထားကာ ရုံးတော် မှ ခေါ်ယူခဲ့ပြီး နောက် 
အိမ်ပြန်ချိန်တွင် သူမ၏ခင်ပွန်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့ရသည်ဟု
 သိရှိရသည်။ သူမ၏ ကွာရှင်းရန် တောင်းဆိုမှုတွင် မစ္စတာဇိုသည် ယခင်က 
အိမ်ထောင်ပြု ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး သားတစ်ဦးပင်ရှိသည်ကို သူမ မသိခဲ့ရ 
ကြောင်း၊ ထို့ပြင် သူမအား သစ္စာမဲ့သူ ဟု အမြဲစွပ်စွဲ ခံနေရကြောင်း 
ဖော်ပြထားသည်။ သူမသေဆုံးခဲ့ရမှုကို ရဲ တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး 
နေကြသည်။
ဝင်းဒိုး ၁၀ အတွက် ဒစ်ဂျစ်တယ် အက်တီဗေတာ
6 years ago

0 comments:
Post a Comment