Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Saturday 2 February 2013

ရင်သားကင်ဆာအတွက် ပန်းဂေါ်ဖီအစိမ်း

FIV | 03:54 | Best Blogger Tips

ရင်သားကင်ဆာအတွက် ပန်းဂေါ်ဖီအစိမ်း

ပန်းဂေါ်ဖီစိမ်း စားသုံးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှု့ကို ကာကွယ်မှု့ပေးနိုင်သလို ကင်ဆာအမြစ်များပြန့်ပွားမှု့ကိုလည်း ရပ်တန့်စေတယ်လို့ သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆေးဖက်ဝင်တဲ့ ပန်းဂေါ်ဖီစိမ်း မှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်း တမျိုးဟာ အသားပိုကျူမာဆဲလ်များ ကြီးထွားလာမှု့ကို တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane ဆိုတဲ့ကင်ဆာကာ ကွယ်ပေးနိုင...်တဲ့ ဓာတုဒြပ်ပေါင်းဟာမြင့်မားစွာ ပါရှိနေတဲ့အတွက်ကြောင့် ကင်ဆာဆဲလ် များပြန့်ပွားမှု့ကို သတ်ပစ်နိုင်စွမ်းရှိပါတယ်။

အမေရိကန်နိုင်ငံ Michigan Comprehensive Cancer Centre တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ကြွက်နှင့် အခြားဆဲလ်များကိုအသုံးပြုပြီး ဓါတ်ခွဲခန်းမှာစမ်းသတ်ခြင်းများပြုလုပ်မှု့မှာ အောင်မြင် စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

ပါမောက္ခ Duxin Sun က ရင်တုန်းက စမ်းသပ်ခဲ့မှု့တွေမှာ Sulforaphane ဟာ ကင်ဆာရောဂါအတွက် ကောင်းတယ်ဆိုတာကိုဘဲသိရှိခဲ့ရပါတယ်။ အခုစမ်းသပ်မှု့မှာရရှိခဲ့တဲ့ ရလဒ်ကတော့ ရင်သားကင်ဆာရဲ့ Summaryပင်မဆဲလ်များ ပြန့်ပွားမှု့ကို တားဆီးနိုင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ပြောပါတယ်။ ပျှမ်းမျှ နှစ်စဉ်နှစ်တိုင်း အင်္ဂလန်နိုင်ငံရှိ အမျိုးသမီးများမှာ ၄၆ဝဝဝ ခန့် ရင်သားကင်ဆာဖြစ်နေပြီး ၁၂ဝဝဝ လောက်ဟာလဲ ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနေကြရပါတယ်။ လက်ရှိ ဓါတုကုထုံးများဟာလဲ ကင်ဆာရဲ့ ပင်မဆလ်များ ပြန့်ပွားမှု့ကို မတားစီးနိုင်သလို ဘာကြောင့် ဒီရောဂါဖြစ်လာရတယ်ဆိုတာလဲ အတိအကျမသိသေးဘူးလို့ သုတေသီများက ပြောပါတယ်။

သူတို့ယုံကြည်ထားတာကတော့ ကင်ဆာဖြစ်တဲ့ ပင်မဆလ်တွေကို ဖယ်ထုတ်ပြီး ပြန့်ပွားတဲ့အမြစ်များကို ထိန်းချူပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ လေ့လာချက်များကတော့ ပန်းဂေါ်ဖီစိမ်း အတွင်းမှ Sulforaphane ဓာတုဒြပ်ပေါင်းကိုနုတ်ယူပြီး ကြွက် ထဲသို့ထိုးထဲ့ စမ်းသပ်ခဲ့တာဘဲဖြစ်ပါတယ်။ ရင်သားကင်ဆာမှ ဆဲလ်များကဲ့သို့သော ဆဲလ်များကိုယူပြီး စမ်းသပ်ကြည့်တဲ့အခါမှာလဲ ပြန့်ပွားကြီးထွားတဲ့ ဆလ်အရေအတွက် လျော့ကျသွားတာကိုတွေ့ရတယ်လို့ စမ်းသပ်မှု့များမှ သိရှိခဲ့ကြရပါတယ်။

sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျော့ကျစေသလို ဆိုးကြိုးအနေဖြင့်လဲ ပုံမှန် ဆလ်များကို အနည်းငယ် ထိခိုင်မှု့ရှိတယ်လို့ တိုင်းတာသိခဲ့ရပါတယ်။ ရင်သားကင်ဆာ ရောဂါခံစားနေရတဲ့ လူနာများနဲ့တော့ စမ်းသပ်ခြင်းမပြုလုပ်ရသေးပါဘူး။

သို့သော်လည်း ဝေဒနာရှင်များကိုတော့ ပန်းဂေါ်ဖီစိမ်း စားကြဖို့ နဲ့ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ sulforaphane ဓါတုဒြပ်ပေါင်းဟာ ကင်ဆာဆဲများ ပြန့်ပွားမှု့အရေအတွက်ကို လျှော့ချနိုင်ကြောင်း အကြံဥာဏ်ပေး ပြောထားပါတယ်။ အရသာခါးသော ဟင်းသီးဟင်းရွက်များကို လူတွေကသိပ်မကြိုက်ကြပါဘူး။ အဲ့ဒီအထဲမှာ အမေရိကန်သမ္မဟောင်း George W. Bush လဲပါဝင်ပါတယ်။ သို့သော် အရသာခါးသော ဟင်းသီးဟင်းရွက်များဟာ ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ