Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday 28 October 2012

YouTube ပေါ်မှာ’ဂမ်နမ်စတိုင်’သီချင်းနဲ့ ဂင်းနစ်စံချိန် ချိုးသွားတဲ့အဆိုတော်PSY

FIV | 22:24 | Best Blogger Tips

တောင်ကိုရီးယားရက်ပ်ပါ အဆိုတော် တစ်ဦးလည်းဖြစ်၊ တေးထုတ်လုပ်သူ တစ်ဦးလည်းဖြစ်တဲ့ PSY ရဲ့ “ဂမ်နမ်စတိုင်” ဆိုတဲ့ သီချင်းဗွီဒီယိုဟာ YouTube ဝက်ဘ် ဆိုက်မှာတင်ရာကနေ နိုင်ငံတကာက လူသန်းပေါင်းမြောက်မြားစွာရဲ့ ဝင်ရောက်ကြည့်ရှု Like ပေးမှုဟာ ဂင်းနစ်စံချိန်ကိုတောင် ချိုးသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ သီချင်းဟာ U.S Billboard music chart စာရင်းဝင် သွားတာကြောင့်  အမေရိကန်မှာ ဒီလိုအောင်မြင်မှုရရှိတဲ့ ပထမဆုံး ကိုရီးယား အဆိုတော် ဖြစ်သွားပါတယ်။ PSYရဲ့ “ဂမ်နမ်စတိုင်” ဟာ နိုင်ငံပေါင်း ၃ဝ က iTunes Chart များမှာလည်း လက်ရှိ ထိပ်ဆုံးမှာရှိနေတဲ့ သီချင်း ဖြစ်ပါတယ်။  သူ့ရဲ့ Like ရရှိနှုန်းဟာ ယခင်က You Tube ရဲ့အမြဲတမ်း လူကြိုက်အများ ဆုံး ဗွီဒီယိုစာရင်းဝင်LMFAO’s “Party Rock Anthem” ၊ ဂျက်စတင်ဘီဘာ ရဲ့”Baby”နဲ့ Adele ရဲ့ “Rolling in the Deep” တို့ကိုတောင် ကျော်တက် သွားပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ PSY ရဲ့ “ဂမ်နမ်စတိုင်” သီချင်း ဗွီဒီယိုကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၂ဝ ရက်အတွင်း ၂,၁၄၁,၇၅၈ ဦးက Like ပေးခဲ့ ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်က မန်နေဂျာ တစ်ဦးဖြစ်တ ဒန်ဘားရက်က ဒါဟာ ယခင့် ယခင်က မယုံနိုင်လောက်အောင် လူတွေ ထပ်တလဲလဲဝင်ကြည့်ခဲ့ကြတဲ့ ဗွီဒီယိုစံချိန် တွေထက်ကို နှစ်ဆမက ပိုအောင်မြင်ခဲ့တာပါ လို့ပြောကြားခဲ့ပါတယ်။

Source : www.koreatimes.co.kr ( English Korean )

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ