Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Saturday 8 December 2012

ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း

FIV | 07:18 | Best Blogger Tips

ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်းမူကြိုအရွယ်ကလေးများတွင် တွေ့ရမည့်လက္ခဏာများ
(၁) တစ်ချိန်လုံး မျက်ရည်များ စီးကျနေခြင်း
(၂) အစာမစားတော့ခြင်း
 (၃) ညအချိန်တွင် မအိပ်ဘဲ နိုးနေခြင်း
(၄) မကြာခဏ အိပ်မက်ဆိုးများ မက်ပြီး ချောက်ချားစရာများ ကြုံရခြင်း
(၅) တောင်းဆိုမှုတွေ များလာခြင်း နှင့် သိနားလည်မှုမရှိခြင်း
(၆) တခြားကလေးများအား အနိုင်ကျင့်ခြင်း၊ ထိပါးရိုက်ပုတ်ခြင်း၊ ကိုက်ခြင်း
(၇) မုသားစကားတွေ စတင်ပြောလာခြင်း
(၈) ဖျက်လိုဖျက်ဆီး အပြုအမူများ ပြုလုပ်လာခြင်း စသည်တို့ဖြစ်သည်။
အနည်းငယ်သော ကလေးများက သူတို့၏ ဝမ်းနည်းခံစားမှုများကို စကားလုံးများအဖြစ် ထုတ်ဖော်ပြော ဆိုတတ်သော်လည်း ပုံမှန်အားဖြင့် အပြင်သွားခြင်း၊ ပျော်ရွှင်စွာနေထိုင် ခြင်းများ ရှိတတ်ပါသည်။ ၄င်းတို့၏ ပါးစပ်မှ "လောကကြီးက မှန်ကန်မျှတ မှု မရှိပါဘူးမေမေရယ်" ဟု ပြောတတ်သည်။ ကလေးများအနေဖြင့် တစ်ခုခု မှားယွင်းသွားသည့်အခါ သူတို့ကိုယ်သူတို့ အပြစ်တင်လွယ်လာကြပြီး သူတို့ကိုယ်သူတို့ တန်ဖိုးမရှိ ဟု ထင်လာတတ်ကြပါသည်။ သူတို့၏ အပြုအမူများသည် ပြစ်ဒဏ်ပေးရန် ထိုက်တန်သော အပြုအမူများဖြစ်လာ တတ်သည်။ ဥပမာ- လိမ်ပြောခြင်း၊ ခိုးဝှက်ခြင်း၊ ကျောင်းမှ ကျောင်းပြေး များနှင့်အတူ အပေါင်းအသင်းလုပ် ဆော့ကစားခြင်း စသည်တို့ဖြစ်သည်။ သတိပြုရန်မှာ- စိတ်ဓာတ်ကျပြီး အလိုက်ကန်းဆိုးမသိဖြစ်နေသော ကလေးသည် လုံးဝဆိုးသွမ်းနေသော ကလေးတစ်ဦးမဟုတ်ပါ။
ကျောင်းနေအရွယ်ကလေးများတွင် တွေ့ရသည့်လက္ခဏာများ
(၁) ကျောင်းစာနှင့် ကစားခြင်းများ တွင် စိတ်ဝင်စားမှု လျော့နည်းလာခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲလာခြင်း
(၂) အထီးကျန်များဖြစ်လာခြင်း
(၃) ကျောင်းသွားရန် ငြင်းဆန်ခြင်း
(၄) ပျင်းရိငြီးငွေ့သည်ဟု တစ်ချိန် လုံးပြောနေခြင်း
(၅) သူတို့ကိုယ်သူတို့ အထီးကျန်နေ သည်ဟု ပြောဆိုခြင်း
(၆) မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း
(၇) မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလာခြင်း
(၈) ပေါက်လွှတ်ပဲစား ဖြစ်သလို နေလာခြင်း
ဆယ်ကျော်သက်အရွယ်များတွင် တွေ့ရသည့်လက္ခဏာများ
ဆယ်ကျော်သက် များသည် စိတ်ခံစားမှု များနှင့် လူမှုရေး ပျက်ကွက်ခြင်များ ခံစား ကြရတတ်ပါသည်။ မည်သည့် အပြုအမူက ပုံမှန်အတိုင်း ဖြစ်သလဲဆိုသည်နှင့် စိတ်ဓာတ်ကျ ခြင်းက ဘယ်လိုဖြစ်သလဲ ဆိုသည်ကို ခွဲခြားရန်လည်း ခက်ခဲတတ်ပါသည်။ စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို ရှာဖွေရန်  လိုပါသည်။ လက္ခဏာ တစ်ခု သို့မဟုတ် တစ်ခုမှသုံးခု သို့မဟုတ် လေးခုထက် ပို၍လည်း ရှိတတ် ပါသည်။
၎င်းတို့မှာ-
(၁) ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားမှု များလာခြင်း၊ ဆတ်ဆတ်ထိမခံ ဖြစ်လာခြင်း
(၂) သူငယ်ချင်းများနှင့် ဝါသနာပါသည့် လုပ်ငန်းများကို စွန့်ခွာပစ်ပယ်လာခြင်း
(၃) ကျောင်းတွင် ခါတိုင်းကဲ့သို့ ကောင်းစွာ သင်ယူခြင်းမရှိတော့ဘဲ စိတ်ဝင်စားမှု နည်းလာခြင်း
(၄) အဝတ်အစား၊ ဂီတ၊ ဆံပင် ပုံစံ စသည်တို့တွင် စိတ်ဝင်စားမှု နည်းလာခြင်း
(၅)အစာလုံလောက်စွာ မစားတော့ခြင်း၊ အစားအသောက်ပျက်လာခင်း သို့မဟုတ် လွန်ကဲစွာ စားလာခြင်း၊ အန်ထွက်သည်အထိ စားခြင်း
(၆) မိမိကိုယ်ကို တန်ဖိုးထားမှု နည်းလာခြင်း
(၇) နေ့လယ်ခင်း ရောက်သည့်တိုင် အိပ်ရာမှ မထသေးဘဲရှိခြင်း
(၈) အကျင့်ဆိုးများနှင့် သူငယ်ချင်းဆိုးများ ရရှိလာခြင်း
(၉) မူးယစ်ဆေးဝါး သုံးစွဲလာခြင်း
(၁၀)အရက်သောက်တတ်လာခြင်း
(၁၁)သေခြင်းတရားအကြောင်း တွေးတောမှုတွေ များပြားလာခြင်း
(၁၂)သူတို့အရေပြားကို သူတို့ လှီးဖြတ်ခြင်းဖြင့် အနာတရဖြစ်အောင် လုပ်လာခြင်း

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ