Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Saturday 8 December 2012

မန်စီးတီးအသင်းမှာ ပြိုင်ဘက်မဟုတ်ဟု ဂစ်ပြောကြား

FIV | 07:08 | Best Blogger Tips





မန်စီးတီးအသင်းမှာ ပြိုင်ဘက်မဟုတ်ဟု ဂစ်ပြောကြားမန်ယူ ကွင်းလယ်လူ ဂစ်သည် ပရီးမီးယား လိဂ်တွင် ၎င်းကို အသင်းအတွက် အဓိက ပြိုင်ဘက်မှာ မန်စီးတီး မဟုတ်ဘဲ လီဗာပူး သာလျှင်  ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့အပြင် တနင်္ဂနွေ နေ့တွင် ရင်ဆိုင် ကစားရမည့် မန်ချက်စတာ ဒါဘီ ပွဲစဉ်သည် မန်ယူ အသင်းအတွက် အစမ်းသပ်ခံ ပွဲစဉ်တစ်ခု ဖြစ်ကြောင်း အဆိုပါ ၀ါရင့် ကွင်းလယ်လူက ဆိုသည်။ ဂစ်က မန်စီးတီး အသင်းသည် မိမိတို့ အတွက် အဓိက ပြိုင်ဘက် မဟုတ်ဘဲ မန်ယူ အသင်းအတွက် လီဗာပူး အသင်းက ခြိမ်းခြောက် နိုင်စွမ်း ရှိကြောင်း၊ မိမိတို့ အနေဖြင့် ကွဲပြား ခြား နားသော ရင်ဆိုင်မှုများနှင့် ကြုံတွေ့ခဲ့ ဖူးကြောင်း ၊ အာဆင်နယ် ဆိုရင် အသင်းကောင်း တစ်သင်းဖြစ်ပြီး မိမိတို့နှင့် အကြိတ်အနယ် ရှိခဲ့သလို ချဲလ်ဆီး အသင်းဆိုရင် နည်းပြ မော်ရင် ဟို လက်ထက်မှာ ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ကာ ယခု မန်စီးတီး အသင်းမှာ ပြောင်းလဲ တိုးတက်လာပြီ ဖြစ် ကြောင်း ၊ တနင်္ဂနွေနေ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်မှာ မိမိတို့ အတွက် အစမ်း သပ်ခံ ပွဲစဉ်တစ်ခု ဖြစ်လာနိုင် ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ