Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Saturday 8 December 2012

ချဲလ်ဆီး အသင်းဖော်ဟောင်း တွေကို လက်စွပ်တွေ ပေးခဲ့တဲ့ ဒရော့ဘာ

FIV | 23:39 | Best Blogger Tips


ချဲလ်ဆီး ကစားသမားဟောင်း ဒီဒီယာ ဒရော့ဘာသည် ပြီးခဲ့သည့် နှစ်က ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်တွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည့် အမှတ်အသားများ ပါဝင်သည့် စိန်လက်စွပ်များကို သူ၏ ချဲလ်ဆီး အသင်းဖော်ဟောင်းများထံ လက်ဆောင် ပေးခဲ့ကြောင်း သိရသည်။

...
လက်ရှိ အချိန်တွင် တရုတ် စူပါလိဂ် ကလပ်အသင်း ရှန်ဟိုင်းရှင်ဟွာတွင် ကစားလျှက် ရှိသည့် ဒရော့ဘာသည် သူ၏ အသင်းဖော် ဟောင်းများနှင့် ယမန်နှစ်က ချဲလ်ဆီးအသင်း ချန်ပီယံလိဂ် ဖလား ရရှိစဉ်က အသင်းတွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ၀န်ထမ်းများကို ညစာဖြင့် တည်ခင်းခဲ့ပြီးမှ သူ၏ အမှတ်တရ လက်ဆောင်များကို အသင်းဖော်ဟောင်းများထံ
ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ညစာစားပွဲကို ချဲလ်ဆီး၏ ယခုနှစ် ချန်ပီယံလိဂ် နောက်ဆုံးပွဲ အပြီး (၂၄)နာရီ အကြာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုပွဲသို့ တောရက်စ်၊ ပီတာချက်နှင့် မာတာတို့ တက်ရောက်ခဲ့ခြင်း မရှိပေ။ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည့် နည်းပြဟောင်း ဒီမက်တီယိုမှာလည်း အကြောင်းကြောင်းကြောင့် အဆိုပါ ညစာစားပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒရော့ဘာသည် ပေါင် (၈)သိန်း တန်ဖိုးရှိသည့် လက်စွပ်များကို အသင်းဖော်များထံ အမှတ်တရ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်စွပ်များကို ရွှေဖြင့် ပြုလုပ်ထားပြီး စိန်နှင့် နီလာများကို အသုံးပြုကာ ချန်ပီယံလိဂ် ပြိုင်ပွဲ အမှတ်အသား ဖြစ်သည့် ကြယ်ပွင့်များကဲ့သို့ ပုံဖော်ပြုလုပ် ထားသည်။ လက်စွပ်၏ မျက်နှာပြင်တွင် 2011-12 UEFA CL Champion ဟူသည့် စာသားကိုလည်း လှပစွာ ပုံဖော်ထားသည်။ ထိုသို့ လက်ဆောင် ပေးခဲ့ရခြင်းနှင့် ပတ်သက်၍ ဒရော့ဘာက "ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ ညတစ်ညကို အမြဲတမ်း လှလှပပ အမှတ်ရနေစေဖို့ပါ"ဟု ဒရော့ဘာက ဖွင့်ဟခဲ့သည်။

ဒရော့ဘာသည် မာဆေးအသင်းမှ ချဲလ်ဆီးသို့ ၂၀၀၄ ခုနှစ်တွင်
ပြောင်းရွှေ့လာခဲ့ပြီးနောက် (၈)နှစ် အတွင်း ပွဲပေါင်း (၃၄၁)ပွဲ ကစားကာ ဂိုးပေါင်း (၁၅၇)ဂိုး အထိ သွင်းယူနိုင်ခဲ့သည်။ အသင်းနှင့်အတူ ချန်ပီယံလိဂ် ဆုဖလား အပါအ၀င် ပရီးမီးယားလိဂ် (၃)ကြိမ်၊ အက်ဖ်အေဖလား (၄)ကြိမ်၊ ကာလင်းဖလား(၂)ကြိမ် ရယူနိုင်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ