Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Saturday 8 December 2012

ထိုင်း ပရီးမီးယားလိဂ် ကလပ် TOT FC နှင့် မြန်မာကလပ် နှစ်သင်း ခြေစမ်းကြမည်

FIV | 07:12 | Best Blogger Tips

ထိုင်း ပရီးမီးယားလိဂ် ကလပ် TOT FC နှင့် မြန်မာကလပ် နှစ်သင်း 
ခြေစမ်းကြမည်ထိုင်း ပရီးမီးယားလိဂ် ကလပ် TOT FC နှင့် မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်း နှစ်သင်းဖြစ်သော ကမ္ဘောဇ၊ ဧရာဝတီ ယူနိုက်တက် အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားကြ မည် ဖြစ်ကြောင်း သိရသည်။
TOT FC သည် ပြီးခဲ့သည့် ၂ဝ၁၂ ထိုင်း ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲတွင် အဆင့် (၁၂) နေရာ ရရှိခဲ့သည်။ အသင်းတွင် နိုင်ငံခြားသား ကစား သမား ငါးဦး ပါဝင်နေရာ ၎င်းတို့မှာ ဘရာဇီးသား နှစ်ဦး၊ အင်္ဂလိပ် တစ်ဦး၊ ကိုရီးယား တစ်ဦးနှင့် ဂျပန် တစ်ဦးတို့ ဖြစ်ကြသည်။ ပထမ ခြေစမ်းပွဲ အဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် TOT FC နှင့် ကမ္ဘောဇ အသင်းတို့ ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ မူလက တောင်ကြီးမြို့တွင် ကစားရန် ကမ္ဘောဇ အသင်းက အဆိုပြုခဲ့ သော်လည်း TOT FC ၏ ဆန္ဒအရ ရန်ကုန် မြို့တွင်သာ ကစားရန် စီစဉ် လိုက် ခြင်းဖြစ်သည်။ ဒုတိယ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၉ ရက်၌ သုဝဏ္ဏ ကွင်းမှာပင် TOT FC နှင့် ဧရာဝတီ ယူနိုက် တက်တို့ ဆက်လက် ယှဉ်ပြိုင် ကစား ကြမ ည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ခြေစမ်းပွဲများ ကစားရန် TOT FC က ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ