နှလုံး ရောဂါ ရှိသူများသည် အညိုရောင် 
ချောကလက်ကို နေ့စဉ် စားသုံး ခြင်းဖြင့် ရုတ်တရက် နှလုံး ဖောက်ပြန် မှုနှင့် 
လေသင်တုန်း ဖြတ်ခြင်း များကို ကာကွယ် နိုင်ကြောင်း လေ့လာ ဆန်းစစ်မှု တစ်ရပ်၌
 တွေ့ရှိခဲ့ သည်ဟု သုတေသီ များက ထုတ်ဖော် ပြောကြားသည်။ သြစတြေးလျ နိုင်ငံမှ
 သုတေသီ များသည် အညိုရောင် ချောကလက်ကို
ရေရှည် စားသုံး ခြင်းဖြင့် ကျန်းမာရေး 
အပေါ် မည်သို့ အကျိုး သက်ရောက်မှု ရှိသည်ကို သိရှိ ရန် နှလုံးရောဂါရှိသူ ၂ဝ၁၃
 ဦးအား ၁ဝ နှစ် ကာလ အတွင်း စောင့်ကြည့် လေ့လာ ခဲ့သည်။ လေ့လာတွေ့ရှိ ချက်အရ
 အညိုရောင်ချောကလက် နေ့စဉ် စားသုံးသူ နှလုံး ရောဂါရှင် ၁ဝဝဝဝ ရှိလျှင် ၇ဝ 
အထိ ရုတ်တရက် နှလုံး ဖောက်ပြန်မှုမှ ကာကွယ် နိုင်ပြီး ၁၅ ဦးမှာ လေသင်တုန်း 
ဖြတ်ခြင်းမှ ကာကွယ် နိုင်ကြောင်း၊ တစ်ဦးချင်း ကုန်ကျစရိတ် အနေဖြင့်လည်း 
တစ်နှစ် အတွင်း ဒေါ်လာ ၄ဝ သာ ကုန်ကျကြောင်း၊ လေ့လာ ဆန်းစစ် ချက်တွင် ပါသော 
အညိုရောင် ချောကလက်သည် နို့(သို့မဟုတ်) အဖြူရောင် ချောကလက်နှင့် ဆက်စပ် 
ပတ်သက်မှု မရှိဘဲ ကိုကိုးမှုန့် ၆ဝ မှ ၇ဝ ရာခိုင်နှုန်း ပါဝင်သော အညိုရောင် 
ချောကလက် တစ်မျိုး ကိုသာ ညွှန်းဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။
ယင်းလေ့လာ ဆန်းစစ် မှုကို ဦးဆောင် ဦးရွက်
 ပြုသူ မဲလ်ဘုန်းမိုနက်(ရှ်)တက္ကသိုလ်မှ ခရစ္စတိုဖာရေးဇ်က တွေ့ရှိ ချက်များ 
အပေါ် ခြုံငုံ သုံးသပ် ရလျှင် နှလုံး ရောဂါ ရှိသူများ အညိုရောင် ချောကလက်ကို
 နေ့စဉ် ဆယ်စုနှစ် တစ်ခု အထိ စားသုံး သွားမည် ဆိုပါက နှလုံး ရောဂါ အပြင် 
၎င်းနှင့် ဆက်နွှယ်နေသော ရောဂါများ သိသိသာသာ ကျဆင်း သွားနိုင်မည်ဟု 
ကောက်ချက် ချနိုင်ကြောင်း ပြောကြားသည်။


0 comments:
Post a Comment