Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Thursday, 1 November 2012

ကမ္ဘာ့အသက်ငယ်ဆုံး ဒီဂျေပညာရှင်မလေး

FIV | 15:55 | Best Blogger Tips



 အသက်ခြောက်နှစ်မျှသာ ရှိသေးသည့်  အမ်ဘာဂျေးကော့သည် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေပညာရှင်အဖြစ် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်သွားပြီဖြစ်သည်။ အမ်ဘာသည် ဟစ်ဟော့သီချင်းများကိုသာမက ဂန္ထ၀င်သီချင်းများနှင့် ရော့ခ်အင်ရိုးသီချင်းများကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်ပြနိုင်ခဲ့သည်။ အမ်ဘာ၏လက်စွမ်းကို TBFMအွန်လိုင်း ရုပ်သံဌာနမှ စတင်ဖြန့်ချိခဲ့ရာ ကမ္ဘာတစ်လွှားလူအများက တစ်ခဲနက်ထောက်ခံ အားပေးခဲ့ကြသောကြောင့် ယခုကဲ့သို့ ကမ္ဘာ့မှတ်တမ်းမှာ စံချိန်တင်လာခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က အင်္ဂလန်မှာ အမ်ဘာလာရောက် ဖျော်ဖြေခဲ့စဉ်ကလည်း နိုင်ငံတကာမှ ပရိသတ်များက တစ်ခဲနက်လာရောက် အားပေးခဲ့ကြသည်။
>အပြည့်အစုံဖတ်ရန်>

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်

FIV | 15:48 | Best Blogger Tips

               ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှုအသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်းပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်းပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက်၄၆နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားပေါင်း၁၀၃၁ ယောက်ကို ၁၂နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
>အပြည့်အစုံဖတ်ရန်>

ဒိန်ခဲစားသုံးသည့် အမျိုးသားများ မျိုးပွားနိုင်ခြေ ထိခိုက်နိုင်

FIV | 15:35 | Best Blogger Tips

Share

ငယ်ရွယ်တဲ့ အမျိုးသားတွေအနေနဲ့ နေ့စဉ် ဒိန်ခဲသုံးချပ်ထက် ပိုပြီးစားသုံးပါက ဖခင်ဖြစ်နိုင်တဲ့ အခွင့်အရေး နည်းပါးသွားနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ မလိုင်အပြည့်ပါဝင်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းကို ပမာဏအနည်းငယ် စားရင်တောင် မျိုးပွားနိုင်တဲ့စွမ်းရည် သိသိသာသာ ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ဟားဗတ်မှ လေ့လာသူတွေက နေ့စဉ်နို့ထွက်ပစ္စည်း သုံးပုံစားတဲ့ အမျိုးသားတွေအနေနဲ့ တခြားသူတွေနဲ့ယှဉ်ရင် သုက်ပိုးအရည်အသွေး ညံ့ဖျင်းကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒိန်ခဲတစ်အောင်စ၊ ခရင်မ်ထမင်းစားဇွန်းတစ်ဇွန်း၊ ရေခဲမုန့်တစ်ဇွန်း (ရေခဲမုန့်ခပ်ဇွန်း)နဲ့ မလိုင်အပြည့်ပါ နို့တစ်ခွက်ကို တစ်ပုံလို့သတ်မှတ်ပါတယ်။ နို့မှာ သဘာဝအားဖြင့်ပါဝင်တဲ့ အမျိုးသမီးဟော်မုန်းတွေက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို နှောင့်ယှက်တာကြောင့်လို့ သုတေသီတွေက ထင်မှတ်ကြပါတယ်။
ဒါ့အပြင် နို့နဲ့နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ ပိုးသတ်ဆေး၊ ကလိုရင်းနဲ့ အခြားသတ္တုဓာတ်တွေကြောင့်လည်း မျိုးပွားနိုင်စွမ်းရည် ကျဆင်းနိုင်ပါတယ်။တခြားလေ့လာမှုအရလည်း ကာဗိုဟိုက်ဒရိတ်များစွာ စားတဲ့ငယ်ရွယ်တဲ့ အမျိုးသားတွေမှာလည်း သုက်ပိုးအရေအတွက် နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီအမျိုးသားတွေဟာ အ၀လွန်နိုင်လို့ပါ။ အ၀လွန်တာကြောင့် ဟော်မုန်းပြောင်းလဲမှုဖြစ်ပြီး မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

From : swesonemedia
>အပြည့်အစုံဖတ်ရန်>

ဘရစ် တနီနှင့် ဂျေဆန် ထရာဝပ်တို့ မကြာမီ လက်ထပ် တော့မည်

FIV | 15:32 | Best Blogger Tips


လန်ဒန် အောက်တိုဘာ ၃၁
ကမ္ဘာကျော် အဆိုတော် ဘရစ်တနီ စပီးယားသည် သူမ၏ ချစ်သူ ဂျေဆန် ထရာဝပ်နှင့် လက်ထပ် မင်္ဂလာ ပွဲကို ယခု နှစ်ပိုင်း မကုန်မီ ကျင်းပ သွားမည် ဖြစ်ကြောင်း မကြာသေး မီက ပြောကြား ခဲ့သည်။
အမေ ရိကန် X Factor သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ဆောင်ရွက်နေသူ ဘရစ် တနီက သူမ၏ မင်္ဂလာ ပွဲကို မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း Sunday Mirror သို့ ပြောကြား ခဲ့သည်။
ဘရစ် တနီနှင့် ဂျေဆန် ထရာဝပ် တို့သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ လက စေ့စပ်ခဲ့ပြီး  စတာ လင် ပေါင် ၅ ဒသမ ၃ သန်း တန်ဖိုးရှိ အိမ်တစ်လုံးကို နှစ်ယောက် အတူ ဝယ်ထား သည်ဟု သိရသည်။
အသက်၃ဝ အရွယ်ရှိ ဘရစ် တနီသည် အိမ်ထောင် နှစ်ဆက်ကျ ခဲ့ဖူးသူ ဖြစ်ပြီးသူမ၏ အက အဖွဲ့မှ သားနှစ် ယောက် ၏ ဖခင်ဖြစ်သူ အက ပညာရှင် ကေဗင် ဖီဒါ လိုင်းနှင့် ၂ဝဝ၇ ခုနှစ် ဇူလိုင် လက ကွာရှင်း ခဲ့သည်။
ဘရစ်တနီ စပီးယား လက်ထပ် ပွဲကို သူမအပေါ် ချစ်ခင်သူ ပရိသတ် များက အထူး စိတ်ဝင် စားလျက် ရှိကြောင်း သိရသည်။
>အပြည့်အစုံဖတ်ရန်>

Samsung Galaxy S Advance (Root)

FIV | 15:24 | Best Blogger Tips



Galaxy S Advance Root လုပ်နည်း ကို ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါသည်။ ၁။ အရင်ဆုံး Driver နဲ့ GT-I9070_root.rar ဖိုင်လေးကို Download ဆွဲပါ။
ဒါလေးကတော့ အများအားဖြင့် ကြုံတွေရတဲ့ Driver မသိတဲ့ ပြသနာကိုဖြေရှင်းဖို့
SAMSUNG_USB_Driver လေးပါ

၂။ အခုဆိုရင် Download ဆွဲလို့ပြီးသွားပြီဖြစ်ပါတယ်…
GT-I9070_root.rar ကို ဖြေလိုက်ပါ။
၃။ GT-I9070_EUR_XX_8G_20111220_KL6.pit
Odin3 v1.83.exe
rootkernel.tar.md5
xxld1.tar.md5
တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
၎။ Odin3 v1.83.exe ကို ဖွင့်ပါ
၅။ ဖုန်း Settings ကိုသွားပါ, ပြီးရင် Aplications -> Development ထဲကိုဝင်
USB Debugging နှင့် Allow mock locations.နှစ်ခုလုံးအား အမှန်ခြစ်ပေးထားပါ။
၆။ ဖုန်းကို ပါဝါပိတ်ပါ  ငါးစက္ကန့်ကြာလျင် Download mode ကိုဝင်ဖို့အတွက်, ဖုန်း၏ Volume Down + Home button + Power buttonကိုတွဲ နှိပ်ထားပေးပါ
Download Mode ပေါ်လာလျင် လွှတ်လိုက်ပြီး ကွန်ပြုတာနှင့် ကြိုး စတင်ချိတ်ဆက်ပါ။
၇။ ဒီအချိန်မှာသာ Samsung Driver မသိခဲ့ရင် Deriver ကို Install လုပ်ပေးပါ။
Driver သိသွားပြီဆိုရင်တော့ Odin ရဲ့ ပထမ အကွက်လေးမှာ မီးလေး ၀ါမယ် ဒါမှမဟုတ် စိမ်းလာပါမယ်။
ဒါဆို စတင်လို့ရပါပြီ။
၈။ PIT ဆိုတဲ့ ခလုပ်လေးကို နှိပ်ပါ ပြီးရင် ခုနက ဖြေထားတဲ့ Root ဖိုင်လေးထဲက
GT-I9070_EUR_XX_8G_20111220_KL6.pit ကို ရွေးထည့်ပေးလိုက်ပါ
PDA ဆိုတဲ့ ခလုပ်လေးမှာတော့ rootkernel.tar.md5 ကိုရွေးထည့်ပေးပါ
ပြီးရင်တော့ Auto Reboot နဲ့ F.Reset Time ဆိုတာလေး နှစ်ခုကိုသာ အမှန်ခြစ်ပြီး
Start ကိုနှိပ်ပါ သူ့ဟာသူ အလုပ်ဆက်လုပ်သွားပါလိမ့်မယ်။
၉။ PASS! ဆိုပြီး အစိမ်းရောင်လေး ဖြစ်ပြီးလျင် Odin ကို ပိတ်ပါ ဖုန်းကိုလဲ ပိတ်ပါ။
၁၀။ နောက်တစ်ခါ ထပ်ပြီး Download Mode ခေါ်ပါ PIT မှာ GT-I9070_EUR_XX_8G_20111220_KL6.pit
ကိုထည့်ပါ ပြီးလျင် PDA တွင် xxld1.tar.md5 ကိုထည့်ပါ။
Start ကို နှိပ်ပါ PASS! ဖြစ်လျင် Root အောင်မြင်ပါပြီ။
အားလုံး ပြီးလျင် Superuser.apk ကို Install လုပ်ပေးလိုက်ပါ
အားလုံး ပြီးဆုံး အောင်မြင်သွားပါပြီ။
အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ..
အခက်အခဲ ရှိရင် ဖုန်းဆက်နိုင်ပါတယ်
Thit San Khant
thitsankhant@gmail.comThis email address is being protected from spambots. You need JavaScript enabled to view it.
09421016108

မူရင်း = xda-developers
မှီငြမ်း = mm-mpxteam

မူရင်း။ myanmarmobileapp
>အပြည့်အစုံဖတ်ရန်>

iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)

FIV | 15:22 | Best Blogger Tips



ပန်းသီးတို့၏ မျိုးဆက်သစ် iPhone 5 မိတ်ဆက်ပြီး ကာလအနည်းငယ်မှာပင် Jailbreak ပြုလုပ်နိုင်ပြီဖြစ်ကြောင်း  Twitter စာမျက်နှာတွင် ပါရှိသော အရေးအသား တစ်ခုကြောင့် လှုပ်လှုပ်ရွရွ ဖြစ်ခဲ့သည်။ ယင်းမတိုင်မီမှာပင် iOS 6 ထည့်သွင်း အသုံးပြုနိုင်သည့် iPhone 3 GS, iPhone 4 နှင့် iPhone 4S တို့တွင် iOS 6 ထည့်သွင်းကာ Jailbreak ပြုလုပ်နိုင်ကြောင်း အိုင်ဖုန်းဟက်ကာများက တရားဝင် နည်းလမ်းဖြင့် ထုတ်ဖော်ခဲ့သည်။
Apple အော်ပရေးတင်းစနစ်၏ နောက်ဆုံးဗားရှင်း iOS 6 ကို အနိမ့်ဆုံး အိုင်ဖုန်းအမျိုးအစား iPhone 3GS, iPhone 4 နှင့် iPhone 4S တို့တွင် ထည့်သွင်းနိုင်သည်။ OS ဗားရှင်း Upgrade ပြုလုပ်ပြီး Jailbreak ပြုလုပ်ရန်အတွက် iOS 6 Firmware နှင့် redsn0w နောက်ဆုံးဗားရှင်းကို 7Day Facebook မှတစ်ဆင့် download ပြုလုပ်နိုင်ပါသည်။
(1) Download ပြုလုပ်ထားသည့် ဖိုင်များမှ redsnow ကို Run ပါ။ Extras ခလုတ်ကိုနှိပ်ပြီး Select IPSW တွင် download ပြုလုပ်ထားသည့် iOS firmware ကိုရွေးချယ်ပါ။

(2) redsnow မှ Back ခလုတ်ကိုနှိပ်ကာ jailbreak window သို့ပြန်သွားပါ။ ထို့နောက် jailbreak ကိုနှိပ်ပါ။
 (3) Jailbreak ပြုလုပ်ရာတွင် နောက်ဆုံးအဆင့်အဖြစ် iDevice ကို DFU mode တွင်ရှိရန် လိုသည်။ iPhone 4S, iPad 2,3 တို့တွင် DFU mode သို့ပြောင်းယူရန် မလိုအပ်သော်လည်း iPhone 3GS ကို iOS 6 သို့ပြောင်းထားလျှင် DFU mode သို့ရောက်ရန် redsnow ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။ (DFU mode = black screen and recovery mode on iTune) မှတ်ချက်-Jailbreak ပြုလုပ်စဉ် ရပ်တန့်သွားခြင်းအတွက် redsnow ၏ extras မှ justboot ကိုနှိပ်၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

From: ရတနာပုံ
>အပြည့်အစုံဖတ်ရန်>

ထိုးထွင်းပညာကို ရိုးရှင်းစွာ လေ့လာခြင်း

FIV | 15:13 | Best Blogger Tips


နည်းပညာကြောင့် ကမ္ဘာပြားပြီလော... ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ပြင်ညီကစားကွင်း (Level-Playing-Field) တစ်ခု အသွင် ဆောင်လာချိန်မှာ လူ သား အားလုံးဟာ တန်းတူညီတူ ယှဉ်ပြိုင်လာနိုင်ကြပြီး နည်းပညာ အစွမ်း သာသူ ဟာ မြင်းကို ချိုတပ်ပေးလိုက်သလို ကမ္ဘာကို အုပ်စိုးသွားနိုင် မယ်လို့ ပူလစ်ဇာဆုတွေ တစ်သီကြီး ရနေတဲ့ Thomas Friedman ရဲ့“ကမ္ဘာပြားပြီ” (The World is Flat) စာအုပ်မှာ ဆောင်းပါး ရိပ်ခြေ ပြော သွားပါတယ်။

ဟက်ကာအကြောင်း သိကောင်းစရာ
နည်းပညာအစွမ်းဟာ ကမ္ဘာကြီးကို ဘယ်လို လွှမ်းမိုးခဲ့တယ်ဆိုတဲ့အကြောင်း ပြောရင် ချန်ထားလို့မရတဲ့ သူတွေ ကတော့ ဟက်ကာတွေ ပဲ ဖြစ်ပါ တယ်။ ဟက်ကာလို့ ဆိုလိုက်ရင် တချို့က အသံကြားရုံနဲ့တင် တုန်လှုပ် သွားတတ်ကြပါတယ်။ တချို့ကတော့ သူတို့ အကြောင်းပြောရင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား တတ်ကြပါတယ်။ တချို့ကတော့ သူတို့ကို အားကျနေကြပါတယ်။ တချို့ကလည်း သူတို့ကို မျက်ထောင့်နီတွေနဲ့ ကြည့်နေတတ်ကြပြန်ပါတယ်။  ဒီတော့ ဟက်ကာဆိုတာ ဘယ်လိုလူမျိုးတွေဆိုတာနဲ့ သူတို့ဟာ သမိုင်းကြောင်း ကို ဘယ်လို ပြောင်းလဲခဲ့တယ် ဆိုတာ သိရအောင် “ဟက်ကင်း” အကြောင်းကို စာဖတ်ပရိသတ်တွေအတွက် သိကောင်း စရာ အနေနဲ့  တင်ဆက်ပေး လိုက်ပါတယ်။
ခေတ်ရေစီးကြောင်းနဲ့ ဟက်ကာတို့ရဲ့ သမိုင်းကြောင်း
၁၉၆၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ ကွန်ပျူတာနည်းပညာဟာ တစ်ခေတ် ထလာပါတယ်။ အဲဒီလို ခေတ်ထလာ တာနဲ့အမျှ ကွန်ပျူတာ ကုမ္ပဏီကြီးတွေ က  နည်းပညာကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာကြပါတယ်။ သူတို့ရဲ့ ပထမဆုံး ခြေလှမ်းကတော့ အချက်အလက်တွေကို စနစ်တကျ စုစည်းပြီး အွန်လိုင်းပေါ်ကနေ ဈေးကြီးကြီးနဲ့ ရောင်းစားကြတာပါပဲ။ ဒီကိစ္စဟာ ရောင်းသူဝယ်သူ အသံတူ နေချိန်မှာ ပြဿနာတွေ ကြီးထွားမလာပေ မယ့် ဈေးနှုန်းတွေက အဆမတန် မြင့်တက်သွားချိန်မှာတော့ ဒီကိစ္စအပေါ်မှာ မကျေနပ်တဲ့သူတွေ များသထက် များလာပါတယ်။ အဲဒီလူတွေထဲမှာ မှ အထင်ရှားဆုံးကတော့.. ‘Geek’ လို့ခေါ်တဲ့ လမ်းပေါ်က လူငယ် ပညာရှင် တွေပါပဲ။
ကွန်ပျူတာ အချက်အလက်တွေ ဟက်ကင်းလုပ်ခံရခြင်း
နည်းပညာဟာ လူနည်းစုတစ်စု အတွက်သာ ဖြစ်နေတာကို မကျေနပ်ကြတဲ့ ‘Geek’ ဆိုတဲ့ လူငယ်ပညာ တတ်တွေက နည်းပညာဟာ လူတိုင်း အတွက် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွန်ပျူတာ ကုမ္ပဏီကြီးတွေ ဆီက နည်းပညာ အချက်အလက်တွေကို စတင် ခိုးယူကြပါတော့တယ်။ သူတို့ ရရှိထားတဲ့ အချက်အလက်တွေ ကိုလည်း အွန်လိုင်းပေါ်ကနေ အခမဲ့ ဝေမျှခဲ့ကြလို့ ဟက်ကာတွေရဲ့ အချက်အလက်တွေဟာ သာမန် ကုမ္ပဏီ တွေ ထက် ပိုမိုပြည့်စုံပြီး ကောင်းမွန်နေတာကို တွေ့ရမှာပါ။
ဟက်ကာတွေ တရားစွဲခံရခြင်း
အဲဒီအချက်အလက်တွေက အချိန်နဲ့အမျှ ပေါက်ကြားလာတော့ ကုမ္ပဏီကြီးတွေက ဒီလူငယ်လေးတွေကို တရားစွဲကြပါတော့တယ်။ အစပိုင်းမှာတော့ မှုခင်းတပ်ဖွဲ့ဝင်တွေက ဒီလူငယ်လေးတွေကို တစ်ဦးစနှစ်ဦးစ လိုက် လံ ဖမ်းဆီးကြပါသေးတယ်။ တစ်ဦးစနှစ်ဦးစ ဖမ်းဆီးတာက မပြောပလောက်ဘူး ဆိုပေမယ့် လက်တွေ့မှာ တော့ သူတို့အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ထိန်းချုပ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ ဟက်ကာ ဆိုတာကလည်း အလွယ်တကူ ဖမ်းလို့ရအောင် ကိုယ့်ကိုယ်ကိုယ် ဟက်ကာပါလို့ ဘယ်သူကမှ စာတမ်းရေး ထိုးထားတာမှ မဟုတ်တာ။ ဒီလိုနဲ့ တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် စနစ်နဲ့ သူတို့တွေ ဆက်လက်ချီ တက်ခဲ့ကြတာ နောက်ဆုံးမှာ နေရာအနှံ့ ပျံ့နှံ့ကုန်ကြလို့ ဖမ်းမနိုင်၊ ဆီးမရ ဖြစ်သွားရ ပါတော့တယ်။
ကုမ္ပဏီတွေက ဟက်ကာတွေနဲ့ ဆွေးနွေးလာကြခြင်း
နောက်ဆုံး မှာတော့ တားလို့မရတော့မယ့် အတူတူ ဟက်ကာတွေနဲ့ လက်တွဲဖို့အတွက် ကုမ္ပဏီတွေက ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ကုမ္ပ ဏီတွေ ဘက်ကလည်း  နည်းပညာဆိုင်ရာ တချို့အလက်အလက်တွေ ကို အွန်လိုင်းပေါ်က အခမဲ့ဝေမျှမယ်။ ဟက်ကာတွေဘက်ကလည်း ဆာ ဗာတွေ ကို သုံးစားလို့ မရတော့တဲ့အထိ တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ကြဖို့ သဘောတူညီချက်တွေ ရသွားပါတော့တယ်။
Trial Version တွေ ခေတ်စားလာခြင်း
တကယ်တော့ လက်ရှိမှာ ကျွန်တော်တို့ သုံးနေရတဲ့ ဆော့ဖ်ဝဲတချို့ဟာ ကုမ္ပဏီကြီးတွေက အစမ်းပေးသုံးထား တဲ့ ဆော့ဖ်ဝဲတချို့သာ ဖြစ်ပါတယ်။ (ဒါကလည်း ဟက်ကာတွေရဲ့ ကျေးဇူးနဲ့ မကင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်) ဒီလိုဆိုရင် ဟက်ကာတွေရဲ့ လုပ်ရပ်မှန်သမျှဟာ အကောင်းချည်းပဲလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဟက်ကာ တွေကြောင့် ထိခိုက်နစ်နာရတဲ့ သူတွေကလည်း ဒုနဲ့ဒေးပါပဲ။
မူပိုင်ခွင့်တွေ တစ်စခန်းထလာခြင်း
အွန်လိုင်းပေါ်က တန်ဖိုးကြီးတဲ့ အချက်အလက်တွေကို အလကားနီးပါး ရနေကြသူ တချို့ကတော့ ဒါတွေကို တန်ဖိုးထားရကောင်းမှန်း မသိဘဲ အလကားရလို့ အလကားနီးပါးသာ တန်ဖိုးထားလာကြပါတော့တယ်။ ဆော့ဖ် ဝဲလ်တွေကို ကြိုးစားပမ်းစားနဲ့ ရေးသားခဲ့ကြတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှုကိုမှ မထောက်ထားဘဲ ပညာ ကြေးရယ်လို့ မဆိုထားနဲ့၊ စေတနာကြေး၊ သဒ္ဒါကြေးတောင်မှ မပေးချင်ကြတော့တဲ့ သူတွေလည်း ရှိနေပြန် ပါတယ်။ ဒါကြောင့်မို့လို့လည်း နောက်ဆုံးမှာ ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေကို အလွဲသုံးစား လုပ်နေသူတွေ ရန်က နေ ကာကွယ်ပေးမယ့် အဖွဲ့အစည်းတွေ ပေါ်ထွက်လာရပြန်ပါတယ်။လူမှုဘဝ ကွာဟမှုတွေ ကျဉ်းမြောင်းလာ ခြင်း နည်းပညာတန်ခိုးရဲ့ အကျိုးကျေးဇူးကြောင့် ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာလည်း ဖွံ့ဖြိုးပြီး နိုင်ငံ တွေနဲ့ ရင်ဘောင်တန်းလာနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒီတော့ အစောပိုင်းမှာ တင်ပြခဲ့တဲ့ နည်း ပညာကြောင့် ကမ္ဘာကြီး တကယ်ပဲ ပြားသွားပြီလားဆိုတဲ့ အယူအဆကို ခြေရာ ပြန်လည်ကောက်ကြည့်ဖို့ လိုအပ် လာပြန်ပါပြီ။
ကမ္ဘာကြီး တကယ်ပြားသွားပြီလား
Thomas Friedman နောက်ဆုံးထွက်လာတဲ့ စာအုပ်ဖြစ်တဲ့ Hot, Flat, and Crowded ဆိုတဲ့ စာအုပ်မှာတော့ ပူထူနေတဲ့ ကမ္ဘာကြီးမှာ ဝန်ထုပ်ဝန်ပိုးတွေ ကိုယ်စီပိနေကြပြီး ကျပ်သိပ်နေတဲ့ ကမ္ဘာကြီးအကြောင်း ပြောထား ပြန်ပါတယ်။ သူရဲ့ နောက်ဆုံးပေါ် အယူအဆမှာတော့ နည်း ပညာကြောင့် ကမ္ဘာကြီး လုံးစေ့ပတ်စေ့ မပြား သေးဘူးဆိုတာကို ဝန်ခံသွားပါတယ်။ သူ့အဆိုအရ ကမ္ဘာသစ်/အမေရိက (New World/ America) အမေရိက လို တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ရရှိပြီးသား နေရာမျိုးမှာပဲ နည်းပညာသာတဲ့သူဟာ ကမ္ဘာကို ဦးဆောင်နိုင် မယ်လို့ ဆိုပါ တယ်။ အနောက်ကမ္ဘာလို တကယ်ပြားတဲ့ ကမ္ဘာ့ပတ်ဝန်းကျင် (Flat World) မှာ နေရသူတွေက သန်း ၁၀၀၀ မျှသာ ရှိတယ်လို့ ဆိုပါတယ်။ လူအ များစုဖြစ်တဲ့ သန်း ၅၀၀၀ လောက်ကတော့ မပြားတပြား ခပ်ပါး ပါးဖြစ်နေတဲ့ ကမ္ဘာ (Semi-flat World) မှာ နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး သန်း ၁၀၀၀ ကတော့ လုံးဝ မပြားတဲ့ ကမ္ဘာ (Unflat World) မှာ နေတယ်လို့ ဆိုပါတယ်။ မပြားသေးတဲ့ ကမ္ဘာမှာ နေထိုင်နေတဲ့ သူတွေဟာ ဘယ်လို လူတွေလဲ ဆိုတော့ အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်နေပြီး ပညာရဲရင့်ပေမယ့် ပွဲလယ်မတင့် နိုင်တဲ့ သူတွေ ဖြစ်နေပါတယ်။
ကမ္ဘာပြားပေါ်က ဟက်ကာတွေ
ဆက်လက်ပြီးတော့ ဟက်ကာတွေက ကမ္ဘာကြီးကို နည်းပညာနဲ့ ဘယ်လို အပြားခတ်လိုက်လဲဆိုတာကို ပုံပေါ် လာအောင် ဆက်လက် မိတ် ဆက်ပေး ပါရစေ။ တစ်ဆက်တည်းမှာပဲ ဟက်ကာတွေနဲ့အပြိုင် ထင်ယောင်ထင်မှား ဖြစ်စေမယ့် Cracker တွေနဲ့ Script Kiddie တွေရဲ့ အကြောင်း ကိုလည်း ကွဲကွဲပြားပြား ခွဲခြားနားလည်ထားဖို့ လိုအပ်လာပြန်ပါတယ်။ဒါ့အပြင် ဟက်ကာအမျိုးအစားကွဲတွေဖြစ်တဲ့ ဦးထုပ်ဖြူဟက်ကာ (White Hat Hacker)၊ ဦးထုပ်နက်ဟက်ကာ (Black Hat Hacker) ဦးထုပ်မီးခိုးရောင်ဟက်ကာ (Gray Hat Hacker)၊ ဦးထုပ်ပြာဟက် ကာ (Blue Hat Hacker) ဟက်ကာတွေကအစ အဆင့်မြင့်ဟက်ကာတွေဖြစ်တဲ့ Elite Huacker တွေအဆုံး ဟက်ကာအားလုံး အကြောင်းကိုသာမက၊ ဟက်ကင် သင်ထောက်ကူပစ္စည်းတွေ (Hacking Tools) တွေ၊ ဟက်ကင်း အတတ်ပညာနဲ့ အနုပညာ (Art of Hacking and Science of Hacking) အကြောင်းတွေကိုပါ အခါသင့်လို့ အခွင့်သာတဲ့အခါ တင်ဆက်ပေးချင်ပါသေးတယ်။
>အပြည့်အစုံဖတ်ရန်>

WINDOWS 7 အသုံးပြုသူများအတွက် SHORTCUT ICON ပြသနာအကျယ်ရှင်းလင်းချက်

FIV | 15:06 | Best Blogger Tips



ရင်ဆိုင်နေရတဲ့ အခက်အခဲကို အစ်ကိုတို့ အနေနဲ့ဖြေရှင်းပေးနိုင် ပါတယ်..အခု အဲဒီ Icon တွေအကုန်လုံး Windows Media Player ပုံတွေ ဘာကြောင့်ဖြစ် ကုန်တယ်ဆိုတာ အရင်ရှင်းပြပေး ပါ့မယ်။ အဓိက လက်သည် တရားခံ ကတော့ Program တစ်ခုပေါ်ကို Right Click ထောက် ရင်ပေါ် လာတဲ့ OpenWith ဆိုတဲ့ Menu ကြောင့် ပါဘဲ။
 Desktop ပေါ်မှာရှိနေတဲ့ Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With ကိုနှိပ်ကာ Program တစ်ခု ကို ရွေးချယ် မိလိုက်သောကြောင့်..Icon တွေအကုန်လုံးဟာ ရွေးချယ်ထားတဲ့ Program
ပုံတွေဖြစ် ကုန်တော့ တာပါဘဲ..ဒါဟာ ဘာကြောင့်လဲ ဆိုရင် (၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှု အားနည်းနေခြင်း(Exploit)
(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမရှိခြင်း..ဥပမာ Program Icon မှန်းမသိ.. Folder or Files မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။
အထက်ပါ အချက် နှစ်ချက်မှာ ဒုတိယ အချက်ကို မပြောတော့ပါဘူး..ပထမ အချက်ကို ဘဲပြောပြ ပါ့မယ်..အခု ညီလေးဖြစ်နေတဲ့ ပြသနာ မျိုးက Windows 7 တွေမှာ ဘဲဖြစ်တာပါ..တစ်ချို့က ဒီလိုဖြစ် တာဟာ Virus ထိတာလို့ပြောကြ ပါတယ်..(ဒါလုံးဝမမှန် ရမ်းရွှီးတာပါ)…တစ်ချို့ကလဲ ဒီလိုဖြစ် ရင် System Restore ပြန်လုပ် လိုက်ကြပါတယ်..ခဏ တာတော့ ကောင်းသွားပါရဲ့..မကြာပါဘူး ဖြစ်မြဲက ဖြစ်မြဲ အတိုင်းပါဘဲ။ ဒီတော့ Open with လုပ်တိုင်း ဒီ Program Icon တွေက အကုန်ပြောင်းနေတော့ မှာပါဘဲ..ဒါကတော့ Windows 7 ရဲ့အားနည်းချက်ပါ။ Microsoft က သူ့ရဲ့ ထုတ်ကုန် အားနည်းချက်ကို ပြုပြင်ပေးတဲ့ အနေနဲ့ Registry Code တစ်ခုထုတ်ပေး ခဲ့ပါတယ်..ဒါကို အသုံးပြုလိုက်ခြင်း အားဖြင့် Program ပေါ် Right Click ထောက်ပြီး Openwith လုပ်မိတဲ့အခါမှာ Icon တွေအကုန်လုံးက ဘားမှပြောင်း လဲတော့မှာ မဟုတ်ပါဘူး..ဒါကြောင့် ဒီလို အဖြစ်မျိုး ကြုံတွေ့နေရတဲ့ သူတွေ အဖို့ ကျနော်က ဖြေရှင်းပေးနိုင်တဲ့ Registry Code တွေကို တင်ပေး လိုက်ပါ တယ်။ အရင်ကလည်း တင်ပေးဖူးပါတယ်..အခု မေးခွန်းကိုသေချာမေးလာတဲ့အတွက် ဗဟုသုတအနေနဲ့အားလုံးသိ အောင် အကျယ်ရှင်းပြလိုက်တာပါ..ဒီလို Windows 7 မှာဖြစ်နေတဲ့ Icon ပြောင်းလဲခြင်းပြသ နာကို ကွန်ပျူတာ Services ဆိုင်တော်တော်များများက Virus ဟုအကြောင်းပြကာ ၀င်းဒိုးစ် ပြန်တင်ခြင်း များ ပြုလုပ်နေကြပါ တယ်…ဒါလုံးဝမဖြစ်သင့်တာပါ..၀င်းဒိုးစ် တစ်ခါပြန်တင်ရင်လဲ ငါးထောင် ဒါမှမဟုတ် ရှစ်ထောင်လောက်တောင်း နေ တာပါ. .ကိုယ်တိုင်တင်တတ်တဲ့သူတွေ အတွက်လဲ ပြန်တင်စရာမလိုဘူး..ဒီလိုကောင်းအောင် ပြန်လည်ပြုပြင် လို့ရတယ်ဆိုတာ အချိန်ကုန်သက်သာစေချင် လို့ရှင်းပြပေးတာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာလဲ ဒီလိုအဖြစ်အပျက် မျိုးကြုံလာခဲ့လို့ရှိရင်လည်း စေတနာနဲ့အနည်းဆုံး နှစ်ထောင်လောက်တောင်းပြီး ကူညီပေးလိုက်ပေါ့ဗျာ (ပညာခတောင်းခိုင်းတာနော် :P) .. ကဲ..ဆက်ကြည့်ပါဦး..။
အသုံးပြုပုံ
ကြိုက်ရာ Link ကနေ Registry Code ကို Download ချပါ။ Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ။ အမည်းရောင် Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ်။ ပြီးတာနဲ့ Exe.reg ကို Click ပါ။ Yes or No မေးရင် Yes ပေးလိုက်ပါ။ Error တက်လာရင် OK ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မယ်ရှိတဲ့ Icon တွေဟာ မူလ Program Icon တွေအတိုင်းပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအပေါ်ကို Right Click >> Open With လုပ်ကြည့်လိုက်ပါဦး… အခြား Program တွေပြောင်း လဲတော့မှာ မဟုတ်ပါဘူးခင်ဗျာ… ။ ဗဟုသုတ အနေနဲ့ Icon တွေပြောင်းလဲ ကုန်တဲ့ ပုံတွေကို တင်ပေးလိုက်ပါတယ်။အောက်မှာ ကြည့်နိုင်ပါပြီ။
Icon တွေပြောင်းကုန်တာကို Virus ထိတယ်ဆိုပြီး Windows အသစ်ပြန်တင်ကာ လုပ်စားနေတဲ့ မြန်မာနိုင်ငံ Computer Services ဆိုင်အချို့ရဲ့ စီးပွားရေးကိုတုတ်နဲ့ ထိုးသလိုများဖြစ်ခဲ့ရင် Mailserver.npt@gmail. com သို့ဆက် သွယ်နိုင်ပါတယ်။
>အပြည့်အစုံဖတ်ရန်>

ဂျပန်ဘာသာမှ အင်္ဂလိပ်သို့ ဘာသာပြန်ပေးမည့် Mobile App ကို ဂျပန်တွင် မိတ်ဆက်

FIV | 15:02 | Best Blogger Tips



ဂျပန်နိုင်ငံ၏ အကြီးဆုံး မိုဘိုင်း ကွန်ရက် ထောက်ပံ့ရေး နည်းပညာ အဖွဲ့ အစည်းဖြစ်သည့် NTT Docomo  သည် ဂျပန်ဘာသာစကား ပြောသည့် မိုဘိုင်းဖုန်း အသုံးပြုသူများအား အင်္ဂလိပ် ဘာသာ စကားပြောသူ နိုင်ငံ တကာမှ မိုဘိုင်းဖုန်း အသုံးပြု သူများနှင့် တိုက်ရိုက် စကားပြောနိုင်ရန် ဘာသာပြန် ဆော့ဖ်ဝဲ တစ်မျိုးကို မိတ် ဆက်ပေး လိုက်ကြောင်း သိရပြီး ၎င်း Application အား အသုံးပြုခြင်း အားဖြင့် မိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍ ပိုမို အဆင်ပြေ လာအောင် ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ဘာသာစကား မတူသည့်လူများ စကားပြောရာတွင် ကြားခံဘာသာ ပြန်ပေးမည့် သူများ လိုအပ်သကဲ့သို့ ဂျပန် ဘာသာ စကားဖြင့် ပြောလိုက်သည့် ဖုန်းခေါ်ဆိုသူ၏ စကားများကို တစ်ဖက်မှ နားထောင် နေသူတို့ထံ အင်္ဂလိပ် ဘာသာ စကားဖြင့် ကြားရ စေနိုင် မည့် အဆိုပါ Application အမျိုးအစားမှာ ဂျပန်မိုဘိုင်းဖုန်း အသုံးပြု သူများကြား ရေပန်းစား လာမည်ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ် ပေးခြင်းေ ကြာင့် နိုင်ငံ အတွင်း အပန်းဖြေခရီး လှည့်လည် သွားလာနေကြသည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ အတွက်လည်း အဆင်ပြေမည်ဟု ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား ထားသည်။ ၎င်း ကို နိုဝင်ဘာ ၁ ရက်တွင် တရားဝင် အသုံးပြုခွင့် ပေးရန် စီစဉ် ထားပြီး Android အသုံးပြု မိုဘိုင်းဖုန်း များဖြင့် စတင်သုံးစွဲနိုင် မည်လည်း ဖြစ်သည်။ Application ၏ အမည်မှာ Hanashite Hon'yaku ဖြစ်သည်။

From : Yatanarpon
>အပြည့်အစုံဖတ်ရန်>

iPhone 5 ကို တောင်ကိုရီးယား၌ ရောင်းချခွင့် မရအောင် Samsung တားဆီးမည်

FIV | 14:35 | Best Blogger Tips


          တောင်ကိုရီးယား အခြေစိုက် နည်းပညာ ကုမ္ပဏီ Samsung သည် မကြာမီ ဈေးကွက် အတွင်း တင်ပို့တော့မည့် iPhone 5 စမတ်ဖုန်း များကို ၎င်းတို့၏ နိုင်ငံ အတွင်း၌ ရောင်းချခွင့် မရအောင် ပြုလုပ် သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
        Samsung နှင့် Apple တို့သည် ပြီးခဲ့သည် နှစ်များက နည်းပညာ အပိုပစ္စည်း ထောက်ပံ့ခြင်း အလုပ် ကိစ္စကြောင့် များစွာ ရင်းနှီး ခဲ့ရသော် လည်း နောက်ပိုင်းတွင် စမတ်ဖုန်းနှင့် တက်ဘလက် ထုတ်လုပ်မှုများ၌ ပြိုင်ဆိုင်မှု များ ဖြစ် ခဲ့ပြီး နည်းပညာဆိုင်ရာ မူပိုင်ခွင့် တရားစွဲဆိုမှုများကို အချင်းချင်း
အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း Samsung မှ ထုတ်လုပ်သည့် စမတ်ဖုန်းများနှင့် တက်ဘလက်များကို ဂျာမနီ တွင် ရောင်းချခွင့် မရအောင် Apple က တရားစွဲဆိုခဲ့သည်။ Samsung အနေဖြင့်လည်း Apple သည် ၎င်းတို့၏ iPhone 4 တွင် Samsung ၏ ကြိုးမဲ့ကွန်ရက် နည်း ပညာများကို တရား မဝင် အသုံးပြုခဲ့သည့် နည်းတူ iPhone 5 တွင်လည်း ထိုနည်းပညာများ ဆက်လက် အသုံးပြုလာဖွယ် ရှိသောကြောင့် တောင် ကိုရီးယား တွင် ရောင်းချခွင့် မရအောင် ကြိုးစားသွားမည်ဟု ဆိုသည်။
           Samsung ၏ အကြီးတန်း အရာရှိ တစ်ဦးက “ပြိုင်ဘက် ဖုန်းကုမ္ပဏီတွေကို ပြဿနာ ရှာနေတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ မူပိုင်ခွင့် နည်း ပညာတွေကိုတော့ ကာကွယ်ရမှာပါ” ဟု ဆိုခဲ့သည်။ Apple သည် ၎င်းတို့ ၏ ပဉ္စမမြောက် မျိုးဆက် အိုင်ဖုန်းတွင် Near Field Communication နည်းပညာနှင့် e -wallet ဝန်ဆောင်မှု တို့ကို ပံ့ပိုးပေးသွားမည်ဟု သိရပြီး ဈေးကွက်အတွင်း၌ အားသာမှု ရစေရန်အတွက် အခြား ဝန်ဆောင်မှု များစွာကိုပါ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများတွင် ဖော်ပြသည်။
 
FROM : Yoyarlay
>အပြည့်အစုံဖတ်ရန်>

Tuesday, 30 October 2012

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

FIV | 00:53 | Best Blogger Tips

ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား 

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။ 

နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။ 

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။ 

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။ 

အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။ 

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။ 

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ 
----
Ref:Daily Mail

Aung Kham (TSJ team)ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင်ဆုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် ဆုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက ဆုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီ
လီကွန် ဝါယာကြိုး တပ်ဆ်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။

သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။

ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။

အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။

ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။

ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
----
Ref:Daily Mail

Aung Kham (TSJ team)
>အပြည့်အစုံဖတ်ရန်>

မျိုးစုံ ကြိုးခုန်တတ်သော

FIV | 00:42 | Best Blogger Tips


ခရေဖြူ ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က မျိုးစုံ ကြိုးခုန်တတ်သော ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူး ထားပါတယ်။
ပြည့်ပိုင်မှူး အိမ်ရဲ့ဝတ္ထုကို ကိုကျော်က ဇာတ်ညွှန်း ရေးထားပြီး အောင်ရဲလင်း၊ ချစ်သုဝေ၊ နေလင်း၊ ဇင်မျိုး၊ ယွန်းရွှေရည်၊ တက္ကသိုလ် ဂွမ်းပုံ၊ ၀ါဝါအောင်၊ အေးအေးခိုင် စတဲ့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။ ဒီဇာတ်ကားရဲ့ အဖွင့်နဲ့ နောက်ဆုံးပိတ် ဇာတ်ဝင်ခန်းတို့ကို မဟာသန္တိသုခမှာ ရိုက်ကူးတာ တွေ့ရပါတယ်။

သူငယ်ချင်းတွေရဲ့ကိစ္စဆို ဘယ်လိုပဲဖြစ်ဖြစ် ကူညီတတ်တဲ့ အောင်ရဲလင်းက သူငယ်ချင်းတစ်ယောက်ရဲ့ ရည်းစားက နောက်တစ်ယောက်နဲ့ တွဲတာကို တွေ့တဲ့အတွက် ပြဿနာ ရှာလိုက်တာကြောင့် အချုပ်ခန်းထဲ ရောက်သွားပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ မျိုးစုံကြိုးခုန်တတ်သော ဇာတ်ကားကို စဖွင့်ထားတာပါ။ ချစ်သုဝေက ဒီဇာတ်ကားထဲမှာ ယောက်ျားလေး ပုံစံလို ၀တ်ပြီး ယောက်ျားလေး  လိုနေတတ်တဲ့သူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ချစ်သုဝေကို သဘောကျတဲ့ သူက ဇင်မျိုးပါ။ သူ့ကို သဘောကျရင် သူ့ဘေးနား မှာနေချင်ရင် ယောက်ျားလေး လို မနေဘဲ မိန်းကလေး ပုံစံလို နေရမယ်လို့ ချစ်သုဝေက ပြောတာကြောင့် ဇင်မျိုးက မိန်းကလေးလိုဝတ်ပြီး နေရပါ တယ်။ အောင်ရဲလင်းက ဇင်မျိုးရဲ့ ပုံစံကိုမြင်ပြီး မကျေ မနပ်ဖြစ်တာကြောင့် ယောက်ျားလေးပုံစံကနေ မိန်းကလေးဖြစ်အောင် ပြောင်းမယ်ဆိုပြီး ချစ်သုဝေ နားကို ချဉ်းကပ်ပါတယ်။ အောင်ရဲလင်းက သူငယ်ချင်း ဇင်မျိုးကို ကူညီပေးမှုနဲ့ နောက်ဆုံးမှာတော့ ချစ်သုဝေ က သီလရှင် ၀တ်သွားခဲ့ တာပါ။

သီလရှင်ဝတ်တဲ့ ဇာတ် ၀င်ခန်းကို ရိုက်ကူးဖို့ ချစ်သု ဝေအနေနဲ့ မနက်ပိုင်း တစ်ပိုင်း လောက် အချိန်ပေးရပါတယ်။ ခေါင်းတုံးအတု စွပ်ဖို့အတွက် တစ်နာရီလောက် အချိန်ပေးရ တာပါ။ ခေါင်းတုံးအတုကို ကျော်လင်းက ပြုလုပ်ပေး သလို သူကိုယ်တိုင်ပဲ အတု စွပ်ပေးပါတယ်။ ချစ်သုဝေရဲ့ ဆံပင်က အနည်းငယ်ရှည် တယ်ဆိုပေမဲ့ နားထင်နားနဲ့ ကုပ်ပေါ်ကျနေတဲ့ ဆံပင်တွေကို ဖုံးဖို့ တော်တော်လေး လုပ်ရတာတွေ့ရပါတယ်။ ခေါင်းတုံး အတုစွပ်ထားတာ ကို ဗီဒီယို ကင်မရာနဲ့ ရိုက်တဲ့ အခါ သေချာ မလုပ်ထားရင် အတုမှန်းသိသာတာကြောင့် တော်တော်လေး ဂရုစိုက်ရတာပါ။ ခေါင်းတုံးအစစ်ဆိုရင် ခေါင်းတုံးတုံးပြီးသား ဦး ရေပြားလေးက စိမ်းစိမ်းလေး ဖြစ်နေတာကြောင့် ဦးရေပြား စိမ်းစိမ်းလေးဖြစ်ဖို့ မိတ်ကပ် အရောင်ကို တစ်ဆင့်လိမ်းရ သေးတာပါ။ အဆင့်ဆင့်တွေ လုပ်ပြီးတဲ့အချိန်မှာတော့ ဇာတ်သိမ်းခန်းကို ရိုက်ကူးပါ တယ်။ အောင်ရဲလင်း အပါအ၀င် သူငယ်ချင်းတွေ အားလုံးကိုတွေ့ဖို့ ချစ်သု ဝေက ချိန်းထားတာကြောင့် သူငယ်ချင်းတွေ ရောက်လာ ချိန်မှာ ချစ်သုဝေက သနိ္တသုခ ကျောင်းထဲကနေ ထွက်လာ ပါတယ်။ သီလရှင်ဝတ်စုံဝတ် ပြီး ထွက်လာတဲ့ ချစ်သုဝေ ကို အောင်ရဲလင်းတို့ တစ်ဖွဲ့ လုံးက အံ့သြစွာ ကြည့်နေကြ တာပါ။ မိန်းကလေးဆိုတာ ကိုလက်ခံပြီး မိန်းကလေးဖြစ် ပြီဆိုမှ မြင့်မြတ်တဲ့ နေရာမှာ ပဲ နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ သီလရှင်ဘ၀ကို ခံယူတာလို့ ချစ်သုဝေက အောင်ရဲလင်းနဲ့ သူငယ်ချင်းတွေကို ပြောပါတယ်။

လူ့ဘ၀မှာ အမျိုးမျိုး အဖုံဖုံ ကြုံရတတ်တယ်ဆိုတဲ့ အတိုင်း မျိုးစုံကြိုးခုန်တတ် သော လို့ ဇာတ်ကား နာမည်ကို ပေးထားတာပါ။ ဒီဇာတ်ကားရဲ့ ရှေ့ပိုင်းမှာ ရယ်စရာလေးတွေနဲ့ တင်ဆက်ထားပါ တယ်။ လူငယ် သရုပ်ဆောင်တွေ ပါဝင်တဲ့ ဇာတ်ကား ဖြစ်ပေမဲ့ အချစ်သီးသန့် ဇာတ်ကားလည်း မဟုတ်ပါဘူး။ လောကကြီးထဲမှာ လူရယ်လို့ ဖြစ်လာရင် အမှန်တရားတစ်ခု ကို လက်ခံနိုင်ရမယ်။ မဖြစ် နိုင်တာကြီး တစ်ခုကို လုပ် ယူရင် ကာယကံရှင် အတွက် အကျိုးမရှိဘူး။ မိန်းကလေး ပဲဖြစ်ဖြစ်၊ ယောက်ျားလေး ပဲဖြစ်ဖြစ် ကြီးကျယ်မြင့်မြတ် တဲ့ စိတ်တစ်ခုကို ပိုင်ဆိုင် ထားကြတယ်။ ဘ၀မှာ သဘာဝကပေးတဲ့ အရာကို ကျေကျေနပ်နပ်နဲ့ လက်ခံပေး ရမယ်ဆိုတဲ့ အချက်တွေကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က မျိုးစုံကြိုး ခုန်တတ်သော ဇာတ်ကားမှာ ထည့်ရိုက်ထားပါတယ်။
ခရစ်ယာန် ဘာသာဝင်လို့ ပရိ သတ်တွေ သိထားတဲ့ ချစ်သုဝေက သီလရှင်ဝတ်စုံ ၀တ်ပြီး ရိုက်ကူးဖို့ ဒါရိုက်တာကို မငြင်းပယ်ခဲ့ပါဘူး။ ချစ်သု ဝေရဲ့မေမေက ခရစ်ယာန်၊ ဖေဖေက ဗုဒ္ဓဘာသာဖြစ်တာ ကြောင့် ဗုဒ်္ဓဘာသာရဲ့ အယူ အဆ ထုံးထမ်းစဉ်လာတွေကို တော့ ချစ်သုဝေက သိထား ပါတယ်။ သီလရှင်ဝတ်စုံဝတ် ပြီး ရိုက်ကူးခဲ့တဲ့ ချစ်သုဝေက “ဇာတ်ကားရိုက်ရင် ဘုရားဆိုလည်း ရှိခိုးတယ်။ သီလရှင် ဆိုလည်း ၀တ်တယ်။ အဲဒီလို ဆိုတော့ ခရစ်ယာန် ဘာသာ အချင်းချင်းဆိုရင် အမြင်မှားစရာ ရှိမှာပေါ့။

ဒါပေမဲ့ ထရီဇာရဲ့ယူဆချက်ကတော့ ဘယ်ဘာသာမဆို ဘယ်ဘာ သာရဲ့ဘုရားကပဲဖြစ်ဖြစ် လူ သားတွေကို ဟောထားတဲ့ တရားက ကောင်းတာလုပ် တာကိုလိုလားကြတယ်။ ကောင်းကျိုးချမ်းသာကို လိုလားကြတယ်။ အဓိကက ကိုယ်ထားတဲ့ စိတ်၊ ကိုယ်ပြု လုပ်တဲ့ အပြုအမူ၊ ကိုယ်ပြော တဲ့အပြောအဆို။ အဲဒါတွေ ပေါ်မှာပဲ မူတည်ပြီး အကျိုး တရားဆိုတာ ဖြစ်လာမှာ။ အဲဒီအတွက်ကြောင့်မို့ ကိုယ့် အလုပ်နဲ့ ပတ်သက်ရင် လုပ် တယ်”လို့ သီလရှင်ဝတ်စုံ ၀တ်ပြီးရိုက်ကူးတဲ့အကြောင်း ပြောပြပါတယ်။ မျိုးစုံ ကြိုးခုန်တတ်သော ဇာတ် ကားထွက်လာတဲ့အခါ ပရိ သတ်တွေရဲ့အမြင် အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်ပရိသတ် တွေက အမြင်တစ်မျိုးစောင်း ခဲ့ရင် အားလုံးက ကိုယ်ပိုင်ခံ ယူချက်ရှိတဲ့အတွက် အမြင် စောင်းပိုင်ခွင့် ရှိတယ်လို့ ချစ် သုဝေက ယူဆ ထားပါတယ်။ မျိုးစုံ ကြိုးခုန်တတ်သော ဆို တဲ့အတိုင်း ဘယ်လိုတွေလုပ် ပြီး ဘယ်လိုတွေဖြစ်မယ် ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။           


From : (ရွှေအမြုတေ မဂ္ဂဇင်း)
>အပြည့်အစုံဖတ်ရန်>

ရိုက်ကွင်းပေါ်က အချစ် ဇာတ်လမ်းများ

FIV | 00:38 | Best Blogger Tips


လောလောဆယ်မှာ တစ်ကမ္ဘာလုံးက စိတ်ဝင်စား နေတဲ့ အတွဲကတော့ Twilight ရုပ်ရှင် ဇာတ်လမ်းတွဲမှာ ချစ်သူများ အဖြစ် သရုပ်ဆောင် ခဲ့ကြတဲ့ ရောဘတ်ပက် တင်ဆန်နဲ့ ခရစ္စတင်းစတီးဝပ်တို့ နှစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ်။
ရုပ်ရှင် ဇာတ်ကားထဲမှာ ချစ်သူများ အဖြစ် သရုပ်ဆောင် ခဲ့ကြရာက တကယ့်ချစ်သူများ ဖြစ်သွားခဲ့ပြီး အတူ နေခဲ့ကြတာ ၃ နှစ် ရှိခဲ့ပါပြီ။ ဒါပေမဲ့ မကြာသေးခင်က ခရစ္စတင်းက သူပါဝင် သရုပ်ဆောင် နေတဲ့ Snow White and the Huntsman ရုပ်ရှင်ဇာတ်ကားရဲ့ဒါရိုက်တာ ဖြစ်သူအသက် ၄၁ နှစ်အရွယ်ရှိ ရူးပတ်ဆဲန်ဒါးစ်နဲ့ ဖောက်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကို ပက်တင်ဆန် သိသွားတဲ့ အခါမှာ ခရစ္စတင်းက ၀န်ခံခဲ့ပြီး လမ်းခွဲ ခဲ့ကြပါတယ်။

ရိုက်ကွင်းပေါ်မှာ နေ့စဉ်နဲ့ အမျှ ထိတွေ့ဆက်ဆံ နမ်းနေကြရတဲ့ အပြင် တစ်ခါတစ်ရံမှာ အိပ်ရာခန်း များမှာလည်း သရုပ်ဆောင်ကြရတာကြောင့် ဟောလိဝုဒ်မှာ တချို့မင်းသား မင်းသမီးများ ရိုက်ကွင်းပေါ်က တစ်ဆင့် တကယ် ချစ်ကျွမ်းဝင်သွားကြတာတွေ ရှိပါတယ်။  အဲဒီလို ချစ်သွားကြတဲ့ အတွဲများကို တင်ပြရရင်...

ခရစ္စတင်း၊ ရူးပတ်နဲ့ ရောဘတ်
၃ နှစ်ကြာ အတူ နေခဲ့ကြတဲ့ ခရစ္စတင်းနဲ့ ရောဘတ်တို့ရဲ့ ချစ်ခရီးဟာ ပေါ်ထွက်လာတဲ့ သတင်းများကြောင့် သာယာ ဖြောင့်ဖြူးမှု မရှိတော့ပါဘူး။ အသက် ၂၂ နှစ် အရွယ်ရှိ ခရစ္စတင်းက အသက်
၄၁ နှစ် အရွယ်ရှိ ဒါရိုက်တာ ရူးပတ်ဆဲန်ဒါးစ်နဲ့ ရိုက်ကွင်းပေါ်မှာ ဖောက်ပြန် နေတယ်လို့ သတင်း ထွက်ပေါ်လာခြင်းကြောင့်ပါပဲ။

သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီး ခရစ္စတင်းက ရောဘတ်ကို လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ “မှားယွင်းမှု တစ်ခုကြောင့် ကျွန်မ ဘ၀မှာ အရေးပါအရာ ရောက်ဆုံးနဲ့ ကျွန်မ ချစ်ခင်မြတ်နိုး တန်ဖိုးထားတဲ့ ရော့ဘ်ကို ဆုံးရှုံး ခဲ့ရပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။ ဗြိတိသျှဒါရိုက်တာဖြစ်တဲ့ ရူးပတ်ကလည်း သူ့ဇနီး ရုပ်ရှင်မင်းသမီး မော်ဒယ်လ်ဖြစ်တဲ့ လစ်ဘာတီရော့စ်နဲ့ ကလေးနှစ်ယောက်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

ရပ်ဆဲလ်၊ မက်ဂ်နဲ့ ဒဲနစ္စ
နယူးဇီလန်နိုင်ငံရဲ့ လူဆိုးကလေးလို့ နာမည်ကျော်တဲ့ ရပ်ဆဲလ်နဲ့ အမေရိကန်နိုင်ငံ ပရိသတ်များရဲ့ အသည်းကျော် မင်းသမီးဖြစ်တဲ့ မက်ဂ်တို့ ၂၀၀၀ ပြည့်နှစ်မှာ ရိုက်ကူးတဲ့ Proof of Life ဇာတ်ကားမှာ ဆုံဖြစ်ကြပါတယ်။ သူတို့နှစ်ဦး ရိုက်ကွင်းပေါ်မှာ တကယ် ချစ်သူများ အဖြစ် နေထိုင်ကြတာကို အီကွေဒေါနိုင်ငံနဲ့ လန်ဒန်တို့မှာ ဓာတ်ပုံ သတင်းထောက်များက အမိအရ ရိုက်ကူး ခဲ့ကြပါတယ်။ ဗြိတိသျှ စာစောင်များက ဒီသတင်းကို ထုတ်ဖော်ဖွင့်ချလိုက်တာကြောင့် မက်ဂ်ရိုင်ယန်နဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဒဲနစ္စကွိတ်တို့  ကွာရှင်းပြတ်စဲ ခဲ့ကြပါတယ်။ နှစ်ဦးစလုံးက သူတို့လမ်းခွဲမှုမှာ ဘယ်သူ့ပယောဂမှ မပါဝင်ပါဘူးလို့ ကြေညာခဲ့ပါတယ်။

မစ်ရှယ်လ်၊ ဂျွန်နဲ့ ဂလဲန်
ဂျွန်မာလ်ကိုဗစ်ခ်ျနဲ့ ဂလဲန်ဟက်ဒလီတို့ရဲ့ အိမ်ထောင်သက် ၆ နှစ်ရှိခဲ့ပါပြီ။ အဲဒီအချိန်မှာ Dangerous Liaisons ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း ဂျွန်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မစ်ရှယ်လ်ဖိုင်ဖာတို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ဂျွန်နဲ့ ဂလဲန်တို့ ကွာရှင်းပြတ်စဲလိုက်ကြပေမဲ့ မစ်ရှယ်လ်နဲ့ မပေါင်းစည်းမိဘဲ မစ်ရှယ်လ်က တယ်လီဗေးရှင်း ဇာတ်လမ်းဖန်တီးသူ ဒေးဗစ်အီးကယ်လီနဲ့ လက်ထပ်ခဲ့ပါတယ်။ နောင် နှစ် ၂၀ အကြာမှာတော့ ဂျွန်က “အခုတော့ လမ်းတွေ့ရင်တောင် မစ်ရှယ်လ်က ကျွန်တော့်ကို နှုတ်တောင် မဆက်နိုင်တော့တာက မယုံနိုင်စရာပါပဲ”လို့ ဆိုပါတယ်။

ချတ်၊ ပဲရစ်၊ နစ်ခ်နဲ့ ဆိုဖီယာ

ချတ်မိုက်ကယ်မူရေးက One Tree Hill ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဆိုဖီယာဘုရှ်နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ House of Wax ဇာတ်ကားကို ရိုက်ရင်း တွဲဖက်သရုပ်ဆောင်တဲ့ ပဲရစ်ဟီလ်တန်နဲ့ ချတ်တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ အဲဒီအချိန်က ပဲရစ်က နစ်ခ်ကာတာနဲ့ ချစ်သူဖြစ်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ချတ်နဲ့ ဆိုဖီယာတို့ လမ်းခွဲလိုက်ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ E! Online နဲ့ တွေ့ဆုံရာမှာတော့ ချတ်က “ကျွန်တော် အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာကို အရူးအမူးဖြစ်ခဲ့တာကိုး”လို့ ဆိုခဲ့ပါတယ်။

အင်ဂျလီနား၊ ဘီလီဘော့ပ်နဲ့ လော်ရာ
၁၉၉၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Pushing Tin ရုပ်ရှင်ဇာတ်ကားမှာ ဂျိုလီနဲ့ ဘီလီတို့ အကြင်လင်မယားအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူတို့နှစ်ယောက် အတူတူပျောက် သွားကြတာကြောင့် ဘီလီနဲ့ စေ့စပ်ထားတဲ့ လော်ရာဒန်းအပါအ၀င် အားလုံး အံ့သြခဲ့ကြပါတယ်။ လော်ရာက “ကျွန်မ ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ သွားနေတုန်းမှာ ကျွန်မ ခင်ပွန်းလောင်းက တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ သူ့အကြောင်း မကြားရတော့ပါဘူး”လို့ ဆိုပါတယ်။ နောက် ၃ နှစ်အကြာမှာတော့ ဂျိုလီနဲ့ ဘီလီတို့လမ်းခွဲခဲ့ကြပြီး မိတ်ဆွေများ အဖြစ် ရပ်တည်နေခဲ့ကြပါတယ်။ ဘီလီက အိမ်ထောင်မပြုတော့ပေမဲ့ ဂျိုလီကတော့ မကြာသေးခင်က ဘရက်ပစ်နဲ့စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။

အဲလစ်ဇဘက်၊ အယ်ဒီ၊ ရစ်ချတ်နဲ့ စစ်ဘဲလ်
ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး အဲလစ်ဇဘက်တေလာကို အိမ်ထောင်ဖျက်သူရယ်လို့ ကင်ပွန်းတပ်ကြပါတယ်။ မုဆိုးမဖြစ်နေတဲ့ အဲလစ်ဇဘက်ကသူငယ်ချင်းဖြစ်သူ ဒက်ဘီရေနောလ်ရဲ့ ခင်ပွန်းဖြစ်သူ အယ်ဒီဖစ်ရှားကို အရ ယူသွားခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ကားဖြစ်တဲ့ ကလီယိုပါထရာ ဇာတ်ကားကို ရစ်ချတ်ဘာတန်နဲ့ တွဲဖက် သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်သွားခဲ့ပြန်ပါတယ်။ တေလာနဲ့ ဘာတန်တို့ရဲ့ချစ်ဇာတ်လမ်းဟာ ဒီနေ့ထက်ထိ ပြောမဆုံးနိုင်သေးတဲ့ ဟောလိဝုဒ်ရဲ့အကြီးကျယ်အခမ်း နားဆုံး အချစ်ဇာတ်လမ်း တစ်ပုဒ် ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံးက အိမ်ထောင်ဖက်များကို စွန့်ခွာကာ ပေါင်းစည်း ခဲ့ကြပါတယ်။ အဲဒီ အချိန်က ဘာတန်မှာ ဇနီးသည်ဖြစ်သူ ရုပ်ရှင်မင်းသမီး စစ်ဘဲလ်ဝီလျံ ရှိခဲ့ပါတယ်။ တေလာနဲ့ ဘာတန်တို့ ၁၀ နှစ်ကြာ ပေါင်းသင်းခဲ့ကြပြီး ကွာရှင်းပြတ်စဲကြပါတယ်။ နောက်တစ်ကြိမ် ပြန်လက်ထပ်ကြကာ ၁၆ လကြာ ပေါင်းသင်းခဲ့ကြပြီး လမ်းခွဲခဲ့ကြပြန်ပါတယ်။

ကလယ်ရာ၊ ဘီလီနဲ့ မေရီလူစီ
၂၀၀၃ ခုနှစ်မှာ ဘီလီခရပ်ဒ်အပ်တစ်ယောက် သူနဲ့အတူ ၈ နှစ်ကြာနေထိုင်ခဲ့တဲ့ ချစ်သူ မေရီလူစီနဲ့ သားသမီးထွန်းကားခါနီး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ  ဘီလီက Stage Beauty ရုပ်ရှင်ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ကလယ်ရာဒိန်းစ်နဲ့ ငြိစွန်းသွားခဲ့ပါတယ်။ သူတို့ဇာတ်လမ်းကို စာနယ်ဇင်းများက ရေးသားကြပေမဲ့ နှစ်ဖက်စလုံးက ငြင်းခဲ့ကြပါတယ်။ ချစ်သူ မေရီလူစီက ရင်သွေးကလေးကိုမမွေးဖွားမီ နှစ်လအလိုမှာ ဘီလီက လမ်းခွဲသွားပြီး ကလယ်ရာနဲ့ ချစ်သူများအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ၄ နှစ် ကြာအောင် တွဲခဲ့ကြပြီး နောင်မှာ ကလယ်ရာက “အဲဒီအချိန်တုန်းကတော့ ရူးရူးမူးမူး ချစ်ခဲ့မိတာ အမှန်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

စစ်ဘဲလ်၊ ပီတာနဲ့ ပေါ်လီ
၁၉၇၁ ခုနှစ်မှာ The Last Picture Show ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း ဒါရိုက်တာ ပီတာက အသက် ၂၁ နှစ် အရွယ်ရှိ ရုပ်ရှင်မင်းသမီးကလေး စစ်ဘဲလ်ရှက်ပတ်ကို လက်ထပ်ယူခဲ့ပါတယ်။ ပီတာက စစ်ဘဲလ်ကို လက်ထပ်ဖို့ အတွက် ဆယ်စုနှစ်တစ်ခုကြာ ပေါင်းသင်းခဲ့တဲ့ ထုတ်လုပ်သူ ပေါ်လီပလပ်ကို ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပါတယ်။ စစ်ဘဲလ်နဲ့ ပီတာတို့ ၇ နှစ်ကြာ တွဲခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။ နှစ်ခုလပ်ဖြစ်တဲ့ စစ်ဘဲလ်က မကြာသေးမီက ရတနာကုန်သည်ဘ၀မှ စိတ်ပညာရှင်ဖြစ်လာသူ အင်ဒရီနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လီးန်၊ ဒီးန်၊ အယ်ဒီနဲ့ ဘရန်ဒီ

ကျေးလက်ဂီတ အဆိုကျော်ဖြစ်တဲ့ လီအန်ရိုင်းမ်စ်က လက်ထပ်ပြီးမကြာခင်မှာပဲ Northern Lights ဆိုတဲ့ ရုပ်ရှင်ကားကို အိမ်ထောင်သည် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အယ်ဒီဆီဘရိုင်းယန်နဲ့တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ကပါ။ ရိုက်ကွင်းပေါ်မှာ သူတို့ နှစ်ယောက် ဖောက်ပြန်နေကြတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ သူတို့အချစ်ဇာတ်လမ်းကြောင့် အိမ် ထောင်နှစ်ခုစလုံး ပြိုကွဲသွားခဲ့ပါတယ်။ ရိုင်းမ်စ်က အမျိုးသားကချေသည် တစ်ဦးဖြစ်တဲ့ ဒီးန်နဲ့ အိမ်ထောင်ရေး ပြိုကွဲသွားပြီး အယ်ဒီကလည်း ဇနီးဖြစ်သူရုပ်ရှင်မင်းသမီး ဘရန်ဒီနဲ့ လမ်းခွဲလိုက်ပြီး သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပြန်ပါတယ်။ ဒီနောက်ပိုင်းမှာ ရိုင်းမ်စ်က သူတို့ နှစ်ဦးကြောင့် နှလုံးသားကြေကွဲခဲ့ကြ သူတွေအတွက် စိတ်မကောင်းပေမဲ့ နောင်တတော့ မရပါဘူးလို့ ဆိုခဲ့ပါတယ်။

FROM : ရွှေအမြုတေ မဂ္ဂဇင်း
>အပြည့်အစုံဖတ်ရန်>

Gmail ၏အဆင့်မြင့် အင်္ဂါရပ်များ

FIV | 00:27 | Best Blogger Tips



မြန်မာပြည်ရှိ  email သုံးစွဲသူ အများစုမှာ Gmail ကို သုံးကြပါသည်။  Gmail ဖြင့် စာအပို့ အယူ လုပ်ခြင်း ကို ကောင်းစွာ ကျွမ်းကျင် ကြသော်လည်း Gmail ၏ လုပ်ငန်း ဆောင်တာ များကို ESHY စပ်အောင် ဝင်ကြည့် ဖူးသူ အတော်ပင် နည်းပါသည်။ ယခု ဖော်ပြမည့် အစိတ်အပိုင်း တို့မှာ သုံးစွဲသူ အတော် များများ အမှတ်တ မဲ့ ဖြစ်နေ ကြသော အစိတ် အပိုင်းများ ဖြစ်ပါသည်။

- Gmail Labs ကို အသုံးပြုခြင်း
Gmail Labs တွင် ပါဝင်သော စွမ်းဆောင်ရည် အတော် များများ၌ စမ်းသပ်ဆဲ အဆင့်တွင် ရှိနေ သေးသော စိတ်လှုပ် ရှားဖွယ် Feature များ ပါဝင် နေပါသည်။ ယင်း Feature အားလုံးကို  Gmail သုံးစွဲသူ အားလုံး လွယ်လင့် တကူ သုံးစွဲ နိုင်အောင် ပြုလုပ် မပေးထားပါ။ ထို့ပြင် ကြိုတင် သတိပေးမှု တစ်စုံ တစ်ရာ မရှိဘဲ ပျောက်သွားခြင်း၊ အသစ်ပေါ် လာခြင်း တို့လည်း ရှိနိုင် ပါသေးသည်။ ထို့ကြောင့် အောက်တွင် ဖော်ပြထားသော အချက် များသည် စာရှုသူ ကိုယ်တိုင် Gmail Labs သို့ ဝင်ရောက် ကြည့်ရှုသည့် အခါ တွေ့ရှိရမည့် အချက်အလက် များနှင့် ကွဲလွဲမှု အချို့ ရှိကောင်း ရှိနေ နိုင်ပါသည်။ Gmail Labs သို့ ဝင်ရောက်ရန်နှင့် အချို့ သော Feature များကို အဖွင့်အပိတ် လုပ်ရန် အတွက် အောက်ပါ အဆင့်များကို လုပ်ဆောင်ရန် လိုအပ် ပါမည်။
၁။ Gmail site ထဲသို့ ဝင်ရောက် လှည့်ပတ် ကြည့်ရှု ရပါမည်။ အကယ်၍ လိုအပ်လျှင် Login ဝင်ရ ပါလိမ့်မည်။
၂။ Setting ဟု ပြထားသော နေရာတွင် ဘယ် ကလစ် နှိပ်ပါ။ Setting Page ကြီး ပေါ်လာ ပါမည်။
၃။ Labs ဟု ပြထားသော နေရာတွင် ဘယ် ကလစ် နှိပ်ပါ။ Gmail Labs Page ပေါ်လာ ပါမည်။
၎။ Labs တွင် ခွင့်ပြု ထားသော Feature များကို သုံးစွဲနိုင်ရန် အတွက် Enable Option ကို ရွေးချယ် ပေးပါ။
၅။ ပြီးလျှင် Save Changes နေရာတွင် ဘယ်ကလစ် နှိပ်ပါ။ မိမိ ရွေးချယ် လိုက်သော Feature အသက် ဝင်လာအောင် Gmail က ဆောင်ရွက် ပေးပါမည်။ Gmail  Labs အတွက် ရွေးချယ်ခွင့် ပေးထားသော Feature အချို့မှာ Add any gadget by URL, Advanced IMAP Controls, Authentication icon for verified senders စသည်တို့ ဖြစ်ပါသည်။ ဖော်ပြထားသော Feature တို့မှာ ရည်ရွယ်ချက် ကောင်းဖြင့် ပြုလုပ်ထား သော်လည်း စမ်းသပ်ဆဲ အဆင့်တွင် ရှိသေးသည် ဖြစ်၍ မိမိက စမ်းသပ် သုံးစွဲရင်း အမှား အယွင်း တစ်စုံ တစ်ရာ ရှိကောင်း ရှိနိုင် ပါသည်။ ဤသို့ ဖြစ်ခဲ့ပြီး  Gmail တွင် ပိတ်ဆို့မှု ရှိခဲ့သော် GmailLabs Feature ကို ပိတ်ရ ပါလိမ့်မည်။ Gmail Labs ကြောင့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက် လာသည်ဟု ထင်ပါသလား။ ဥပမာ... Gmail  ကို   Lodding တက်စေရာတွင် ပုံမှန် အတိုင်း မဟုတ်တော့သည့် ကိစ္စမျိုး ဖြစ်ပါသည်။ ဤသို့ သော ကိစ္စများ အတွက် အရေးပေါ် မလွယ်ပေါက် ရှိပါသည်။ အဆိုပါ မလွယ်ပေါက်သို့ သွားရမည့် လမ်းကြောင်းမှာ https://mail.google.com/mail/၊ Labs=0. ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်သည့် အခါ Gmail Labs ကို ပိတ်ပစ်လိုက် ပါမည်။ ယင်းကြောင့် ပြဿနာ တက်ရသည်ဟု ဆိုလျှင်လည်း များသော အားဖြင့် ပြေလည် သွားလေ့ ရှိပါသည်။ ပြေလည်ခြင်း မရှိခဲ့လျှင် ပြဿနာ အရင်း အမြစ်ကို ရှာဖွေ ရှင်းလင်း ရပါမည်။ (Gmail ပြဿနာများ အကြောင်း ဆောင်းပါးတွင် သီးခြား ဖော်ပြပါမည်)။
- Google gadget များ ထပ်ပေါင်းထည့်ခြင်း
Gmail Labs တွင် ပါဝင်သော Feature တစ်ခုမှာ Google gadget များကို မိမိ၏ Gmail account ထဲတွင် ပေါင်းထည့် ခွင့်ပြုခြင်း ဖြစ်ပါသည်။ Google gadget ဆိုသည်မှာ Install လုပ်ယူနိုင်သော Code အစိတ်အပိုင်း များကို ဆိုလို ပါသည်။ ယင်းတွင် Game ကစားခြင်း၊ Calendar ac: ယူခြင်း အပါအဝင် အခြား လုပ်ဆောင်နိုင် မှု အတော် များများ ပါဝင် ပါသည်။ Google gadget အစုအဝေး ကြီးကို http://www.google.com/ ig/directory၊ synd=open. တွင် သွားရောက် ကြည့်ရှု နိုင်ပါသည်။ Google gadget ကို Gmail ထဲသို့ ပေါင်းထည့် နိုင်ရန် အတွက် Gadget ရှိရာ URL သို့ ဝင်ရောက်ရန် လိုအပ် ပါမည်။ Gadget တစ်ခု တည်ရှိရာ URL ကို ရှာဖွေရန် အတွက် အောက်ပါ အတိုင်း ဆောင်ရွက် နိုင်ပါသည်။
၁။ http://www.google.com/ig/directory၊ synd=open. သို့ သွားရောက်ပါ။
၂။ မိမိ စိတ်ဝင်စားသော Gadget ကို တွေ့ပြီ ဆိုပါက Gmail ထဲသို့ ပေါင်းထည့်နိုင်ရန် အတွက် (Add to your Webpage) နေရာတွင် ဘယ်ကလစ် နှိပ်ပါ။
၃။ Get the Code နေရာတွင် ဘယ်ကလစ် နှိပ်ပါ။
၎။ ယင်း Gadget ရှိသော URL ကို ကော်ပီ ကူးယူ ရပါမည်။ “ URL=~” နှင့်စပြီး  .xml နှင့် အဆုံးသတ် ပါမည်။
ဥပမာ ... http://www.atlas-labs.net/gadgets/widget 2/arix/arix.xml အဆိုပါ Gadget ကို Gmail setting page တွင် Install လုပ်ရန်အတွက် အောက်ပါ အတိုင်း ဆောင်ရွက် ရပါမည်။
၁။ Gmail ထဲသို့ ဝင်ရောက်ပြီး Setting နေရာတွင် ဘယ်ကလစ် နှိပ်ပါ။
၂။ Labs နေရာတွင် ဘယ်ကလစ် နှိပ်ပါ။
၃။ Add Any Gadget by URL ကို ရှာပါ။
၎။ ယင်းဘေးရှိ Radio button  နှစ်ခု အနက်မှ  Enable  ဆိုသော Button  ကို ရွေးပေးပါ။
၅။ Save the Change နေရာတွင် ဘယ်ကလစ် နှိပ်ပါ။ Gmail သည် Setting Page ထဲတွင်  gadget အသစ်ကို ပေါင်းထည့် ပေးပါမည်။
၆။ ပေါ်လာသော Gadgets tab တွင် ဘယ်ကလစ် နှိပ်ပါ။
၇။ Add a gadget by URL ဟူသော စာတန်း၏ အောက်ဘက်တွင် လေးထောင့်ကွက် အလွတ်တစ်ခု ပေါ်လာ သည်ကို တွေ့ရ ပါမည်။ ယင်းထဲတွင် မိမိ ကူးယူ လာခဲ့သော Gadget URL ကို Paste လုပ်ပြီး ထည့်သွင်း ပေးလိုက်ပါ။
၈။ ပြီးလျှင် နံဘေးဘက်ရှိ  Add  ဟူသော နေရာ၌ ဘယ်ကလစ် နှိပ်ပေး လိုက်ပါ။ Setting Page ထဲတွင် Gadget ပေါ်လာ သည်ကို မြင်တွေ့ ရပါမည်။ ဤ Lab feature ကို disable လုပ်ရန် အတွက် Setting  ရှိ Lab ခေါင်းစဉ် အောက်သို့ ဝင်ပြီး သက်ဆိုင်ရာ Feature ဘေးရှိ Disable button ကို ရွေးပေး ရပါမည်။ ပြီးလျှင် Save the Changes  နေရာ၌ ဘယ်ကလစ် နှိပ်ပြီး ထွက်လိုက်ပါ။
- Known Sender များထံမှ လာသောစာများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း
မိမိနှင့် ဆက်သွယ် နေရသော အချို့ site များ ဥပမာ ... eBay နှင့် PayPal တို့သည် လိုအပ်သည့် အခါ မိမိထံ သို့ စာပို့ကောင်း ပို့ပါလိမ့်မည်။ ထိုအချက်ကို သိထားသော Spam Letter ပို့သူများ၊ Account data ခိုးသူ များသည် အမှန် တကယ်ပင် eBay နှင့် PayPal  မှ စာပို့လေ သယောင် ပြုလုပ်ပြီး မိမိ၏ account ထဲသို့ ထိုးဖောက် ဝင်ရောက် လာတတ် ပါသည်။ ဤ Lab feature သည် လူအများ သိရှိပြီးသော နာမည်ကြီး စာပို့ သူများ ထံမှ လာသည်ဟု ဆိုသော စာတိုင်းကို Key icon ဖြင့် တိုက်ဆိုင် စစ်ဆေးပြီး အစစ်အမှန် ဟုတ်မဟုတ် ဆုံးဖြတ် ပါသည်။ အားနည်းချက်မှာ eBay နှင့် PayPal တို့မှ လာသော စာများကိုသာ တိုက်ဆိုင် စစ်ဆေးပေး နိုင်သေးခြင်း ဖြစ်ပါသည်။ လုံးဝ မစစ်ဆေး ပေးသည်နှင့် စာလျှင် တော်ပါ သေးသည်။ ယင်း feature ကို အသုံးပြု နိုင်ရန် အတွက် အောက်ပါ အတိုင်း ဆောင်ရွက် ရပါမည်။
၁။ Gmail ထဲမှ Setting Page သို့ဝင်ပါ။ Labs တွင် ဘယ်ကလစ် နှိပ်ပြီး ရွေးပါ။
၂။ Available Labs ခေါင်းစဉ် အောက်ရှိ Authentication Icon for Verified Senders စာသားကို တွေ့အောင် ရှာပါ။
၃။ ယင်းစာသား ဘေးရှိ Enable raido button တွင် ဘယ်ကလစ် နှိပ်ပြီး ရွေးပါ။
၎။ Setting Page အောက်ဘက်ရှိ  Save changes button ကို ရွေးပေးပါ။ Gmail သည် Gadget အသစ် တစ်ခုကို Setting page တွင် ထပ်မံ ထည့်သွင်း ပေးပါမည်။ ဤ Feature ကို ထည့်သွင်းပြီး နောက်ပိုင်း၌ eBay နှင့် PayPal တို့မှ လာသော စာအစစ် အမှန်တို့၏ ဘေးတွင် စာအစစ် ဖြစ်ကြောင်း Key icon တစ်ခု တွဲပေးထား သည်ကို Inbox ထဲတွင် တွေ့ရ ပါမည်။ ဤ Feature ကို Disable လုပ်ရန် Labs ခေါင်း စဉ် အောက်သို့ ဝင်ပြီး သက်ဆိုင်ရာ Feature ဘေးတွင် ပေးထားသော Disable button ကိုရွေးရ ပါမည်။ ပြီးလျှင် Save the changes ကိုရွေးပြီး ထွက်ခဲ့ ရပါမည်။

From : ရတနာပုံ
>အပြည့်အစုံဖတ်ရန်>

အညိုရောင် ချောကလက်ကို နေ့စဉ် စားသုံးခြင်းဖြင့် နှလုံးရောဂါရှိသူများ ရောဂါသက်သာ လာကြောင်း တွေ့ရှိ

FIV | 00:20 | Best Blogger Tips

နှလုံး ရောဂါ ရှိသူများသည် အညိုရောင် ချောကလက်ကို နေ့စဉ် စားသုံး ခြင်းဖြင့် ရုတ်တရက် နှလုံး ဖောက်ပြန် မှုနှင့် လေသင်တုန်း ဖြတ်ခြင်း များကို ကာကွယ် နိုင်ကြောင်း လေ့လာ ဆန်းစစ်မှု တစ်ရပ်၌ တွေ့ရှိခဲ့ သည်ဟု သုတေသီ များက ထုတ်ဖော် ပြောကြားသည်။ သြစတြေးလျ နိုင်ငံမှ သုတေသီ များသည် အညိုရောင် ချောကလက်ကို
ရေရှည် စားသုံး ခြင်းဖြင့် ကျန်းမာရေး အပေါ် မည်သို့ အကျိုး သက်ရောက်မှု ရှိသည်ကို သိရှိ ရန် နှလုံးရောဂါရှိသူ ၂ဝ၁၃ ဦးအား ၁ဝ နှစ် ကာလ အတွင်း စောင့်ကြည့် လေ့လာ ခဲ့သည်။ လေ့လာတွေ့ရှိ ချက်အရ အညိုရောင်ချောကလက် နေ့စဉ် စားသုံးသူ နှလုံး ရောဂါရှင် ၁ဝဝဝဝ ရှိလျှင် ၇ဝ အထိ ရုတ်တရက် နှလုံး ဖောက်ပြန်မှုမှ ကာကွယ် နိုင်ပြီး ၁၅ ဦးမှာ လေသင်တုန်း ဖြတ်ခြင်းမှ ကာကွယ် နိုင်ကြောင်း၊ တစ်ဦးချင်း ကုန်ကျစရိတ် အနေဖြင့်လည်း တစ်နှစ် အတွင်း ဒေါ်လာ ၄ဝ သာ ကုန်ကျကြောင်း၊ လေ့လာ ဆန်းစစ် ချက်တွင် ပါသော အညိုရောင် ချောကလက်သည် နို့(သို့မဟုတ်) အဖြူရောင် ချောကလက်နှင့် ဆက်စပ် ပတ်သက်မှု မရှိဘဲ ကိုကိုးမှုန့် ၆ဝ မှ ၇ဝ ရာခိုင်နှုန်း ပါဝင်သော အညိုရောင် ချောကလက် တစ်မျိုး ကိုသာ ညွှန်းဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။
ယင်းလေ့လာ ဆန်းစစ် မှုကို ဦးဆောင် ဦးရွက် ပြုသူ မဲလ်ဘုန်းမိုနက်(ရှ်)တက္ကသိုလ်မှ ခရစ္စတိုဖာရေးဇ်က တွေ့ရှိ ချက်များ အပေါ် ခြုံငုံ သုံးသပ် ရလျှင် နှလုံး ရောဂါ ရှိသူများ အညိုရောင် ချောကလက်ကို နေ့စဉ် ဆယ်စုနှစ် တစ်ခု အထိ စားသုံး သွားမည် ဆိုပါက နှလုံး ရောဂါ အပြင် ၄င်းနှင့် ဆက်နွှယ်နေသော ရောဂါများ သိသိသာသာ ကျဆင်း သွားနိုင်မည်ဟု ကောက်ချက် ချနိုင်ကြောင်း ပြောကြားသည်။

>အပြည့်အစုံဖတ်ရန်>

အိုမင်းစေသော အန္တရာယ်မဲ့ အပြုအမူများ

FIV | 00:13 | Best Blogger Tips


စီးကရက် သောက်တာနဲ့ ဆီကြော်စာတွေကို စားတာက နေလောင်ဒဏ်လိုပဲ အသားအရေ ထိခိုက်စေတာကို သင်သိပြီး ဖြစ်မှာပါ။  အခု ဖော်ပြပေးမယ့် အရာတွေကတော့ သင့်အနေနဲ့ အန္တရာယ် မရှိလောက်ဖူးလို့ ထင်ထားပေမယ့် အရွယ်တင် နုပျိုမှုကိုတော့ အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။

(၁) ကောလိပ်ကျောင်းသား အရွယ်ကဲ့သို့ အိပ်စက်ချိန် မပေးနိုင်တော့ခြင်း
အလုပ်များလွန်းတဲ့ အိမ်ရှင်မတစ်ယောက်၊ အလုပ်မှာ အရေးပါတဲ့ သူတစ်ယောက် အတွက်တော့ အိပ်ချိန်ကို အပြည့်အဝ မပေးနိုင်တော့ တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အိပ်ချိန် နည်းပါးလွန်းတာက ကျန်းမာရေးအတွက် အလွန့်အလွန်ကို ဆိုးရွား လွန်းနေပါတယ်။ လေ့လာမှုတွေအရ အိပ်ချိန် နည်းလွန်းတာကြောင့် သွေးတိုးတာ၊ ဆီးချိုသွေးချိုရောဂါ ဖြစ်တာနဲ့ ကိုယ်အလေးချိန် တက်တာတွေအပြင် ပင်ပန်းနွမ်းနယ်ဟန် ပေါက်တာနဲ့ အိုမင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။
အိပ်ချိန် ရှစ်နာရီ ပြည့်ပြည့်ဝဝတော့ ဘယ်ရနိုင်ပါတော့မလဲ။ ဒါပေမဲ့ အိပ်စက်တာကို ဦးစားပေးအဖြစ် ဆောင်ရွက်ပါ။ လူတိုင်းရဲ့ အိပ်စက်ချိန် လိုအပ်ပမာဏကတော့ မတူပါဘူး။ လူအများစုကတော့ အိပ်ချိန် ၇-၈ နာရီလောက် လိုအပ်နေပါတယ်။
 (၂) အချိုစာများ စားသုံးခြင်း
 သကြားပါတဲ့ သရေစာတွေဟာ သင့်ခါးတွေကို တုတ်လာစေပြီး အသားအရေကို နွမ်းနယ် စေကာ အရေးကြောင်းတွေလည်း ဖြစ်လွယ်တတ်ပါတယ်။ သကြားကို များများ စားလေလေ၊ ပိုပြီး မြန်မြန် အိုမင်းလာလေလေပါပဲ။ ဒီလို အိုမင်းတာက အသက် ၃၅ နှစ်လောက်မှာ သိသာလာတတ်ပြီး တဖြည်းဖြည်းနဲ့ မြန်မြန် အိုမင်းလာတတ်ပါတယ်။ သကြားကို ချက်ချင်း မစားဘဲ ရပ်ပစ်စရာတော့ မလိုပါဘူး။ ဒါပေမဲ့ သင်စားတဲ့ အစာစုစုပေါင်း ကယ်လိုရီရဲ့ ၁၀ ရာခိုင်းနှုန်းထက်တော့ ပိုမစား မိပါစေနဲ့။ သကြားလက်ဖက်စာဇွန်း ၁၀ ဇွန်းဟာ ကယ်လိုရီ ၁၆၀ နဲ့ ညီမျှပါတယ်။
(၃) မကြာခဏ စိတ်ဖိစီးမှု ခံစားနေရတတ်ခြင်း
သင့်အနေနဲ့ စိတ်ဖိစီးမှုကို ခံစားနေရရင် သွေးကြောထဲမှာ ကော်တီဆော ဟော်မုန်းနဲ့ နော်အက်ပီနက်ဖရင်တွေ များနေတတ်ကာ သွေးဖိအား တိုးလာပြီး ကိုယ်ခံစွမ်းအား လျော့နည်း နေတတ်ပါတယ်။ စိတ်ဖိစီးမှု ကြာကြာခံစားနေရရင် အနာကျက်နှုန်း နှေးကာ သွေးလွှတ်ကြောတွေကို မာကျောစေပြီး ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနဲ့ စိတ်ခံစားမှုတွေပါ လျော့ကျ သွားတတ်ပါတယ်။ စိတ်ဖိစီးမှုက ဘယ်တော့မှ အပြည့်အဝ ပျောက်ကွယ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ် နေထိုင်နိုင်ရင်တော့ ဟော်မုန်းတွေကို အတန်အသင့် ထိန်းနိုင်ပြီး ကျန်းမာရေး ကိုပါ ကောင်းမွန် နေစေပါတယ်။ စိတ်ဖိစီးမှု များနေရင် တစ်နေ့နှစ်ကြိမ် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာကို လုပ်ဆောင်ပေးပါ။ တစ်ကြိမ်မှာ အချိန် နှစ်မိနစ်ပဲ ကြာပေမယ့် တကယ်ကို ထိရောက်မှု ရှိတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။
(၄) ကိုယ်အလေးချိန် ကျစေရန်အတွက်သာ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို အကောင်းဆုံး လုပ်ဆောင်စေနိုင်တဲ့ နည်းလမ်း တစ်ရပ်ပါ။ ဒါပေမဲ့ ကျွန်မတို့ အများစုဟာ လေ့ကျင့်ခန်းကို ကိုယ်အလေးချိန် ကျဖို့အတွက်ပဲ လုပ်ဖြစ်တတ်ကြပြီး ကျန်းမာရေးအတွက် လုပ်ရကောင်းမှန်း မေ့နေတတ်ပါတယ်။ တကယ်တော့ တက်တက်ကြွကြွ နေတာက ဦးနှောက်ပင်ပန်းမှုကို လျော့ကျစေတာ၊ ရောင်ရမ်းမှုကို လျော့နည်း စေတာ၊ အသားအရေ စိုပြည် လှပတာ၊ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါတွေနဲ့ တခြား နာတာရှည်ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်တာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေတာ ကြောင့် လေ့ကျင့်ခန်းကို ပုံမှန် လုပ်သင့်ပါတယ်။
အားကစားဖိနပ်ကို ဖုန်တက်တဲ့ အထိ ချောင်ထိုး မထားပါနဲ့။ သင်နှစ်သက်ရာ လေ့ကျင့်ခန်းကို တစ်နေ့ မိနစ်၂၀-၂၅ လောက် ရအောင် လုပ်ဆောင်ပေးပါ။ တကယ်လို့ ပင်ပန်းတတ်ရင် ၁၀ မိနစ်လောက် လေ့ကျင့်လိုက်၊ နားလိုက် လုပ်ပေးပါ။ ဒါကို အလေ့အထတစ်ရပ်လိုမျိုး လုပ်ဆောင် ပေးသင့်ပါတယ်။
 (၅) iPod ကို ကျယ်လောင်စွာ နားဆင်ခြင်း
သင့်နားတွေက ကောင်းကောင်း မကြားရတော့လို့ “တစ်ခေါက်လောက် ပြန်ပြောပါဦး” ဆိုပြီး ထပ်ကာထပ်ကာ ပြောနေရပြီလား။ အကြားအာရုံ ဆုံးရှုံးတာက ဖြည်းဖြည်းချင်း ဖြစ်တတ်တာမျိုးပါ။ iPod ကို အသံအကျယ်ကြီးနဲ့ ကြာကြာ နားထောင်ပါက အကြားအာရုံကို ထိခိုက် စေနိုင်ပါတယ်။
ဘယ်လို လုပ်သင့်သလဲ
iPod နားထောင်မယ် ဆိုရင် အသံ ပမာဏကို တတ်နိုင်သမျှ ခပ်နိမ့်နိမ့်ပဲ ထားပါ။ ဆူညံသံကို တွန်းလှန်ပေးနိုင်တဲ့ နားကြပ်ကို သုံးပါ။ ဖြစ်နိုင်ရင် သင့်ပတ်ဝန်းကျင်က တခြား ဆူညံသံတွေ ကြားတဲ့ အခါတိုင်း နားကို တစ်ခုခုနဲ့ ကာထားပေးပါ။
(၆) သူငယ်ချင်းများနှင့် မတွေ့ဆုံခြင်း
 သူငယ်ချင်းတွေဟာ သင်ရဲ့ ရှိရင်းစွဲ အသက်ကို ငယ်သွားအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းပြီး အချိန်ပေးကာ တွေ့ဆုံပါ။ လေ့လာမှု တစ်ရပ်အရ ခင်မင်မှုကို အလေးထားတာဟာ ရင်းနှီးဖွယ် ကောင်းတဲ့ မိသားစုဘဝထက်တောင် အသက်ရှည်စေတဲ့ အစွမ်းကို ရရှိစေကြောင်း သိရပါတယ်။ ဒါ့အပြင် နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုလည်း မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်လို လုပ်သင့်သလဲ
သင်က အလုပ်များသူ ဖြစ်ပေမယ့် ပြက္ခဒိန်တစ်ခု ထားပြီး အချိန်ဇယားကို ရေးဆွဲထားပါ။ တကယ်လို့ အပြင်မှာ ဆုံတွေ့ဖို့ အခွင့်အရေး မရခဲ့ရင် Facebook လို၊ အီးမေးလို လူမှုရေး ကွန်ယက်တွေကို အသုံးပြုပြီး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ဆုံ ဆက်သွယ်နိုင်ပါတယ်။
 (၇) ဟင်းသီးဟင်းရွက်များကို နေ့စဉ် မစားဘဲနေခြင်း
သင့်အနေနဲ့ အင်တီ အောက်ဆီးဒင့်တွေရဲ့ အစွမ်းကို သိနားလည်နေပေမယ့် အင်တီ အောက်ဆီးဒင့်တွေ ပေါများစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့စဉ်များများ မစားဖြစ်ဖူး ဆိုရင် အရွယ်တင်နုပျိုတဲ့ အစွမ်းကို ရရှိမှု နည်းပါလိမ့်မယ်။ အစွမ်းထက် အင်တီ အောက်ဆီးဒင့်တွေဟာ အရေပြားနဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးတာကြောင့် အင်တီ အောက်ဆီးဒင့်ပါတဲ့ အပင်ထွက် အာဟာရတွေကို စားပေးသင့်တာ ဖြစ်ပါတယ်။
ဘယ်လို လုပ်သင့်သလဲ
တစ်ပတ်မှာ အနည်းဆုံး ငါးရက်လောက်တော့ သင်စားတဲ့ ထမင်းပန်းကန်ထဲ ဟင်းသီးဟင်းရွက် များများ ပါဝင်ပါစေ။ အရွယ်တင် နုပျိုအောင် အချိန် လေးနာရီကြာတိုင်း အင်တီ အောက်ဆီးဒင့်ပါတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

(၈) အဆီစားသုံးခြင်း
သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတဲ့ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေဟာ နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ကောင်းတဲ့ မပြည့်ဝဆီ ဖြစ်တဲ့ ငါး၊ အခွံမာသီး၊ သံလွင်ဆီ စတာတွေကို စားပါ။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ အိုမင်းမှုကို တားဆီးပေးတဲ့အပြင် နှလုံး၊ ဦးနှောက်၊ အရိုးစတဲ့ ခန္ဓာကိုယ်တွင်းစနစ်ကိုပါ ကျန်းမာနေစေပါတယ်။
ဘယ်လို လုပ်သင့်သလဲ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ရွေးချယ်စားပါ။ အထူးသဖြင့် အဆင်သင့် အစားအစာတွေကို ဝယ်ယူတဲ့အခါ အညွှန်းကို သေချာဖတ်ကြည့်ပြီးမှ ဝယ်ပါ။
 (၉) နောက်ဆုံးအကြိမ် Sex ကိစ္စကို မမှတ်မိတော့ခြင်း
အိမ်ထောင်ရှိသူတွေ အနေနဲ့ Sex ကိစ္စကြောင့် ကိုယ်ခံစွမ်းအားစနစ် မြင့်တက်တာ၊ နာကျင်မှု လျော့ပါးတာ၊ ကင်ဆာ အန္တရာယ် လျော့နည်း တာ၊ နှလုံးကျန်းမာတာနဲ့ စိတ်ဖိစီးမှု လျော့ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မလွန်ကဲတဲ့ ပုံမှန် Sex ကိစ္စဟာ အရွယ်တင် နုပျိုစေနိုင်ပါတယ်။
ဘယ်လို လုပ်သင့်သလဲ
အိမ်ထောင်သည်တွေ ကြားမှာ ထိတွေ့မှု များတာဟာ စိတ်ခံစားမှု မြင့်တက်ပြီး သာယာ ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။
>အပြည့်အစုံဖတ်ရန်>

Sunday, 28 October 2012

တရုတ်နာမည်ကျော် ကွန်ဖူးမင်းသမီး Bai Jing အသတ်ခံရ

FIV | 23:10 | Best Blogger Tips

အသက်၂၉နှစ်အရွယ်ရှိ တရုတ်နိုင်ငံ၏ နာမည်ကျော်ကြား လှသော ကွန်ဖူးရုပ်ရှင် ကားများတွင် ပါဝင်သရုပ်ဆောင် နေသည့် မင်းသမီးချော ဘိုင်ဂျင်း(Bai Jing)သည် မြို့တော် ပေကျင်းရှိ မိမိနေအိမ်၌ ဓားဖြင့် ထိုးသတ်ခံရကြောင်း တရုတ် နိုင်ငံပိုင် သတင်းစာများက ဖော်ပြကြသည်။ တရုတ်နိုင်ငံ ပေကျင်း Chaoyang ခရိုင်ရှိ သူမ၏ နေအိမ်တွင် ဓားဒဏ်ရာများ ဖြင့် သေလျက်တွေ့ရှိရကြောင်း ရဲများက ထုတ်ဖော်ပြော ကြားသည်။ သူမ၏ ခင်ပွန်းဖြစ်သူ အသက် (၄၄)နှစ်ရှိ ဇိုချင်ဟိုင်းက ဇနီးဖြစ်သူ သည် မိမိကိုယ်မိမိအဆုံးစီရင် ခဲ့သည်ဟု ဖော်ပြသည်။ Bai Jing သည် တရုတ်ကွန်ဖူး Wing Chun ပညာအကြောင်းကို ရုပ်ရှင်ဇာတ်ကား တစ်ဒါဇင်ကျော်မျှ ရိုက်ကူး ထားပြီး တရုတ်နိုင်ငံ ၏နာမည်ကျော် အမျိုးသမီး ကွန်ဖူးပညာရှင် မီရှယ်လ်ယို (Michelle Yeoh)၏ အမွေကို ပင် ဆက်ခံနိုင်သူ အဖြစ် ကြိုးစားနေသူတစ် ယောက်ဖြစ် သည်။ Legal Evening News  သတင်းစာ ဖော်ပြချက်အရ Bai သည် သူမအား ကွာရှင်းခွင့်ပေးရန် တရားရုံးတွင် အမှုဖွင့်လျှောက် ထားကာ ရုံးတော် မှ ခေါ်ယူခဲ့ပြီး နောက် အိမ်ပြန်ချိန်တွင် သူမ၏ခင်ပွန်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့ရသည်ဟု သိရှိရသည်။ သူမ၏ ကွာရှင်းရန် တောင်းဆိုမှုတွင် မစ္စတာဇိုသည် ယခင်က အိမ်ထောင်ပြု ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး သားတစ်ဦးပင်ရှိသည်ကို သူမ မသိခဲ့ရ ကြောင်း၊ ထို့ပြင် သူမအား သစ္စာမဲ့သူ ဟု အမြဲစွပ်စွဲ ခံနေရကြောင်း ဖော်ပြထားသည်။ သူမသေဆုံးခဲ့ရမှုကို ရဲ တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး နေကြသည်။
>အပြည့်အစုံဖတ်ရန်>

မျက်နှာကိုခွဲစိတ်ပြုပြင်ထားသော တရုတ်နိုင်ငံမှအမျိုးသမီးတစ်ဦး ရုပ်ဆိုးသောသမီးလေးမွေးဖွားရာမှ ယောက်ျားဖြစ်သူကတရားရူံးသို့ကွာရှင်းဖို့တရားဆွဲတိုင်ကြား

FIV | 22:56 | Best Blogger Tips

တရုပ်နိုင်ငံ အမျိုးသားတစ်ဦး ရလာတဲ့ကလေးက အဖေနဲ့လည်းမတူ၊ အမေဖြစ်သူနဲ့လည်း မတူ အရမ်းရုပ်ဆိုးနေသတဲ့။

အစောက သူ့ဇနီး ဖောက်ပြန်လို့များလား ဆိုပြီး သံသယဖြစ်နေတာ။ နောက်မှ သူ့ဇနီးက သူမြင်၊ သူနှစ်သက်သလို သဘာဝအလှနဲ့ လှနေတာ မဟုတ်မှန်း သိတော့ ကွာရှင်းဖို့ တရားစွဲပါလေရော။
...

မိန်းမဖြစ်သူက ကိုရီးယားမှာ အလှပြုပြင်ခွဲစိတ်ထားကြောင်း နောက်မှ ဝန်ခံခဲ့တယ်။ ဘတ်ငွေ သုံးသန်းခန့် ကုန်ကျခံ ပြုပြင်ခဲ့တာပါ။

တရားရုံးက လိမ်ညှာဖုံးကွယ်မှုနဲ့ ယောင်္ကျားဖြစ်သူကို အနိုင်ပေးလိုက်ပါတယ်။ ဘတ်ငွေ သုံးသန်းခုနှစ်သိန်းခန့်ကိုလည်း လျှော့ချစေခဲ့ပါတယ်။
 
from: http://women.kapook.com/view49758.html

>အပြည့်အစုံဖတ်ရန်>

ကိုယ်ဝန်လွယ်ထားရတဲ့ ရှာကီရာ

FIV | 22:41 | Best Blogger Tips

ကမ္ဘာကျော် ကိုလံဘီယာ အဆိုတော် ရှာကီရာက ချစ်သူဖြစ်သူ ဘာစီလိုနာ အသင်း ကစား သမားဂျရတ်ပီကေး နဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထား ရတယ်လို့ သိရပါတယ်။ ၄င်းတို့နှစ်ဦးဟာ ဒီအကြောင်းကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ရှာကီရာက ပရိုမိုးရှင်းပွဲ တွေကို ရွေ့ဆိုင်းခဲ့ပြီး စက်တင်ဘာ၂၁ရက်၊ လက်(စ်)ဗီးဂတ်(စ်) မြို့မှာ ကျင်းပမယ့် ‘Heart  Radro’ ဂီတ ပွဲတော်မှာ ပါဝင် ဖျော်ဖြေမှာ မဟုတ်တော့ဘူး လို့ သိရပါတယ်။” ကျွန်မ ကလေး တအား လိုချင်ပါတယ်” လို့ ၂ဝဝ၉ခုနှစ်က ပြုလုပ်တဲ့ အင်တာဗျူးမှာ ရှာကီးရာက ဖွင့်ဟခဲ့ပါတယ်။ ရှာကီးရာ နဲ့ ဂျရတ်က ၂ဝ၁၁ခုနှစ်ကစပြီး ချစ်ကြိုးသွယ် ခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန်မ တို့ရဲ့ပထမ ဆုံးကလေး လူ့လောကထဲ ရောက်လာမှာကို တအား စိတ် လှုပ်ရှားပြီး ပျော်ပါတယ်။ ကျွန်မတို့ ဘဝရဲ့ အရေးကြီးဆုံး အချိန်မှာ ဘာတွေကို ဦးစားပေး လုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ပြီး ပါပြီ။ လာမယ့် ရက် အနည်း အငယ် အတွင်းမှာ လုပ်မယ့် ပရိုမိုးရှင်းပွဲ တွေကို လည်းရက်ရွှေ့ ထား လိုက်ပါပြီ” လို့ ရှာကီရာက ဆိုပါတယ်။
www.acesscelebritynews
>အပြည့်အစုံဖတ်ရန်>

ဘဝရဲ့ဒုက္ခတွေကို ခါးသီးစွာ ခံစားခဲ့ရတဲ့ ဂျက်စတင်ဘီဘာရဲ့မိခင်

FIV | 22:33 | Best Blogger Tips

ဂျက်စတင်ဘီဘာရဲ့မိခင်ပတ်တီမဲလတ်က ‘Nowhere but Up: The Story of Justin Bieber’s Mom’ အမည်ရှိစာအုပ်ကို ရေးသား ထုတ်ဝေခဲ့ တယ်လို့ သိရပါ တယ်။ ဒီစာအုပ်ထဲမှာသူ့ဘဝရဲ့ အတက်အကျ၊ ဝမ်းနည်းကြေကွဲရမှု၊ ဘဝခရီး လမ်းကို ဖြတ်သန်းခဲ့ရမှု စတာတွေကို ရေးသားထားပါတယ်။ ပက်တီကဘီဘာကို အသက် ၁၈နှစ် အရွယ်မှာ မွေးဖွားခဲ့ပြီး ဘဝရဲ့ဒုက္ခသုက္ခ များကို ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ကလေး အရွယ်မှာလည်းလိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရပြီး ဆယ်ကျော်သက် အရွယ်အစော ပိုင်းကာလမှာ အရက်နှင့်မူးယစ်ဆေးဝါး စွဲခဲ့တဲ့အသက် ၁၇နှစ်အရွယ်တွင် ကိုယ့်ကိုယ် ကိုယ်သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ “ဒီစာအုပ်က အရှက်တရားအတွက် ရော၊အပြစ်တင်ချင်လို့ရော ရည်ရွယ်ရေး သားတာမဟုတ်ပါဘူး။ကျွန်မလို စိတ် ဒဏ်ရာရှိတဲ့သူတွေအတွက် မျှော်လင့် ချက်ပေးချင်ရုံသက်သက်ပါ” လို့ ပက်တီ က ပြောပါ တယ်။ ‘Nowhere but Up. The Story of Justin Bieber’s Mom’ စာအုပ်ကိုအမေရိကရှိ စာအုပ် ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။
zeenews.com
>အပြည့်အစုံဖတ်ရန်>

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ