Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Thursday 1 November 2012

ဘရစ် တနီနှင့် ဂျေဆန် ထရာဝပ်တို့ မကြာမီ လက်ထပ် တော့မည်

FIV | 15:32 | Best Blogger Tips


လန်ဒန် အောက်တိုဘာ ၃၁
ကမ္ဘာကျော် အဆိုတော် ဘရစ်တနီ စပီးယားသည် သူမ၏ ချစ်သူ ဂျေဆန် ထရာဝပ်နှင့် လက်ထပ် မင်္ဂလာ ပွဲကို ယခု နှစ်ပိုင်း မကုန်မီ ကျင်းပ သွားမည် ဖြစ်ကြောင်း မကြာသေး မီက ပြောကြား ခဲ့သည်။
အမေ ရိကန် X Factor သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီး အဖြစ် ဆောင်ရွက်နေသူ ဘရစ် တနီက သူမ၏ မင်္ဂလာ ပွဲကို မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း Sunday Mirror သို့ ပြောကြား ခဲ့သည်။
ဘရစ် တနီနှင့် ဂျေဆန် ထရာဝပ် တို့သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ လက စေ့စပ်ခဲ့ပြီး  စတာ လင် ပေါင် ၅ ဒသမ ၃ သန်း တန်ဖိုးရှိ အိမ်တစ်လုံးကို နှစ်ယောက် အတူ ဝယ်ထား သည်ဟု သိရသည်။
အသက်၃ဝ အရွယ်ရှိ ဘရစ် တနီသည် အိမ်ထောင် နှစ်ဆက်ကျ ခဲ့ဖူးသူ ဖြစ်ပြီးသူမ၏ အက အဖွဲ့မှ သားနှစ် ယောက် ၏ ဖခင်ဖြစ်သူ အက ပညာရှင် ကေဗင် ဖီဒါ လိုင်းနှင့် ၂ဝဝ၇ ခုနှစ် ဇူလိုင် လက ကွာရှင်း ခဲ့သည်။
ဘရစ်တနီ စပီးယား လက်ထပ် ပွဲကို သူမအပေါ် ချစ်ခင်သူ ပရိသတ် များက အထူး စိတ်ဝင် စားလျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ