Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Thursday 1 November 2012

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်

FIV | 15:48 | Best Blogger Tips

               ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှုအသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်းပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်းပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက်၄၆နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားပေါင်း၁၀၃၁ ယောက်ကို ၁၂နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ