Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Thursday 1 November 2012

ဂျပန်ဘာသာမှ အင်္ဂလိပ်သို့ ဘာသာပြန်ပေးမည့် Mobile App ကို ဂျပန်တွင် မိတ်ဆက်

FIV | 15:02 | Best Blogger Tips



ဂျပန်နိုင်ငံ၏ အကြီးဆုံး မိုဘိုင်း ကွန်ရက် ထောက်ပံ့ရေး နည်းပညာ အဖွဲ့ အစည်းဖြစ်သည့် NTT Docomo  သည် ဂျပန်ဘာသာစကား ပြောသည့် မိုဘိုင်းဖုန်း အသုံးပြုသူများအား အင်္ဂလိပ် ဘာသာ စကားပြောသူ နိုင်ငံ တကာမှ မိုဘိုင်းဖုန်း အသုံးပြု သူများနှင့် တိုက်ရိုက် စကားပြောနိုင်ရန် ဘာသာပြန် ဆော့ဖ်ဝဲ တစ်မျိုးကို မိတ် ဆက်ပေး လိုက်ကြောင်း သိရပြီး ၎င်း Application အား အသုံးပြုခြင်း အားဖြင့် မိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍ ပိုမို အဆင်ပြေ လာအောင် ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ဘာသာစကား မတူသည့်လူများ စကားပြောရာတွင် ကြားခံဘာသာ ပြန်ပေးမည့် သူများ လိုအပ်သကဲ့သို့ ဂျပန် ဘာသာ စကားဖြင့် ပြောလိုက်သည့် ဖုန်းခေါ်ဆိုသူ၏ စကားများကို တစ်ဖက်မှ နားထောင် နေသူတို့ထံ အင်္ဂလိပ် ဘာသာ စကားဖြင့် ကြားရ စေနိုင် မည့် အဆိုပါ Application အမျိုးအစားမှာ ဂျပန်မိုဘိုင်းဖုန်း အသုံးပြု သူများကြား ရေပန်းစား လာမည်ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ် ပေးခြင်းေ ကြာင့် နိုင်ငံ အတွင်း အပန်းဖြေခရီး လှည့်လည် သွားလာနေကြသည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ အတွက်လည်း အဆင်ပြေမည်ဟု ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား ထားသည်။ ၎င်း ကို နိုဝင်ဘာ ၁ ရက်တွင် တရားဝင် အသုံးပြုခွင့် ပေးရန် စီစဉ် ထားပြီး Android အသုံးပြု မိုဘိုင်းဖုန်း များဖြင့် စတင်သုံးစွဲနိုင် မည်လည်း ဖြစ်သည်။ Application ၏ အမည်မှာ Hanashite Hon'yaku ဖြစ်သည်။

From : Yatanarpon

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ