Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Thursday 1 November 2012

iPhone 5 ကို တောင်ကိုရီးယား၌ ရောင်းချခွင့် မရအောင် Samsung တားဆီးမည်

FIV | 14:35 | Best Blogger Tips


          တောင်ကိုရီးယား အခြေစိုက် နည်းပညာ ကုမ္ပဏီ Samsung သည် မကြာမီ ဈေးကွက် အတွင်း တင်ပို့တော့မည့် iPhone 5 စမတ်ဖုန်း များကို ၎င်းတို့၏ နိုင်ငံ အတွင်း၌ ရောင်းချခွင့် မရအောင် ပြုလုပ် သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
        Samsung နှင့် Apple တို့သည် ပြီးခဲ့သည် နှစ်များက နည်းပညာ အပိုပစ္စည်း ထောက်ပံ့ခြင်း အလုပ် ကိစ္စကြောင့် များစွာ ရင်းနှီး ခဲ့ရသော် လည်း နောက်ပိုင်းတွင် စမတ်ဖုန်းနှင့် တက်ဘလက် ထုတ်လုပ်မှုများ၌ ပြိုင်ဆိုင်မှု များ ဖြစ် ခဲ့ပြီး နည်းပညာဆိုင်ရာ မူပိုင်ခွင့် တရားစွဲဆိုမှုများကို အချင်းချင်း
အပြန်အလှန် ပြုလုပ်ခဲ့ကြသည်။ ပြီးခဲ့သည့် လပိုင်းအတွင်း Samsung မှ ထုတ်လုပ်သည့် စမတ်ဖုန်းများနှင့် တက်ဘလက်များကို ဂျာမနီ တွင် ရောင်းချခွင့် မရအောင် Apple က တရားစွဲဆိုခဲ့သည်။ Samsung အနေဖြင့်လည်း Apple သည် ၎င်းတို့၏ iPhone 4 တွင် Samsung ၏ ကြိုးမဲ့ကွန်ရက် နည်း ပညာများကို တရား မဝင် အသုံးပြုခဲ့သည့် နည်းတူ iPhone 5 တွင်လည်း ထိုနည်းပညာများ ဆက်လက် အသုံးပြုလာဖွယ် ရှိသောကြောင့် တောင် ကိုရီးယား တွင် ရောင်းချခွင့် မရအောင် ကြိုးစားသွားမည်ဟု ဆိုသည်။
           Samsung ၏ အကြီးတန်း အရာရှိ တစ်ဦးက “ပြိုင်ဘက် ဖုန်းကုမ္ပဏီတွေကို ပြဿနာ ရှာနေတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ မူပိုင်ခွင့် နည်း ပညာတွေကိုတော့ ကာကွယ်ရမှာပါ” ဟု ဆိုခဲ့သည်။ Apple သည် ၎င်းတို့ ၏ ပဉ္စမမြောက် မျိုးဆက် အိုင်ဖုန်းတွင် Near Field Communication နည်းပညာနှင့် e -wallet ဝန်ဆောင်မှု တို့ကို ပံ့ပိုးပေးသွားမည်ဟု သိရပြီး ဈေးကွက်အတွင်း၌ အားသာမှု ရစေရန်အတွက် အခြား ဝန်ဆောင်မှု များစွာကိုပါ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း အင်တာနက် စာမျက်နှာများတွင် ဖော်ပြသည်။
 
FROM : Yoyarlay

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ