Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Thursday 8 November 2012

အပျော်အပါး ကြိုက်တဲ့ ယောက်ျားလေးများအတွက် Siri

FIV | 01:10 | Best Blogger Tips

တရုတ်နိုင်ငံမှာ အပျော်အပါး ကြိုက်တဲ့ ယောက်ျားလေးများအတွက် သွားလေ့သွားထရှိသော နေရာများကို အစိုးရမှ တရားမ၀င်အောင် တားဆီး ပိတ်ပင်ထားသော်လည်း Apple ရဲ့ iDevice တွေနှင့်အတူ ပါဝင်လာတဲ့ Siriလို့ ခေါ်တဲ့ အသံဖြင့် စေခိုင်းနိုင်တဲ့ ရှာဖွေ လမ်းညွှန်ပေးတဲ့ Voice Assistant, Software လေးကတော့ ထိုသို့ ပိတ်ပင်တားဆီးထားသော နေရာများဆီသို့ အရောက်ပို့နိုင်ခဲ့သည်ဟု ဆိုပါတယ်။
iPhone, iPad, iPod Touch သုံးသူများ တရုတ်စကားပြောပြီး စေခိုင်းနိုင်သည့် အချိန်မှစ၍ Siri Software ရဲ့ အကူအညီဖြင့် တရုတ်ပြည်၌ ညဘက်သွားရောက် ပျော်ပါးဖို့ နေရာများကို မေးမြန်းသည့်အခါ စာသောက်ဆိုင်များကို ရှာဖွေပေးသည့် အဖြေထက်၊ အပျော်အပါး လုပ်ရန် သွားရောက်ဖို့ နေရာများကို သွားရောက်ဖို့ပေးသည့် အဖြေက ပိုမို တိကျသည်ဟု တရုတ်နိုင်ငံမှ Apple ပစ္စည်းအသုံးပြုသူများက ဆိုပါတယ်။
အင်တာနက်ဖြင့် ချိတ်ဆက်အသုံးပြုမှ ရသည့် Software ဖြစ်သည့်အတွက်ကြောင့် Apple မှ ထို Software မှ ဖြေကြားသည်များကို လိုသလို အင်တာနက်ပေါ်မှတစ်ဆင့် ပြင်ဆင်လို့ ရပါတယ်။ ထို့ကြောင့်လည်း Apple မှ တရုတ်နိုင်ငံ၌ ၄င်းကိုယ်ပိုင် Software ၏ တရုတ်အစိုးရ ပိတ်ပင်ထားသည့် နေရာများကို လမ်းညွှန်ဖြေကြား ပေးနေသည်များကို ရပ်တန့်ပြီး ယခုအခါ ပြန်လည် ဖြေကြားရာမှာတော့ "သင့် မေးခွန်း တစ်ခုခု မှားနေပါသည်။" "ဤနေရာ မကြားဖူးပါ"ဟူသော အဖြေများဖြင့် Siri Softwareကို ပြောင်းလဲ ဖြေဆိုခိုင်းနေသည်ဟု သိရပါသည်။

ဤသို့ ဖြစ်ပွားခြင်းမှာ Apple Inc. အတွက် ပထမဆုံးအကြိမ် မဟုတ်ကြောင်း — အမေရိကန်နိုင်ငံမှာ မီးမဖွားခင် ကလေးဖြတ်ချဖို့ မေးမြန်းရာမှာ Siriက ဆေးခန်းကို လမ်းမညွှန်ပဲ ကိုယ်ဝန်ဆောင် မိခင်များအတွက် အကြံဥာဏ်ပေးသည့် ဌာနသို့ ပြောင်းလဲ ညွှန်ပြ ပေးသည့်အတွက်ကြောင့် ကလေးဖြတ်ချမှုကို အားပေးသည့် အဖွဲ့အစည်းများ၏ စွပ်စွဲမှုကို ခံခဲ့ရဖူးကြောင်းနှင့် iDevice အသုံးပြုသူများမှ ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံး Mobile ဖုန်းဟာ ဘာလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ Nokia ဖုန်း ၀က်ဘ်ဆိုဒ်ကို ညွှန်ပြပေးဖူးတဲ့အတွက်ကြောင့် — ယခု နောက်ဆုံး တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လို အင်တာနက်ပေါ်မှ တစ်ဆင့် ဖြေကြားမှုများကို ပြောင်းလဲ ပြင်ဆင်ခဲ့သည်များ ရှိခဲ့ဖူးကြောင်း သိရပါသည်။
 
From; MyanmarICT

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ