Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday 11 November 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၂.၁၁.၁၂) မှ (၁၈.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

FIV | 23:37 | Best Blogger Tips

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။ ယခုအချိန်ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်ဖြစ် လာတတ်သည်။ မလုပ်ပါနှင့်၊ မအောင်မြင်သေးသောအချိန်ဖြစ်သည်။ ငွေဝင်မည်။ အကျိုးမရှိကုန် တတ်သည်။စာချုပ်စာတမ်း၊စာရင်းအင်းများသတိထားပါ။စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်း ရတတ်သည်။ ဆွေမျိုးသားချင်းအတွက်ပူပင်သောကဖြစ်ရတတ်သည်။ မိမိစိတ်တွင်ဖြစ်ချင်နေတာ တမျိုးလုပ်ကိုင်နေရတာတမျိုးဖြစ်နေတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ ကျန်းမာရေး။ ဗိုက်အောင့်ပြီးဆေးရုံဆေးခန်းသွားနေရတတ်သည်။ အချစ်ရေး။ မိမိအနားတွင်အားပေးပြုစုဖေါ်ကောင်းရှိနေသောကြောင့်ရောဂါတ၀တ်သက်သာနေသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၁ ၂ ၅ ၂) တနင်္လာသားသမီးများ၏ကံကြမ္မာ အလုပ်တွင်လက်အောက်ငယ်ထွက်ပြေးသွားသောကြောင့်စိတ်တိုသလိုဖြစ်နေခြင်း၊ အလုပ်များ မနိုင်မနင်းဖြစ်နေတတ်ခြင်းဖြစ်နေတတ်သည်။ လူမျိုးခြား၊ ဘာသာခြားကြောင့်စိတ်အနှောင့်အယှက်ဖြစ် ရတတ်သည်။ အလုပ်တွင်အထက်လူကြီးဆရာသမားကောင်းများနှင့်လုပ်ကိုင်နေရသောကြောင့် အစစ အရာရာအဆင်ပြေနေတတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်မည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများ ရပ်တန့်နေသည်။ ကျန်းမာရေး။ လက်မောင်းတဘက်ကိုက်ခဲနေတတ်သည်။ အချစ်ရေး။ အစစအရာရာအဆင်ပြေနေပါသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၂ ၃ ၆ ၃) အင်္ဂါသားသမီးများ၏ကံကြမ္မာ သင်တန်းတခုတက်ရခြင်း၊ ပညာသင်ရန်ပြင်ဆင်နေရတတ်ခြင်းများဖြစ်နေတတ်သည်။ မိတ်ဆွေဟောင်း များနှင့်ပြန်လည်ဆုံတွေ့ရတတ်သည်။ စိတ်တိုင်းမကျဖြစ်နေတတ်သည်။ မိမိဖြစ်ချင်သလိုမဖြစ် ဘဲအဆင်ပြေသလိုလုပ်ကိုင်နေရတတ်သည်။ ၀င်ငွေမရှိဘဲထွက်ငွေများနေတတ်သည်။ အလုပ်လက် မဲ့ဖြစ်နေတတ်သည်။ စိတ်များလေနေတတ်သည်။ ဘယ်အလုပ်ဘဲလုပ်လုပ်စိတ်ပင်ပမ်းလူပင်ပမ်း ဖြစ်တတ်သည်။ သည်းခံပြီးလုပ်ပါ။ ကျန်းမာရေး။ အရေပြားတွင်အဖု့အပိန့်ထွက်ခြင်း၊ အညိုအမဲစွဲခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ လက်ရှိချစ်သူထက်အရင်ချစ်သူဟောင်းကိုသတိရလွမ်းနေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားစပျက်သီးဖျော်ရည်ကပ်လှုဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၃ ၄ ၇ ၄) ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ရေခြားမြေခြားပင်လယ်ခရီးကောင်းသွား ရတတ်သည်။ ပညာသင်ရခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းဝင်ခြင်း၊ ကြာသပတေးနံပစ္စည်းများရောက်လာ ခြင်းဖြစ်တတ်သည်။ လုပ်ငန်းတွင်ဝင်ငွေကောင်းနေသည်။ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်နေ တတ်သည်။ လက်ဆောင်ပစ္စည်းများလည်းရနေတတ်သည်။ မျက်မှန်၊ ဆိုင်ကယ်၊ ဆိုင်ခန်းဝင်တတ် သည်။ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ သတိရှိပါ။ ကျန်းမာရေး။ သွေးတိုးနေတတ်သည်။ အစားအသောက်ဆင်ခြင်ပါ။ အချစ်ရေး။ အနေဝေးလို့သွေးအေးနေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားခင်အားလိမ္မော်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၄ ၅ ၈ ၅) ကြာသပတေးသားသမီးများ၏ကံကြမ္မာ ခရီးများဆက်တိုက်သွားနေရတတ်သည်။ အလှူအတန်းများလည်းဆက်တိုက်ပြုလုပ်နေရတတ်သည်။ စက် ပစ္စည်းများဝင်ခြင်း၊ အစားအစာများလက်ဆောင်ရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေဟောင်းများ နှင့်တွေ့ရတတ်သည်။ အလုပ်တွင်ပုံမှန်အတိုင်းဖြစ်နေသည်။ အဖွဲအစည်းနှင့်ပတ်သက်ပြီး မိမိကြိုးစားသလောက်မအောင်မြင်သေးဘဲဖြစ်နေသေးသည်။ လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်ရ တတ်သည်။ မိမိရစရာငွေများမရသောကြောင့်စိတ်ညစ်ရတတ်သည်။ ကျန်းမာရေး။ ဆီးချိုရောဂါကြောင့်ဆေးထိုးနေရတတ်သည်။ အချစ်ရေး။ အချစ်ရေးအတွက်မစဉ်းစားနိုင်အောင်ဖြစ်နေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီးဖျော်ရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၅ ၆ ၉ ၆) သောကြာသားသမီးများ၏ကံကြမ္မာ အလုပ်များပိနေတတ်သည်။ လူမူရေးများလည်းလုပ်ကိုင်နေရတတ်သည်။ စက်ပစ္စည်း တီဗွီဝင်ခြင်း၊ ရွှေဝင်ခြင်း၊ လျှပ်စက်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ငွေများဝင်သည်။ ကူညီမှုများလည်းလုပ်နေရတတ် သည်။ မိမိနှင့်ရင်နှီးသောမိတ်ဆွေသစ္စာမရှိမှုကြောင့် မိမိအလုပ်တွင်မမျှောင့်လင့်သောဆုံးရှုံးမှုများဖြစ်တတ် သည်။ လက်အောက်ငယ်သားထွက်ပြေးတတ်သည်။ မိမိလုပ်ကိုင်နေသောအလုပ်များတိုးတက်သော် လည်း စိတ်ရှုပ်စရာများဖြစ်နေတတ်သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။ ကျန်းမာရေး။ သွေးပေါင်ကျနေတတ်ခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေတတ်သည်။ အချစ်ရေး။ ချစ်သူ / အိမ်ထောင်ဖက်ကျန်းမာရေးညံ့နေသောကြောင့်စိုးရိမ်စိတ်များဖြစ်နေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသရက်သီးဖျော်ရည်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၆ ၇ ၀ ၇) စနေသားသမီးများ၏ကံကြမ္မာ အလုပ်တွင်ဝင်ငွေကောင်းနေသည်။ သို့သော်ငွေများမမြဲဘဲဖြစ်နေသည်။ စိတ်များလေနေသည်။ မိမိအလုပ်တွင်စိတ်မ၀င်စားဘဲအလောင်းအစားဖက်စိတ်ရောက်နေတတ်သည်။ ရသမျှငွေများကုန်နေတတ် သည်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများရပ်တန့်နေသေးသည်။ ပြည်တွင်းခရီးသွားရတတ်သည်။ ပြည်ပခရီး အားနည်းနေသေးသည်။ အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရ တတ်သည်။ မိမိအလုပ်ကိုဂရုတစိုက်လုပ်ပါအောင်မြင်ပါလိမ့်မည်။ ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်ပြီးမျက်စိဆေးခန်းသွားရတတ်သည်။ အချစ်ရေး။ မိမိကဖွင့်မပြောရဲဘဲဖြစ်နေတတ်သည်။ ရဲရဲသာဖွင့်ပြောလိုက်ပါ၊ ချစ်သူရည်းစားရကိန်းရှိသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဒိန်ချဉ်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း။ ( ၈ ၉ ၁ ၉ ) *ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ* ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်) ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း ကလန်းကားဂိတ် နှင့် Mydin Supermarketအနီး ဖုန်း+ 016 6903 513 ,+018 2250 510 E-mail:swezinwati@gmail.com

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ