Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Friday 23 November 2012

နျူကလိယ စက်ရုံတွင် တာဝန်ထမ်းဆောင်မည့် ဖူကူရှီးမား စက်ရုပ်

FIV | 05:11 | Best Blogger Tips

ဂျပန် တိုရှီဘာ ကုမ္မဏီက အသစ်ထုတ်လုပ်တဲ့ ခြေလေးချောင်း စက်ရုပ် ဖြစ် ပါတယ်။ရည်ရွယ်ချက်ကတော့ ဓာတ်ရောင်ခြည် သင့်နေတဲ့ ဖူကူရှီးမား (Fukushima) စက်ရုံအနီးဝန်းကျင်မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ဓာတ်ရောင်ခြည် လက်ရှိ ရှိမရှိ နဲ့ အခြားသော အော်ပရေးရှင်း များကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ စက်ရုပ်မှာ ကွန်ပျူတာ မှတ်ဥာဏ်လည်း ထည့်သွင်းထားပေးပြီး ကင်မရာများလည်းပါရှိပါတယ်။ ထိန်းချုပ်မှုကို လူက တစ်နေရာရာကနေ ပြုလုပ်လို့လည်း ရပါတယ်။ လမ်းလျှောက်နှုန်းကတော့ နှေးပါတယ်။ သို့ပေမယ့် ယင်းလမ်းလျှောက်နှုန်း ကသာ အသင့်လျော်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်မှာ သဘာဝဘေး အန္တရာယ် များကြောင့် နျူကလိယ စက်ရုံအားလုံးနီးပါး ပိတ်သိမ်း ရလောက်တဲ့ အထိ ယမန်နှစ်က ဆိုးရွားခဲ့ပါတယ်။ ယင်း အချိန် ကာလမှာ လူဝန်ထမ်းတွေကို အသုံးပြုသလို စက်ရုပ်တွေကိုလည်း များစွာ အသုံးပြုပါတယ်။ ဒီအတွက် ဂျပန်အခြေဆိုက် ကုမ္မဏီများစွာက စက်ရုပ် အမျိုးမျိုး တီထွင်ပြီး ဂျပန်အစိုးရထံ ရောင်းချပါတယ်။ ယင်းထဲမှာ Toshiba လည်းပါတယ်။ Toshiba ဆိုရင် မြန်မာပြည်မှာ အများစု သိထားတာက တီဗီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ ကွန်ပျူတာ အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ သို့ပေမယ့် အီလက် ထရောနစ်ခေါင်း စဉ်အောက်က အကြုံးဝင်တဲ့ ကုန်ပစ္စည်း အားလုံးနီးပါး ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်လွမ်းမိုးဖို့ ကြိုးစားနေတဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ Fujitsu Toshiba အမည်နဲ့လည်း စမတ်ဖုန်း လောကထဲ ဝင်ပြီး ကမ္ဘာ့ Brand များကို အမှီလိုက်လျက်ရှိပါတယ်။ လက်ရှိ ထုတ်လုပ်တဲ့ စက်ရုပ်ကို ဖူကူရှီးမား စက်ရုပ်လို့ အမည်ပေး ထားပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ဖော်ပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ