Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Saturday 26 January 2013

ဘာကြောင့်အစာအစိပ်သင့်ရသလဲဆိုတာ...

FIV | 17:20 | Best Blogger Tips

ဘာကြောင့်အစာအစိပ်သင့်ရသလဲဆိုတာ...

    အစာအစိပ်သင့်တယ်ဆိုတာ ဟာသတော့မဟုတ်ဘူးနော် အခန့်မသင့်ရင်ဆေးရုံမှာ
ကာလကြာရှည်နေရတဲ့အဆင့်ထိတောင်ဖြစ်သွားနိုင်ပါတယ်။ များသောအားဖြင့်
အစားသိပ်ကြိုက်တဲ့ အမျိုးသားအတော်များများတွေမှာဆိုရင် အချိန်အကန့်
သတ်မရှိ စားချင်တဲ့အချိန်မှာထစားလိုက်တယ်
စားလို့ကောင်းတယ် ဆိုပြီး
 အတကုန်နင်းကန်ဇွတ်စား ပြီးလို့ရှိရင်လည်း ဗိုက်အစ်နေအောင်အတင်းလွန်
ကိုယ့်ကျန်းမာရေးကိုတောင်ဂရုမစိုက်နိုင်တော့ပါဘူး။ ကျန်းမာရေးနဲ့ပတ်သတ်
ပြီး ဘာကြောင့်အစာအစပ်သင့်ရတာလဲဆိုတာကို ပြောပြချင်ပါတယ်။
   
 ၁. မကျက်တကျက် အစားစာ
         လူတွေအတော်များများတွေဟာဆိုရင် မကျက်တကျက် အစားစာတွေ
ကိုပိုကြိုက်တတ်ကြပါတယ်။ တစ်ချို့အစားစာတွေဟာဆိုရင် မကျက်တကျက်
ဒါမှမဟုတ်  အစိမ်းတိုင်းစားမှ သဘာဝရဲ့ အနံ့
အရသာတွေနဲ့မွေးကြိုင်နေပြီးစားကောင်းတယ်လို့ပြောကြပါတယ်။
အဲတာတွေကိုမစားခင် အရင်ချင့်ချိန်ကြည့်ပါ။
အဲလိုအစားစာတွေမှာဘက်တီးရီးယား ပိုးတွေများစွာပါဝင်နေပါတယ်။
ဒါကြောင့်မို့လို့ အမြဲတမ်းမစားပဲ တစ်ခါတစ်လေလောက်ပဲစားသင့်ပါတယ်။
      
       ၂. ရေခဲစိမ်အစားစာ
         အလုပ်ရှုပ်နေတဲ့သူတွေ၊ ကုလားထိုင်ပေါ်မှာအမြဲအလုပ်လုပ်နေရတဲ့သူတွေ
အိမ်ပြန်ရောက်တာနဲ့ကို ခန္ဓာကိုယ်ကြီးတစ်ခုလုံးပစ်လဲချင်လောက်အောင်ပင်ပန်း၊
အချိန်မရှိမအားလပ်တဲ့အတွက်ကြောင့် ဈေးလည်းမသွားနိုင်ဘူး၊ သွားးဖြစ်ရင်လည်း
ကြာရည်ခံစားလို့ရတဲ့အစားစာတွေလိုမျိုးဟာတွေ၊ ရယ်ဒီမိတ်တွေဝယ်ဖြစ်ကြတာတွေ
များပါတယ်။အဲတာတွေကိုဖောက်စားပြီးအလုပ်သွားကြတဲ့သူတွေတော်တော်များကြပါတယ်။
အဲလိုအစားစာတွေမှာဆိုရင်ကိုယ်ကမအားလို့ပြန်နွေးပြီးမစားနိုင်တဲ့အတွက်ကြောင့် အဲထဲမှာ
ဘက်တီးရီးယားပိုးတွေ အများကြီးပေါက်ပွားနေတတ်လို့ စားမိလို့ရှိရင် အလိုလိုနေနေရင်းနဲ့
ဝမ်းရှောဝမ်းပျက်တာတွေဖြစ်စေပါတယ်။

       ၃.ဒိတ်ကုန်နေတဲ့အစားစာ
          တစ်ခါတလေ ကိုယ်ကအချိန်ကလည်းမရှိအရမ်းအရေးကြီးလို့
အစားကလည်းမစားမဖြစ်စားရမယ်ဆိုရင် ရယ်ဒီမိတ်တွေကိုဖောက်စားမယ်ဆိုပြီး
စားတာ ချဉ်နေတဲ့အနံ့တွေလည်းမထွက်ပုတ်လည်းမပုတ်သိုးဘူးဆိုတော့ ဒိတ်ကုန်မကုန်တောင်မကြည့်မိပါဘူး၊
မကြည့်မိကြပါဘူး၊ ဒိတ်ကုန်သွားပေမဲ့ ပုတ်နံ့မထွက်လို့ နှမြောပါတယ်ဆိုပြီး စားတဲ့သူတွေ
ရှိပါတယ်။ အဲတာတွေနှမြောမနေပါနဲ့ စွန့်ပစ်ပါ ကိုယ်စားလိုက်တာကနဲနဲ ရက်လတွေ
ရှည်လာလို့ရှိရင် ကိုယ်ပြန်လည်ခံစားရမဲ့ ရောဂါတွေနဲ့ဆို လုံးဝမတန်ပါဘူး။ ကိုယ့်ကိုကိုယ်
သတိရှိကြပါ။
      
၎. ပိုးသတ်ဆေးဖြန်း နဲ့ ကန်မီကယ်ပတ်ဖြန်း အစားစာ
           ဟင်းသီးဟင်းရွက်စားတော့မယ်ဆို အစိမ်းလိုက်စားလို့တာရှိသလိုချက်ပြုတ်
ပြီးတော့မှအရသာရှိရှိစားလို့ရတာတွေလည်းရှိတဲ့အထဲမှာ ဥပမာ. ဆလဒ်ရွက်၊ ဂေါ်ဖီထုတ်
လိုဟာမျိုးဆိုရင် ဈေးက၀ယ်လာတဲ့အတိုင်း သန့်နေပါတယ်ဆိုပြီး မဆေးပဲ အသုတ်တွေ
ဆလတာ တွေလုပ်စားကြတာတွေအတော်များများပါ၊ အဲပေါ်မှာဘယ်လောက်ထိပိုးသတ်
ဆေးတွေဖြန်းထားတာလဲဆိုတာ သင်တို့သတိမထားပဲစားသုံးနေကြပါတယ်။ အဲဒီဆေးရည်
တွေဟာဆိုရင် ဟင်းရွက်တွေရဲ့ အတွင်းပိုင်းထိတောင်စုပ်ယူ ပြီးရောက်ရှိနေတတ်ကြပါတယ်။
တော်ရုံနဲ့ဆေးလို့လည်းမပြောင်နိုင်ပါဘူး။ ဖြစ်နိုင်လို့ရှိရင် ပိုးသတ်ဆေးနဲ့ကန်မီကယ်တွေ
ဖြန်းထားတာတွေမပါတဲ့ ဟင်းသီးဟင်းရွက်တွေကိုရှာဝယ်ပြီးစားသုံးသင့်ပါတယ်။ ဈေးနဲ
နဲပိုကြီးပေမဲ့ သင့်ကျန်းမာရေးအတွက်စိတ်ချရပါတယ်။
 
        ၅. အသုံးပြုနေတဲ့ မီးဖိုချောင်ညစ်ပတ်နေခြင်း
           အစာအစိပ်သင့်တဲ့ အပြင် မိမိအသုံးပြုနေတဲ့မီးဖိုချောင်တွေမသန့်ရှင်းဘူး ညစ်တီးစုတ်ပဲ့ နေပြီး
အိုးခွက်၊ ဇွန်း၊ ပန်းကန် အစရှိတာတွေဟာ ဆေးကြောထားတာမသန့်စင်တာတို့ ဟင်းချက်
တဲ့မီးဖိုချောင် တွေကသန့်ရှင်းမှုမရှိ တစ်ရက်ပြီးတစ်ရက် ချက်ပြုတ် ကြော်လှော်ပြီးပြုတ်ကျ
ထားတဲ့ အကြွင်းကျန်တွေဟာဆိုရင်လည်း အစားစာတွေနဲ့ရောနှောပြီး သင့်ကျန်းမားရေးကိုထိခိုက်စေပါတယ်။

ကဲ...အဲလိုတွေသင်သိထားတဲ့အတွက်ကြောင့် ရှေ့ဆက်ပြီးသန့်သန့်ရှင်းရှင်း နေထိုင်ပြီးသင့်ကျန်းမာရေးကိုဂရုစိုက်ပါလို့
လို့ တိုက်တွန်းလိုက်ပါတယ်။

from: easy music radio

        

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ