Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday 20 January 2013

သင့် Computer ကို သင်ကိုယ်တိုင် ပြင်ချင်ပါသလား

FIV | 02:36 | | | | Best Blogger Tips


ကျွန်တော်တို့လို ကွန်ပြူတာနဲ့ အချိန်များများထိတွေ့နေကြတဲ့သူတွေမှာ တစ်ဦးချင်းစီအနေနဲ့
ကိုင်တွယ်သုံးစွဲတဲ့ ကွန်ပြူတာအမျိုးအစား ကွဲချင်ကွဲနေပါလိမ့်မယ် .. ဒါပေမယ့် ကွန်ပြူတာသမားတိုင်းရဲ့ တူညီတဲ့အချက်တစ်ချက်ကတော့ ကိုယ့်ကွန်ပြူတာမှာ Error တစ်ခုခုကို တွေ့ရပြီဆိုရာ အဲဒီ Error ဟာ ကြီးချင်ကြီး သေးချင်သေး တခြားအရာတွေကို စိတ်ဖြောင့်လက်ဖြောင့် မလုပ်နိုင်တော့ပဲ အဲဒီ Error အတွက်ပဲ စိတ်ကသိကအောက်နဲ့ ဖြစ်နေလေ့ရှိတတ်တဲ့အချက်ပါပဲ ..
ကွန်ပြူတာတွေဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ Error တွေ တစ်မျိုးပြီးတစ်မျိုး တက်လာတတ်တာပါပဲ
Error တစ်ခုခုစဖြစ်ပြီဆိုတာနဲ့ ထိရောက်မှန်ကန်တဲ့ ကုစားမှုမျိုးမလုပ်ပေးနိုင်ရင် နောက်ဆုံးမှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုများသွားတတ်ပါတယ် ..

Hardware ပိုင်းနဲ့ Software ပိုင်း အချိုးညီညီပေါင်းစပ်ပြီး လည်ပတ်မောင်းနှင်နေတဲ့ ကွန်ပြူတာစနစ်တစ်ခုမှာ Software ပိုင်းပြဿမျိုးကို ဖြေရှင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ရင် Uninstall လုပ် Install ပြန်လုပ် .. ဒီလောက်နဲ့လည်း အဆင်ပြေသွားလေ့ရှိတတ်ပါတယ် ..
အဲ .. ဒါပေမယ့် Hardware ပိုင်း Error ဆိုရင်တော့ တစ်ချက်လေးမှားသွားတာနဲ့ အနည်းဆုံး ပိုက်ပိုက်တော့ အထိုက်အလျောက် ကုန်ရတော့မှာပါ ..
အဲဒီတော့ .. ကိုယ့်ကွန်ပြူတာရဲ့ Hardware ပိုင်းတွေအကြောင်း အသေးစိပ်လေ့လာသိရှိထားရင် Error မဖြစ်အောင် ဆင်ခြင်အသုံးပြုလာနိုင်မှာဖြစ်သလို တစ်ကယ်လို့ Hardware ပိုင်းဆိုင်ရာ Error တက်လာခဲ့ရင်လည်း စရိတ်စကသက်သက်သာသာနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပြုပြင်နိုင်မှာ ဖြစ်ပါတယ် ..
ကဲ .. အဲဒါကြောင့် ကွန်ပြူတာရဲ့ Hardware တွေအကြောင်း အသေးစိပ်လေ့လာနိုင်တဲ့အပြင် ကိုယ်တိုင်လည်း ကွန်ပြူတာတစ်လုံးကို ပြုပြင်နိုင်တဲ့အဆင့်တစ်ခုအထိ အထောက်အကူပြုနိုင်တဲ့ စာအုပ်လေးတစ်အုပ် မျှဝေပေးလိုက်ပါတယ်
ဒီစာအုပ်လေးထဲမှာ Error တစ်ခုဖြစ်လာရင် ဘယ်လိုစစ်ဆေးမယ် .. ဘယ်လိုဖြေရှင်းမယ် ဘာကြောင့် အဲဒီလို Error မျိုးတွေဖြစ်တတ်တယ် .. အဲဒီလို အခြေခံကျကျ ရေးသားထားတာကြောင့် ကွန်ပြူတာ Hardware ပိုင်းနဲ့ပတ်သက်ပြီး မူကြိုအဆင့်ကနေ Pro အဆင့်လောက်အထိ လေ့လာနိုင်မှာဖြစ်ပါတယ် ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါဗျာ




နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ