Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Friday 4 January 2013

အသုံးဝင် Virus Remover လေးတစ်ခု

FIV | 17:55 | | | Best Blogger Tips


Virus Remover လေးတစ်ခုကို မျှဝေပေးမလို့ပါ ..
ဒီဆော့ဝဲလေးက အင်တာနက်ဆိုင်တွေအတွက် ပိုပြီး အသုံးဝင်ပါတယ် ..
တခြားသော အင်တာနက်အသုံးပြုသူတွေအတွက် တစ်ခါလောက်သုံးပြီးတာနဲ့ မလိုတော့ဘူး ..
ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲက တစ်ခါသုံးပြီးတာနဲ့ သူရှင်းပစ်လိုက်တဲ့ ဗိုင်းရပ်ကို နောက်ဘယ်တော့မှ အဲဒီစက်ထဲ ပြန်ဝင်ခွင့်မပြုတော့လို့ပါပဲ ..
နည်းနည်းလေး လေကြီးသွားတယ်ထင်လေမလားတော့မသိဘူး ..
တစ်ကယ်တော့ ဆော့ဝဲက ကောင်းလွန်းလို့မဟုတ်ပါဘူး .. ဆော့ဝဲကိုရေးခဲ့တဲ့ Programmer က ဦးနှောက်ကောင်းလွန်းလို့ပါ ..

ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲကို ရေးသားထားတဲ့အဆင့်တွေကို သုံးသပ်ကြည့်ရင် သိနိုင်တယ်ဗျ
ဒီဆော့ဝဲမှာ ပထမဆုံး သက်ဆိုင်ရာ ဗိုင်းရပ်ကို ရှင်းတယ် ..
ပြီးတော့ .. အဲဒီဗိုင်းရပ် ၀င်လာတတ်တဲ့ လမ်းကြောင်းတွေကို ပိတ်ပေးတယ် ( User က စေခိုင်းမယ်ဆိုရင်ပေါ့)
ဒါကြောင့်ဒီဆော့ဝဲကို တစ်ခါသုံးပြီးတာနဲ့ နောက်ထပ် ထပ်သုံးစရာမလိုတော့ဘူးလို့ ကျွန်တော်ပြောတာပါ ..
ဟုတ်ပြီ .. ဒီဆော့ဝဲက ရှင်းလင်းကာကွယ်ပေးမယ့် ဗိုင်းရပ်က ဘယ်လိုဗိုင်းရပ်လဲလို့တော့ သိချင်ကြမှာပေါ့ .. ဟုတ်ကဲ့ .. ဒီဗိုင်းရပ်က များသောအားဖြင့် အင်တာနက်ဆိုင်လို အင်တာနက်ချိတ်ဆက်ထားတဲ့ ရုံးတွေမှာလို Network ချိတ်ဆက်ပြီး အလုပ်လုပ်လေ့ရှိတဲ့ နေရာမျိုးတွေမှာ သူ့အလိုလိုပျံ့နှံ့နေတတ်ပါတယ် ..
အော် ... အင်တာနက်ချိတ်ဆက်ထားတဲ့ တခြားသောကွန်ပြူတာတွေမှာလည်း ၀င်တယ်နော် ..
ဒီဗိုင်းရပ် ကွန်ပြူတာထဲကိုရောက်လာပြီဆိုရင် သူ့ရဲ့အဓိကပစ်မှတ်ကတော့ Service ပိုင်းဆိုင်ရာတွေပါပဲ ..
Service ပိုင်းဆိုရာတွေကို ဖျက်ဆီးပစ်တာဖြစ်တဲ့အတွက် အနိမ့်ဆုံးအနေတဲ့ ကွန်ပြူတာမှာ Sound မရတော့ပါဘူး ..
အဲဒီလို အခြေအနေမျိုးကနေ အဲဒီဗိုင်းရပ်ကို အချိန်မီမရှင်းလင်းပေးလိုက်နိုင်ဘူးဆိုရင်တော့ တဖြည်းဖြည်းနဲ့ အင်တာနက်သုံးရတာ နှေးကွေးလေးလံလာပါမယ် ..
နောက်တဆင့်တက်လာပြီဆိုရင် Network File Share သုံးလို့မရတော့ပါ ..
နောက်တစ်ဆင့်တက်လာပြီဆိုရင် အင်တာနက်သုံးလို့ လုံးဝ မရတော့ပါဘူး ..
လေ့လာဖူးသလောက်တော့ အပြင်းထန်ဆုံးအနေနဲ့ Network ဆိုင်ရာ Hardware ပိုင်းတွေအထိ ဒီဗိုင်းရပ်က ထိုးဖောက်ဖျက်ဆီးနိုင်တယ်လို့ သိရပါတယ် ..
ကဲ .. ဘယ်လိုဗိုင်းရပ်မျိုးလို့ ထင်ပါသလဲ .. ကွန်ပြူတာဗိုင်းရပ်ဆိုတာကလည်း ကောင်ကောင်လေးတွေ မဟုတ်တော့ ကျွန်တော်လည်း ဓာတ်ပုံရိုက်ပြလို့မရဘူး .. အဲဒီတော့ ဒီဗိုင်းရပ်ဝင်နေရင် တက်လာလေ့ရှိတဲ့ Message Box လေးကို ကျွန်တော်ပြမယ် .. မြင်ဖူးသလားကြည့်လိုက် .. သေချာပေါက်မြင်ဖူးလိမ့်မယ်လို့ ကျွန်တော်ပြောပါမယ် .. ဘာကြောင့်လဲဆိုတော့ အင်တာနက်အသုံးမပြုရင်တောင် အင်တာနက်ထဲကနေ ဒေါင်းလုဒ်ယူထားတဲ့ ဆော့ဝဲမျိုး ဓာတ်ပုံမျိုးလေးတွေကို ကွန်ပြူတာမှာ အသုံးပြုဖူးရင်ပဲ ဒီဗိုင်းရပ်က ၀င်ရောက်တတ်လို့ ကွန်ပြူတာကို ခြင်ထောင်ချမထားသူတိုင်း မြင်ဖူးနေကျ Message Box လေးပါ ..


ဒါပေမယ့် .. ဒါကို တော်တော်များများက ဗိုင်းရပ်လို့ မထင်ပဲ System ပိုင်းဆိုင်ရာ Error တစ်ခုခုလို့ပဲ ထင်ကြတယ်ဗျ ..
အဲဒီတော့ မရှင်းဖြစ်တော့ဘူး .. တစ်ကယ်တော့ အဲဒါ Worm (လူရဲ့အကူအညီမလိုပဲ အင်တာနက် .. နက်ဝပ်လမ်းကြောင်းတလျှောက် အလိုလို ပျံ့နှံနိုင်တဲ့ဗိုင်းရပ်) အနွယ်ဝင် ဗိုင်းရပ်ပါ ..
သာမာန် တစ်ကိုယ်ရေသုံးတဲ့ ကွန်ပြူတာမျိုးဆိုရင် သိပ်ပြဿနာမကြီးပေမယ့် အင်တာနက်ဆိုင်တွေလို Network ထဲမှာ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတွေဆိုရင် တစ်ဖြည်းဖြည်း တစ်လုံးပြီးတစ်လုံး ဒီဗိုင်းရပ်ရဲ့ ကူးစက်နှောက်ယှက်မှုကို ခံရမှာပါ ..ဗိုင်းရပ်ရဲ့နံမည်က Win32 Generic Error Worm တဲ့ဗျ .. ကွန်ပြူတာစနစ်ကြီးတစ်ခုလုံးထဲမှာ System 32 ဆိုတာ ဘယ်လောက်ထိ အရေးပါသလဲ .. ကွန်ပြူတာသုံးသူတိုင်းနီးပါး သိကြမှာပါ
ကဲ .. ထားပါတော့ဗျာ .. အဲဒီဗိုင်းရပ်ကိုရှင်းပေးနိုင်တဲ့ ဆော့ဝဲလေး မျှဝေပေးမလို့ပါ ..
လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..



ဒီဆော့ဝဲကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး Network ချိတ်ဆက်ထားတာမှန်သမျှ (Network ကြိုးတွေပါမကျန်) ဖြုတ်ထားရပါမယ် .. ကိုယ်ကရှေ့ကရှင်း သူက နောက်ဝင်ဖြစ်တတ်လို့ပါ ..
အဆင်သင့်ဖြစ်ရင်တော့ ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်လိုက်ရင် အထဲမှာရှိတဲ့ဖိုင်ထဲက Win32 error cleaner ဆိုတဲ့ exe ဖိုင်လေးကို Double Click နှိပ်ပြီး Run လိုက်ပါ .. တက်လာသမျှ Box တွေကို Ok တွေ Yes တွေပဲနှိပ်ပေးလိုက်ပါ .. အောက်မှာပုံလေ ပြထားပါတယ် .. (Notwork မချိတ်ပဲ တစ်ကိုယ်ရေသုံးနေတဲ့ ကွန်ပြူတာတွေဆိုရင်တော့ အဲဒီ Tool တွေအတိုင်း ပေါ်မှာမဟုတ်ပါဘူး .. အပေါ်ဆုံးတစ်ခုနဲ့ အောက်ဆုံးတစ်ခုလောက်ပဲ active ဖြစ်ပါမယ်)



အဲဒီထဲက ကျွန်တော် အနီရောင်နဲ့ဝိင်းပြထားတဲ့ နေရာတွေကို အပေါ်ဆုံးကနေ တစ်ခုချင်းနှိပ်ပေးရပါမယ် .. တစ်ခုနှိပ်လိုက်တိုင်း Box တွေ တက်လာပါမယ် .. တက်လာသမျှကို Ok တို့ Yes တို့ နှိပ်ပေးနေရုံပါပဲ ..
နောက်ဆုံးမှာတော့ Restart လည်း တောင်းတတ်ပါတယ် ..
အဲဒီလို တစ်လုံးကို လုပ်ပြီးသွားပြီဆိုရင် နောက်တစ်လုံးကို ဆက်လုပ်ပေးပါ .. (အင်တာနက်ဆိုင်တွေဆိုရင်ပေါ့ .. ) ဆိုင်မှာ Network ချိတ်ဆက်ထားသမျှ ကွန်ပြူတာတွေကို ဒီနည်းအတိုင်း တစ်လုံးမကျန်လိုက်လုပ်ပေးရမှာပါ .. အားလုံးကိုလုပ်ပြီးပြီဆိုတော့မှ Network ကြိုးတွေကို ပြန်တပ် .. အင်တာနက်ချိတ်စရာရှိတာတွေကို ပြန်ချိတ် .. ဆိုင်ရှေ့မှာ Open လို့ ပြန်ပြောင်း :P
ဒီတစ်ခါပဲ လုပ်ပေးရမှာ .. နောက်ကို ဘယ်တော့မှ ဒီဗိုင်းရပ် (ဒီ error) နဲ့ပတ်သက်ပြီး ဒီလို ထပ်လုပ်စရာမလိုတော့ပါဘူး .. ဘာကြောင့်လဲဆိုတော့ ပထမအဆင့်မှာ ဒီဆော့ဝဲက စက်ထဲမှာရှိတဲ့ win32 ဗိုင်းရပ်ရဲ့ command code တွေကို Disable ဖြစ်ဖို့ အမိန်ပေးတယ် ..
နောက်အဆင့်တွေကျတော့ ဒီဗိုင်းရပ်ဝင်နိုင်တဲ့လမ်းကြောင်းတွေကို ပိတ်ပစ်လိုက်တယ် .. (ဒီဗိုင်းရပ်စ် တစ်မျိုးတည်းရဲ့ ၀င်လမ်းနော် .. တခြားဗိုင်းရပ်တွေကိုတော့ ဒီဆော့ဝဲက မသိဘူး)
ကဲ .. သူငယ်ချင်းတွေ အဆင်ပြေနိုင်ကြပါစေဗျာ

0 comments:

Post a Comment

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ