Pages


easy music radio ရဲ့ website ၀င်ရောက်ကြည့်ရှုကိုအားပေးနားသောတဆင်တဲ့ ပရိတ်သတ်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...
easymusicradio@gmail.com

Sunday 13 January 2013

ကိုရီးယားမင်းသမီး၏ ငှက်ပျောသီးဖြင့် ကိုယ်အလေးချိန် လျှော့ချနည်း

လင်းယုန်ဖြူလေး | 23:15 | Best Blogger Tips

 ကိုရီးယားမင်းသမီး၏ ငှက်ပျောသီးသုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

ကဲ ဒီတစ်ပါတ်တော့ လင်းယုန်တို့ Easy music radio ပရိတ်သတ် ပျိုမေတွေအတွက်.. 
ကိုရီးယားမင်းသမီးလေးလို Slim လေးဖြစ်ဖို့ လျို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်...

ကိုယ်အလေးချိန် များလာတဲ့အခါ တခြားသူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့အတွေးတွေ ဝင်လာနိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ကို
လျှော့ချချင်ပေမယ့် ဒီလိုလိုက်နာဖို့ခက်ခဲနေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန်လျှော့ချနည်း ကိုဖော်ပြပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးကြောင်း သီအိုရီတစ်ခုအရ သိရပါတယ်။ တခြားသီအိုရီတစ်ခုအရ ငှက်ပျောသီးက ကြာကြာဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

နံနက်စာအဖြစ် ငှက်ပျောသီး ၁-၂ လုံး စားပြီး ရေနှစ်ဖန်ခွက် သောက်လိုက်ပါ။ နေ့လယ်စာကိုတော့ သင်ကြိုက်ရာစားနိုင်ပါတယ်။ ဒါပေမဲ့ အဆီပါဝင်မှုများ တဲ့အစာကို ရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီးတစ်လုံးစားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်း သီးဟင်းရွက်တွေပဲ စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့အဆီနည်း ဒိန်ချဉ်ကို တွဲစားပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီ 
လောင်ကျွမ်းမှု မြန်ပြီး ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။


Easy Music Radio က ပျိုမေတို့
သွယ်လျ လှပကြပါစေ
 
လင်းယုန်ဖြူလေး

1 comments:

  1. ဘယ်ငှက်ပျောသီးလဲပြောပြပါလား

    ReplyDelete

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံးဝဘ်ဆိုက်များ